July, 2016၊ သတင်းမှတ်တမ်းများ

မြန်မာနိုင်ငံ ရေလုပ်သား (၁၄) ဦး အင်ဒိုနီးရှားနိုင်ငံ၊ ဘယ်လာဝမ်မှ ပြန်လည်ရောက်ရှိ
အင်ဒိုနီးရှားနိုင်ငံ၊ ဘယ်လာဝမ်၌ ရာက်ရှိနေသည့် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ရေလုပ်သား(၁၄) ဦးတို့သည် ယမန်နေ့ည ၆ နာရီ (၄၅)မိနစ်က ထိုင်းလေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ လာသည်။ “အင်ဒိုနီးရှားနိုင်ငံ ဘယ်လာဝမ် ရေပိုင်နက်ထဲကို ရောက်နေတဲ့ မလေးရှားငါးဖမ်း သင်္ဘောက ရေလုပ်သားတွေပါ။ လူကုန်ကူးခံရတယ် ဆိုပြီးတော့ သက်ဆိုင်ရာက စီစစ်ပြီး ပြန်ပို့ပေးခဲ့တာပါ။ သူတို့ကို နေရပ်လိပ်စာ မှန်ကန်မှုရှိ၊ မရှိနဲ့ လူကုန်ကူးခံရခြင်းရှိ၊ မရှိ စစ်ဆေးမှုတွေ [...]

နယ်စပ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ အိတ်ဖွင့်စာ ပေးပို့ခြင်း
၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက် နေ့စွဲဖြင့် နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၄၀ ဖွဲ့မှ ၎င်းတို့အား မူလနိုင်ငံသားများအဖြစ် ပြန်လည်အသိအမှတ်ပြုပြီး မြန်မာနိုင်ငံဖက်ဒရယ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တင်ပြခဲ့သည်။ လက်ရှိနိုင်ငံရေးအပြောင်းအလဲကာလတွင် နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပွဲတစ်ခုအား ၂၀၁၆ ခုနှစ် မေလ ၇ ရက်နေ့မှ [...]

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံ ဆိုင်းငံ့တားမြစ်ခံရ
၂၁ရာစု ပင်လုံညီလာခံကို ကြိုဆိုတဲ့အနေနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံကို ဇူလိုင်လ ၂၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ် ထားသော်လည်း ဗမာတိုင်းရင်းသား ရေးရာ ဝန်ကြီးက အဲဒီညီလာခံကို ဆိုင်းငံထားဖို့ လက်မှတ်ထိုး တားမြစ် လိုက်တဲ့အတွက် အခက်ခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ပင်လုံမြို့မှာ ကျင်းပမယ့် အဲဒီ လူငယ်ညီလာခံကို လူငယ် ၁၀၀၀ ကျော် [...]

ရဲအင်အား သုံးရာကျော် အသုံးပြု ပြီး  မန္တလေးတိုင်းအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှု စတင်
မန္တလေးတိုင်း အတွင်း မူးယစ်ဆေးဝါး ရောင်းချသူများ၊ သုံးဆွဲသူများကို အမြစ်ပြတ် နိုမ်နင်းမှုကို စစ်ဆင်ရေး တစ်ရပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲအင်အား သုံးရာကျော်နဲ့ မန္တလေးတိုင်း အတွင်း မူးယစ်ဆေးဝါးကို ဂိုဏ်းဖွဲ့ရောင်းချနေသူများအား ဇူလိုင်လ ၂၅ ရက် နေက စစ်ဆင်ရေး တစ်ရပ်အနေဖြင့် စတင် ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ “ကျွန်တော်တို့ဆီကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တိုင်တန်းလာတာတွေ ရှိတယ်။ ပြီးတော့ ရဲတပ် ဝင်တွေအနေနဲ့ စုံစမ်းမှုတွေ [...]

ရန်ကုန်မြို့ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အသိပေး ကြေညာချက် ထုတ်ပြန်
ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ် နေခြင်းကို ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့် အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေး ကော်မတီ ဖွဲ့စည်းပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ ဖြစ်စေရန် စနစ်တကျ စိစစ်ဆောင်ရွက်လျက် ရှိသည်။ အဆိုပါစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ဆောက်လုပ်ခွင့်ပြုမိန့် ရရှိပြီး ဆောက်လုပ်ဆဲ ဖြစ်သော အဆောက် အအုံ ၆၄ လုံးကို ပထမအဆင့် စိစစ်ခဲ့ပါသည်။ အဆိုပါ အဆောက်အအုံ ၆၄ လုံးတွင် [...]

မြန်မာ – ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်သွားသော မြေယာသီးနှံနှင့် အဆောက်အဦများ အတွက် လျော်ကြေးငွေနှင့် နစ်နာကြေးများ ပေးအပ်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းဧရိယာ(BCF)ဇုံအတွင်း ပါဝင်သွားသော တောင်သူ (၁၈) ဦးအား မြေဧရိယာ၊ သီးနှံနှင့် အဆောက်အဦများ အတွက် လျော်ကြေးငွေနှင့် နစ်နာကြေးပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ [...]

ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့မှ (၂၆)ရက်နေ့ အထိ ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များသို့ တက်ရောက်ရန်အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် လာအိုနိုင်ငံသို့ ထိုင်း လေကြောင်း ဖြင့် ယနေ့မွန်းလွဲ ၃ နာရီတွင် ထွက်ခွာ [...]

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆီယမ်ဘွန်ဗက် (H.E.Mr.Sieng Bunvuth) အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့နံနက် (၁၁) နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ [...]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် / နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား  ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်မှ သွားရောက် ကြိုဆို
လာအို ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ကျင်းပမည့်(၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ သွားရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် / နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၁.၇.၂၀၁၆ ရက်နေ့ နေ့လည် ၁၃:၂၀ နာရီမှာ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သွားရောက် [...]

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ (၄၉) ကြိမ်မြောက် အစည်းအဝေးနှင့် အခြားသော ဆက်စပ် အစည်းအဝေးများ ကျင်းပပြုလုပ်ရန် ပြင်ဆင်
အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် လာအိုနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ (၄၉) ကြိမ်မြောက် အစည်းအဝေး (49th ASEAN Foreign Ministers Meeting – AMM) နှင့် အခြားသော ဆက်စပ် အစည်းအဝေးများကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ် မည်ဖြစ်ပါသည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် လာအိုနိုင်ငံ အနေဖြင့် အစည်း အဝေးများအား [...]


Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 70
« နောက်သို့

Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 72