April, 2013၊ သတင်းမှတ်တမ်းများ

အငြင်းပွားစရာ လုံးဝမရှိသည့် စီရင်ချက် တစ်စောင် ရေးပြ ပါ
ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ ရင်ဘတ် စည်တီး ငိုကြွေးမြည်တမ်းခြင်း၊ ကက်ကက်လန် ရန်တွေ့ခြင်း၊ ယုံကြည် ခြင်း၊ မယုံကြည်ခြင်း၊ ထင်ကြေးဖြင့် စွပ်စွဲခြင်း၊ တစ်လုံး တစ်ပါဒမျှ ဖတ်ရှုဆင်ခြင်မှု မပြုဘဲ ခြေ ကန် ငြင်းဆန်ခြင်း၊ သဘောတူခြင်း၊ သဘော မတူခြင်း၊ ကြွင်းကျန်ခဲ့သော အချက် အလက်နှင့် ပညာရပ်ဆိုင်ရာ တွေ့ရှိချက်၊ ကွဲလွဲချက် များကို ထောက်ပြ ခြင်း၊ ဖြည့်စွက်ဝေဖန် ဆွေးနွေးခြင်း စသည်ဖြင့် အများပြည်သူတို့က မျက်လုံး [...]

နိုင်ငံတကာအဆင့် မမီနိုင်သေးလျှင် လည်း နိုင်ငံ့ ဂုဏ်ဆောင် မန္တလေးလေဆိပ် ဖြစ်စေ လို
အဆောက်အအုံ တည်ဆောက်ထားပုံမှာ အထူးသဖြင့် ခရီးသည်နားနေခန်းနှင့် ပင်မအဝင် အထွက် ပြုလုပ်ရာ အခန်းကျယ် တွင် ပြင်ပ အလင်းရောင် ကောင်းမွန်စွာ ရရှိ နိုင်ရေးအတွက် ကောင်းကင်အလင်း တိုက်ရိုက် ယူဆောင်သည့် မှန်အမိုး ကာစနစ်ဖြင့် တည်ဆောက် ထားခြင်း ကြောင့် အပူဒဏ် ခံနေရခြင်းဖြစ်မည် ဟုလည်း ခရီးသွား အများစုက သုံး သပ်ဝေဖန်သည်။ [...]

မန္တလေး မြို့သာ စက်မှုဥယျာဉ်မြို့နှင့် ဆီမီးခုံ ဆိပ်ကမ်း အကောင်အထည်ဖော်ရေး တွင် ဥပဒေအရသာ ဆောင်ရွက်မည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးပြောကြား
စီမံကိန်းဧရိယာ အတွင်းဖြစ်ပေါ်လျက် ရှိသော မြေယာ တန်ဖိုး နစ်နာ ကြေး ပြဿနာများနှင့်ပတ်သက်ပြီး စုံစမ်း သိရှိရသည်မှာ မြေယာ တန်ဖိုး နစ်နာကြေး သတ်မှတ်ဈေးနှုန်း များသည် မြေယာအမျိုးအစား အလိုက် ကွာဟမှု ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ [...]

ချင်းပြည်နယ် အစိုးရအဖွဲ့မှ မြွေတောင်၊ ဖားတောင် ကြေးနီ တူးဖော်ရေး စီမံကိန်း ပြုလုပ်မည့် ကာလအတွင်း ရရှိမည့် အကျိုးအမြတ် ခွဲဝေမှု ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ကြေးနီ သတ္တု တူးဖော် စီမံကိန်းအား North Mining Co.Ltd မှ ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လတွင် စတင် တူးဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ တူးဖော်သည့် ကာလမှစတင်၍ ချင်း ပြည်နယ် အစိုးရ အဖွဲ့သို့ ပေးသွင်းမည့် တစ်နှစ်လျှင် ထုတ်လုပ်ရရှိသော အကျိုး အမြတ်၏ ရာခိုင်နှုန်း အလိုက် ခွဲဝေမှု သည် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်သလို၊ [...]


အေးသော ဒေသတွင်လည်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ခံစားရနိုင်သလို ကမ်းခြေ တစ်ဝိုက်တွင် လည်း သဲနှင့်ရေက နေရောင်ပြန်စေသဖြင့် ခရမ်းလွန်ရောင်ခြည် ကျရောက် စေနိုင်ပါကြောင်း၊ ခရမ်းလွန်ရောင် ခြည်သည် ရေကို လည်း ထိုးဖောက် နိုင်ပါကြောင်း၊ ရိုးရိုးမှန်ကာ ထားသည့် အိမ်၊ ကား ပြတင်းတံခါးများ သည် UVB ကို ကာကွယ်နိုင် သော်လည်း အဓိက ကျရောက်နေသော UVA ကို မကာကွယ်နိုင် [...]

နေပူတောင်အား ၂၅ နှစ်တာ ကာလ ငှားရမ်း ထားခြင်း ကိစ္စ ပြည်နယ် အစိုးရက တောင်ကုတ် တွင်  ရှင်းလင်းပွဲ ပြုလုပ်
“ဘာမှ မရှင်းဘဲနေတာထက် စာရင်တော့ ကောင်းလာ ပါတယ်။ ပွင့် လင်းမြင်သာမှုရှိတာကို ပြရုံလေး ပါပဲ။ နေပူတောင် ကိစ္စကို ပြည်သူတွေ သိ ချင်တာက အစိုးရနဲ့ ကုမ္ပဏီတို့ ချုပ် ဆိုထားတဲ့ စာချုပ်ကိုပါပဲ။ စာချုပ် အရ ဒေသခံတွေဘာရမလဲ။ ဘာတွေ ဆုံးရှုံးနစ်နာမှာလဲဆိုတာ သိချင်နေ ကြတယ်။ ကျွန်တော်က ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကို စာချုပ် ပါ အချက်တွေကိုချပြဖို့ တောင်းဆို [...]

အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ဝေဖို့ထက် မိမိနိုင်ငံ အတွင်းက ကလေးများ သဘာဝ ပတ်ဝန်းကျင် အသိရှိစေလို
“ငှက်တွေကို ဓာတ်ပုံရိုက်တဲ့ကိစ္စက လူတိုင်းရိုက် နိုင် ဖို့တော့ မလွယ်ဘူး။ ကင်မရာက လည်း အဆင့်မြင့်တဲ့ ကင်မရာဖြစ်ဖို့ လိုပါတယ်။ နောက်တစ်ခါ ခရီးသွားရင်းနဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဟာမျိုးတွေကို ရိုက်ပြီးတော့ စုပြီး ထုတ်သင့်တယ်ထင်တာပေါ့။ International မှာ အင်္ဂလိပ်လိုဖြန့်ဖို့ထက် ကိုယ့်နိုင်ငံက ကလေးတွေ သဘာဝ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အသိရ ဖို့လိုတယ်။ အထူးသဖြင့် ကျောင်းတွေ မှာ ကလေးတွေကို ဒါတွေအသိပေး၊ ပညာပေးထားဖို့ လိုတဲ့ [...]


ပြင်ပတွင်ဖြစ်ပေါ်နေသည့် အမျိုးသမီး အင်္ကျီစတွေ့ ရှိသည် ဆိုသည့် သတင်းနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် ၄င်းသတင်း သည် ကောလာဟလ သတင်းတစ်ခု သာဖြစ်ပြီး မိမိတို့ စစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်စစ်ဆေးခဲ့ရာတွင် ပန်းပွင့်များ ပါသည့် ခေါင်းအုံးစွပ် များသာတွေ့ရကြောင်း ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်၊ [...]

ငြိမ်းချမ်းရေး ရလို၍ လမ်းလျှောက်ခြင်းဖြစ်၊ မိုင် ၈၄ဝ ကျော် ခရီးနှင်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်သူများ အတွေ့အကြုံ ရှင်း
ရှေ့နေ ဦးအောင်သိန်းက သဘောထား မှတ်ချက် ပေး ရာတွင် “မငြိမ်းချမ်းသေး လို့ ငြိမ်းချမ်းရေးကို ပါဖောင်မန့် တစ်ခုအဖြစ်လုပ်တာပါ”ဟု ဆိုပြီး လူထုမှာ စစ်၏ ခါးသီးမှုဒဏ်ကို ခါးစည်းခံ ရကြောင်း၊ စစ်မဖြစ်သည့် နိုင်ငံသည် စစ်သားကောင်း မရှိသည့် နိုင်ငံ ဆိုသည်ကို လက်ခံရမှာ ဖြစ်ကြောင်း၊ စစ်သားဆိုလျှင် ၁၉၅ဝ ခုနှစ်က မိမိတို့ငေးကြည့်ရကြောင်း၊ အရပ်ထဲမှာ လမ်းသလား သော စစ်ဗိုလ်စစ်သားများ မဟုတ်ကြောင်းဆိုပါသည်။ [...]

နှစ်သစ်သင်္ကြန်တွင် တွေ့မြင်ရမည့် မောင်မောင်ဆိုလေ ထီးရိုးရှည်၏ လူထု၏ ရင်ခုန်သံအဖြစ် ထိထိစပ်စပ် သံချပ်များ ကြားရမည်
တေးသံရှင် ဒီဥက္ကာက “သင်္ကြန်ကျရင် ကားထွက် မယ်။ နောက်ပြီး ဖျော်ဖြေရေးမဏ္ဍပ်တွေရော၊ ပြိုင်ပွဲဝင် မဏ္ဍပ်တွေရော လိုက်ဖျော်ဖြေမယ်လေ။ သင်္ကြန်ကား ထွက်ဖို့အတွက် သံချပ်တိုက်တာပါ။ လူထုအသံ ပြိုင်ပွဲ မဝင်ဖြစ်တာက သူတို့ပုံစံနဲ့ ကိုယ်တွေ တင်ဆက်တဲ့ပုံစံနဲ့ မကိုက်လို့ပါ။ ပထမတော့ ဆင်ဆာမရှိဘူး ဆိုလို့ ဆင်ဆာ မရှိတော့ ကြပ်ကြပ်တည်းတည်း ဘာမှမရှိဘူးလေ။ လွတ်လွတ် လပ်လပ်ဖျော်ဖြေလို့ရမယ်ထင်လို့ စာ ရင်းပေးလိုက်ပြီးတော့ နောက်ပိုင်းကျတော့ သူတို့က ပထမပြောသလို မဟုတ်ဘဲနဲ့ ဆင်ဆာရှိတယ်ဆိုလို့ [...]