September, 2016၊ သတင်းမှတ်တမ်းများ

မြန်​မာနိုင်​ငံ လူအခွင့်​အ​ရေး ​ကော်​မရှင်​ အဖွဲ့ဝင်​ အချို့အား ပြည်​​ထောင်​စု အစိုးရမှ ထိ​ရောက်​စွာ အ​ရေးယူရန်​ လွှတ်တော်က ဒီကနေ့အတည်ပြု
မြန်​မာနိုင်​ငံ လူအခွင့်​အ​ရေး ​ကော်​မရှင်​ အဖွဲ့ဝင်​ အချို့အား ပြည်​​ထောင်​စု အစိုးရမှ ထိ​ရောက်​စွာ အ​ရေးယူရန် ​ပြည်​သူ့လွတ်​​တော်​က ယနေ့တွင် အတည်​ပြုလိုက်​ပြီ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ရာမှာ မဲခွဲ ဆုံးဖြတ်တာဖြစ်တဲ့ အတွက် ထောက်ခံမဲ ၃၇၄ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေမဲ ၈ မဲ ဖြစ်တဲ့အတွက် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အဲဒီ အရေးကြီးအဆိုကို ဒေါပုံဆန္ဒနယ်​မှ ဦး​ဌေးဝင်း​အောင်​ (ခ) ဦးပြုံးချိုက [...]

ကျောက်တံတား ရဲတပ်ဖွဲ့ဝင်တွေ သက်ဆိုင်ရာ ဌာနရဲ့ ဖိအားပေးခြင်း ခံနေရ
ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့အနေနဲ့ အင်းဝ အပ်ချုပ်ဆိုင် မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတဲ့ ကလေး နှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေ၊ ဖိအားပေးတာတွေ ခံနေရတယ်လို့ ကျောက်တံ တားမြို့နယ်က  အမည်မဖော်လိုတဲ့ လွတ်တော် ကိုယ်စား လှယ်တစ်ဦးက ပြောပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး ရဲ့တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက် အားနည်း နေတယ်လို့လည်း လူမှုကွန်ယက် စာမျက်နှာတွေမှာ ဝေဖန်တာေ တွ ပြန့်နှံ့နေတာပါ။ ကျောက်တံတား ရဲ့တပ်ဖွဲ့အနေနဲ့  စာမျက်နှာ [...]

ကလေးငယ် နှစ်ဦး ညှဉ်းပမ်းနှိပ်စက် ခံရမှု လွှတ်တော်တွင် အရေးကြီး အဆိုတင်
အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုတွေရဲ့ ညှဉ်ပန်းနိုပ်စက် ခံခဲ့ရတဲ့ ကလေးနှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး ဖြေရှင်း ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တစ်ချို့ကို ထိရောက်စွာ အရေးယူပေးဖို့ ဒီကနေ့ လွတ်တော်မှာ အရေးကြီးအဆို တင်သွင်း လိုက်ပါတယ်။ အဲဒီအဆိုကို ဒေါပုံမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးပြုံးချိုက တင်သွင်းလိုက်တာ ဖြစ်ပြီး ကော်မရှင် အဖွဲ့ဝင် တစ်ချို့ဟာ နိုင်ငံသားတွေရဲ့ မူလ [...]

နိုင်ငံတော် သမ္မတ၏ ဂုဏ်ပြု မှတ်တမ်းလွှာကို Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းအား ပေးအပ်ချီးမြှင်မည်
ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတား မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ လမ်း(၄၀) (အထက်ဘလောက်) ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင် အိမ်အကူ မိန်းကလေးငယ် (၂)ဦးကို ညှင်းပန်းနှိပ်စက်မှု ကိစ္စအား စုံစမ်း ဖော်ထုတ် သတင်းရယူပြီး လူမှုရေး အသိစိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့သော Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်း အား နိုင်ငံတော် သမ္မတ၏ ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်ကြားရေး ဝန်ကြီး ဌာန [...]

သူရ ဦးရွှေမန်းက ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ပြုစကား ပြောကြား
ကမ္ဘာ့ ကုလသမဂ္ဂ ညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံတော် အကြီးအကဲ အနေနဲ့ မိန့်ခွန်း ပြောကြားခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဂုဏ်ပြုစကား ပြောကြား လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာတို့ရဲ့ ဆန္ဒ၊ ဘဝနဲ့ မျော်မှန်းချက်တွေနဲ့ ကမ္ဘာ့ အခြေ အနေ၊ နိုင်ငံအသီးသီးနဲ့ လူသားတွေ ပေါင်းစည်းနိုင်မယ့် [...]

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်း ပြောကြားခြင်း အစီအစဉ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယမန်နေ့ နံနက် ပိုင်းတွင် ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပသည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်း ပြောကြားခြင်း အစီအစဉ် ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကုလသမဂ္ဂ ဌာနချုပ် Conference Room (3) တွင် ကျင်းပသည့် High [...]

အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများ မပေးခဲ့သည့် ဖြစ်စဉ်မှ ကျန်ရှိသည့် ပြစ်မှု ကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိ
ကျောက်တံတား မြို့နယ်တွင် အိမ်အကူ မိန်းကလေး ငယ်များအား ညှင်းပန်း နှိပ်စက်ပြီး လုပ်ခလစာများ မပေးခဲ့သဖြင့် ကျောက်တံတား မြို့ရဲစခန်းမှ (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသော အမှုမှ ကျန်ရှိသည့် ပြစ်မှု ကျူးလွန်သူ တင်မင်းလတ်(ခ)ဖိုက်ဇယ် (၃၇)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၁၀၁၅ အချိန်တွင် လည်းကောင်း၊ မစုမွန်လတ် (၂၇)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၁၂၅၅ [...]

ကျောက်တံတား မြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်း နှိပ်စက်ပြီး လုပ်ခလစာများ မပေးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်လျက်ရှိ
ကျောက်တံတားမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ လမ်း ၄၀(အထက်)ရှိ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် ဒေါ်တင်သူဇာ၏ နေအိမ် (၈) လွှာတွင် လွန်ခဲ့သော ၅ နှစ် ခန့်မှစ၍ အသက်(၁၂)နှစ် အရွယ်ခန့်ရှိ အိမ်အကူ အမျိုးသမီးငယ်များမှာ နေ့စဉ်နှိပ်စက် ခံနေရကြောင်း၊ ၎င်းတို့ ခန္ဓာကိုယ် အနှံအပြားတွင် ထိုးသွင်း ပြတ်ရှ အမာရွတ်များလည်း တွေ့ရှိရကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်သို့ လိပ်မူ၍ တိုင်တန်းမှုအား [...]

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်တွင် ငွေစက္ကူ အတု ဖမ်းဆီးရမိ
၁၉.၉.၂၀၁၆ ရက်နေ့ ၀၇၀၀ အချိန် ပုဏ္ဏားကျွန်း မြို့နယ်၊ ပိုးရှီပြင်ကျေးရွာ အတွင်းရှိ မမိုးမိုး၏ ကုန်စုံဆိုင်နှင့် ဦးခင်မောင်၏ လက်ဘက်ရည်ဆိုင် တို့၌ မသင်္ကာသူ မျက်နှာစိမ်း (၄) ဦးမှ ဈေးဝယ်ရာတွင် တစ်သောင်းကျပ်တန် ငွေစက္ကူများ ပေးသွားကြောင်း၊ ၎င်းငွေစက္ကူများအား ဆိုင်ရှင်များမှ မသင်္ကာ၍ ပိုးရှီပြင် ရဲကင်းစခန်းနှင့် အုပ်ချုပ်ရေးမှူး အဖွဲ့ထံသို့ သတင်းပို့ခဲ့သဖြင့် ပိုးရှီပြင် ရဲကင်းစခန်းမှ ရဲ တကက သန်းတင်နှင့် အဖွဲ့သည် အုပ်ချုပ်ရေးမှူးအဖွဲ့ [...]


ကမ္ဘာ့နိုင်ငံ (၁၉၃) နိုင်ငံ စုပေါင်း ပါဝင်သည့် ကုလသမဂ္ဂ အဖွဲ့ကြီး၏ နှစ်ပတ်လည် အထွေထွေ ညီလာခံများကို နှစ်စဉ် ကျင်းပလျက်ရှိရာ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ကုလသမဂ္ဂ ဌာနချုပ် တည်ရှိရာ အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာ (၂၀) ရက်မှ စက်တင်ဘာ (၂၆) ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို နှစ်စဉ် နိုင်ငံ [...]


Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 70
« နောက်သို့

Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 72