August, 2016၊ သတင်းမှတ်တမ်းများ

တပ်မတော်အတွင်း ရာထူး တာဝန်အချို့ တိုးမြှင့် ပြောင်းလဲ ခန့်ထား
ယနေ့နံနက်ပိုင်းတွင် တပ်မတော်အတွင်း ရာထူး တာဝန်အချို့အား အောက်ပါအတိုင်း ခဲ့ပါသည်။ (က) ဗိုလ်ချုပ်ကြီး မြထွန်းဦး ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) (ခ) ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း တပ်မတော် စစ်ဆေးရေး အရာရှိချုပ် (ဂ) ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ဥပဒေချုပ် (ဃ) ဗိုလ်ချုပ် ဝင်းမင်းထွန်း တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (င) ဗိုလ်ချုပ် သန်းလှိုင် တိုင်းမှူး၊ [...]

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကို ဂုဏ်ပြု အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်း ရောင်းချမည်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ ၂၀၁၆ ခုနှစ် တိုင်းရင်းသား လူမျိုးများ အားလုံး ပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံအား ဂုဏ်ပြုသည့် အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်း ၁၀၀ိ/တန်၊ ၂၀၀ိ/တန်၊ ၅၀၀ိ/တန် (၃)မျိုးကို သြဂုတ် (၃၁) ရက် ဗုဒ္ဓဟူးနေ့၊ နံနက် ၉နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များ၌ [...]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ တွေ့ဆုံ
ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ စောင့်မျော်နေရင်း မြန်မာနိုင်ငံဟာ ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်း နောက်ကျ ကျန်နေခဲ့ပြီး နစ်နာဆုံးရှုံးမှုတွေကလည်း ဘယ်လောက်အထိ များပြားနေသလဲ ဆိုတာကို အားလုံး စဉ်းစားကြရန် လိုကြောင်း သြဂုတ်လ ၂၄ ရက်နေ့ (ဒီကနေ့) နေပြည်တော်ရှိ သင်္ဂဟဟော်တယ်မှာ ကျင်းပတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)နဲ့ တွေဆုံ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေး [...]

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်း
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် – သတင်းထုတ်ပြန်ချက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်း ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့်အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများကို ရှာဖွေသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ရေရှည် နည်းလမ်းကောင်းများရရှိရေးအတွက် အကြံပြုပေးရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း သွားမည်ဖြစ်ပါသည်။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် [...]

အစိုးရသစ်ကို ယုံကြည်မှုနဲ့ ဂုဏ်ပြုလိုတဲ့ အတွက် ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ဖို့ အဓိက ပူးပေါင်းဆောင်ရွက်နေဟု  ဗိုလ်ချုပ်ဂွမ်မော်ကပြောကြား
KIA /KIO လက်နှက်ကိုင် အဖွဲ့အနေနဲ့ မကြာခင် ကျင်းပတော့မယ် ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေး အတွက် အဓိက ပူးပေါင်းဆောင်ရွက် နေတာဟာ NLD အစိုးရကို ယုံကြည်မှုနဲ့ ဂုဏ်ပြုဖို့ အတွက်ကြောင့် ဖြစ်တယ်လို့ KIA/KIO ငြိမ်းချမ်းရေးအဖွဲ ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်က UNFC နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီတို့ သြဂုတ်လ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့ တွေဆုံတဲ့ အစည်းဝေးမှာ [...]

၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲကို ကုလသမဂ္ဂ အတွင်းရေးမှုး ဘန်ကီမွန်း တက်ရောက်ရန်ရှိ
၂၁ ရာစု ပင်လုံညီလာခံကို ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဘန်ကီမွန်းအနေနဲ့ ကုလသမဂ္ဂကို ကိုယ်စားပြုပြီး လာရောက်မှာ ဖြစ်ပြီး ညီလာခံမှာ မိန့်ခွန်းပြောကြားမယ့် အစီအစဉ်ကို ကျင်းပရေး ကော်မတီအနေနဲ့ စီစဉ်ထားတယ်လို့ UPDJC အတွင်းရေးမှုး စိုင်းကျော်ညွန့် ပြောတာပါ။ သြဂုတ်လ ၃၁ရက်နေ့မှာ စတင်မယ့် ပင်လုံညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံမှာ ရှိတဲ့ သံရုံးတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ မြန်မာ့ [...]

တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ ရဲဝန်ထမ်းများ နဲပါးနေကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ပြောကြား
ပြည်တွင်း တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး ကိစ္စတွေ ဆောင်ရွက်ရာမှာ ရဲအင်အား နည်းပါးနေတဲ့အတွက် ထိရောက်တဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေ ပြုလုပ်ဖို့ အခက်အခဲတွေ ရှိနေသေးတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန်ရပ်ကွက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တိုင်စာ များနှင့် အသနားခံစာများ စိစစ်ရေး ကော်မတီဝင် ဦးရန်အောင်က ပြောပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့တွင်းတရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ အခါမှာ [...]

MNTJP / MDAA / PSLF / TNLA / ULAA / AA တို့ သဘောထား ကြေညာချက် ထုတ်ပြန်
မြန်မာ အစိုးရအနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကြိုးပမ်းဆောင် ရွက်မှု များကို အပြုသဘောဆောင်တဲ့ နိုင်ငံရေး ပြောင်းလဲမှုခြေလှမ်း တစ်ရပ်အနေနဲ့ ကြိုဆိုထောက်ခံကြောင်း သဘောထား ကြေညာချက် တစ်စောင်ကို မြန်မာနိုင်ငံ အမှန်တရားနဲ့ တရာမျှတမှု အမျိုးသား ပါတီ (MNTJP/ MNDAA) ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF/ TNLA)နဲ့ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်(ULAA /AA)တို့က သြဂုတ်လ ၁၈ [...]

အရပ်ဖက် အဖွဲ့အစည်း ၆၀ကျော်က တရုတ်သမ္မထံ အိပ်ဖွင့်ပေးစာပေးပို့
မြန်မာ့နိုင်ငံရေး လူမှုအဖွဲ့အစည်း ၆၀ ကျော်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မနိုင်ငံ သံရုံးကတဆင့် သမ္မတ မစ္စတာရှိကျင်ဗျင် ထံကို အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဒီကနေ့ ပေးပို့လိုက်ပါတယ်။ အချက်၅ချက် ပါရှိတဲ့ အဲဒီစာထဲမှာ ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း ရေးသားထားတဲ့ အပြင် တရုတ်ပြည်သူ့ သမ္မနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အတွင်း ပြုလုပ်ဆဲနဲ့ နောင် ပြုလုပ်မဲ့ စီမံကိန်းတွေမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားကို ရယူပြီး [...]

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ် စတင်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခချန်းရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ဖို့အတွက် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ တရုတ်လေကြောင်း နဲ့ မွန်းလွဲ ၁၂း၁၅ နာရီတွင် ထွက်ခွာသွားပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ် အဖွဲ့သည် ကူမင်းမြို့မှတစ်ဆင့် ပေကျင်းမြို့သို့ အထူးလေယာဉ်ဖြင့် ညနေပိုင်းတွင် ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။ နိုင်ငံတော် [...]