June, 2016၊ သတင်းမှတ်တမ်းများ

မြန်မာ အလုပ်သမားတွေရဲ့ တောင်းဆိုလာတဲ့ အခွင့်အရေးတွေ များလာတဲ့ အတွက် ထိုင်းအစိုးရက အလုပ်သမား ဥပဒေကို တင်းကြပ်တော့မည့် သတင်းများတွင် ဖော်ပြလာ
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေ ပိုမိုများပြာလာတဲ့ အတွက် ထိုင်းနိုင် အတွင်း ဝင်ရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အပေါ် ဥပဒေတွေ ပိုမို တင်းကြပ်တော့မယ်လို့  ထိုင်းနိုင်ငံထုတ် prachachat.nat သတင်းမှာ ဖော်ပြထားပါတယ်။ နားလည်မှုတွေနဲ့ လုပ်ပိုင်ခွင့် ပေးထားခဲ့ပြီး ထိုင်း အလုပ်သမားတွေသာ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာတွေမှာ မြန်မာ အလုပ်သမားတွေက ဝင်ရောက် လုပ်ကိုင်ခဲ့ကြပြီး အခုအခါမှာ တောင်း ဆိုမှုတွေ ပိုမိုများလာတယ်တဲ့ [...]

ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေး ဆွေးနွေပွဲ ကျင်းပ
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ်ရှိ လေးဆူ ဓာတ်ပုံ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ ပြင်ဆင် ဖွဲ့စည်းခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီတွင် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ဂေါပကအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း ဆိုသည်မှာ [...]

ထိုင်းနိုင်ငံသို့ သုံးရက်ကြာ တရားဝင် သွားရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြန်လည်ရောက်ရှိ
ထိုင်းနိုင်ငံ အစိုးရ၏ တရားဝင်ဖိတ်ကြားချက်အရ သုံးရက်တာ သွားရောက်ခဲ့သည့် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှ ရန် ကုန်မြို့သို့ ယနေ့ ညနေ ၁၈:၅၅ နာရီအချိန်တွင် ထိုင်းလေကြောင်းဖြင့် ပြန်လည်ရောက်ရှိလာစဉ်။ [...]

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဗန်ကောက်မြို့ အစိုးရ အိမ်တော်တွင် ပြုလုပ်သည့် ဂုဏ်ပြု ကြိုဆိုပွဲ တက်ရောက်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့ အစိုးရ အိမ်တော်တွင် ပြုလုပ်သည့် ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ဆွေးနွေးမှုပြုလုပ်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ [...]

အကြိမ် (၃၀) မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေ အောင်မြင်စွာ ကျင်းပပြီးစီး
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် အကြိမ် (၃၀) မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေ ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျိုင်းတုံမြို့ Amazing Kengtong Resort ဟိုတယ်တွင် ဆက်လက် ကျင်းပရာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ [...]

မြေမြှုပ်မိုင်း အန္တရာယ် ရှိနေဆဲဒေသများတွင် မိုင်းအန္တရာယ် အသိပညာပေးရေး ကိစ္စရပ်များ ဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန မေခလာ ခန်းမတွင် ယနေ့ မွန်းလွဲ (၁) နာရီက ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Agence Francaise Developpment အဖွဲ့အစည်းမှ Health Expert,Health and Welfare Division in Paris Mr.Philippe Lagier ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ တွေ့ဆုံစဉ် လူမှု ကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ်များတွင် [...]

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော်က အမှတ် (၃) စစ်တိုင်းမှူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
မြန်မာ – ထိုင်း တပ်မတော်နှစ်ရပ် အကြား ပိုမို နီးကပ်စွာ ဆက်ဆံလာမှုကြောင့် ကြီးမားသည့် ပြဿနာ မရှိဘဲ အခက်အခဲ များကို အေးချမ်းစွာ ကျော်လွှားနိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် (၃၀) ကြိမ်မြောက် မြန်မာ-ထိုင်းဒေသ ဆိုင်ရာ နယ်ခြားကော်မတီ (Regional Border Committee-RBC) အစည်း အဝေးသို့ တက်ရောက်ခဲ့ကြသည့် ထိုင်းဘုရင့် [...]

လုံခြုံရေး တပ်ဖွဲ့ဝင်များ ထံမှ သေနတ်လုယူစဉ် ကျည်ပေါက်ထွက်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီး၌ ဇွန် ၂၀ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က လူ ၈ ဦး၏ အနှောက်အယှက် ခံရသူ ၄ ဦးမှ ဗလမင်းထင်တံတား လုံခြုံရေးဂိတ် (စီတာပူ) ဘက်ခြမ်းသို့ ရောက်ရှိလာကာ လုံခြုံရေး ယူထားသည့် နယ်မြေခံ တပ်အား အကူအညီ တောင်းခံခဲ့ခြင်းအပေါ် လိုက်ပါ ပို့ဆောင်ပေးသည့် စစ်သည် ၂ ဦးအား သေနတ်လုယူခဲ့စဉ် [...]

လိုင်စင်မဲ့ အရက် ရောင်းချသူတွေကို အထူးစီမံချက်ချ အရေးယူပြီ
စည်းကမ်းချက်နဲ့ မညီဘဲ ရောင်းချခွင့် လိုင်စင်မရှိတဲ့ အရက်၊ ဘီယာ၊ ဆိုင်တွေကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဇွန်လ ၁၅ ရက်နေ့က စတင်ပြီး ဖမ်းဆီး အရေးယူနေပြီ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင် အလိုက် ဒုစရိုက်ကျူးလွန်မှု အများဆုံး ကျူးလွန်လေ့ရှိတဲ့ ဒဂုံမြိုသစ် (တောင်ပိုင်း) ကမာရွတ်မြို့နယ်၊ သန်လျင်မြို့နယ်နဲ့ လှိုင်သာယာတွေမှာ စတင်ပြီး စီမံချက်ချ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ စီမံချက်ကာလ စတင်ခဲ့တဲ့ [...]

ပြည်တွင်းသို့ ဝင်/ထွက်နေတဲ့ နိုင်ငံခြားသားများအား ကူညီစောင့်ရှောက်ရေး ကော်မတီဖွဲ့စည်း
နိုင်ငံတော် သမ္မတက ပြည်တွင်းသို့ အကြောင်းအမျိုးမျိုးနဲ့ ဝင်/ထွက် သွားလာနေကြတဲ့ နိုင်ငံခြားသားများနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိပါးမှု မရှိစေရေးအတွက် (နိုင်ငံခြားသားမျာ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီ) တစ်ရပ် ဖွဲ့စည်းလိုက်ကြောင်းကို ဇွန်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့ဝင် ၁၉ ဦး ပါဝင်တဲ့ အဲဒီအဖွဲ့ထဲမှာ ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ အတွင်းရေးမှုးအဖြစ် လူဝင်မှု ကြီင်္းကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန၊ လူဝင်မှု [...]