September, 2016၊ သတင်းမှတ်တမ်းများ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဝန်ကြီးချုပ် မစ္စစ် ရှိတ် ဟာဆီနာနှင့် မွန်းလွဲ ၁၁ နာရီတွင် လည်းကောင်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် နယူးယောက်ခ်မြို့ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပလျက် ရှိသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ကာ [...]

ယာဉ်တိုက်မှု အန္တရယ် ဖြစ်စေနိုင်တဲ့ နေရာတွေကို အတိအကျ ဖော်ပြပေးခြင့်ဖြင့် စိစစ် ဆောင်ရွက် သွားမည်ဟု ဒုဝန်ကြီးဆို
ယာဉ်တိုက်မှု အန္တရာယ် ကင်းရှင်းဖို့အတွက် မြေပြင် အနေအထားမှာ အဆောက်အဦတွေ ဈေးဆိုင်ခန်းတွေ၊ သစ်ပင်တွေ ရှိနေတဲ့အတွက် ယာဉ်တိုက်မှု အန္တရာယ် ဖြစ်နိုင်တဲ့ နေရာတွေကို အတိအကျ ဖော်ပြပေးရင် သက်ဆိုင်ရာက ဥပဒေနဲ့အညီ စိစစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောကြား လိုက်ပါတယ်။ စက်တင်လာလ ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ယာဉ် အန္တရယ် ကွေ့တွေနဲ့ ပတ်သက်ပြီး [...]

ရန်ကုန်-ဒလ တံတား အစိုးရသစ် သက်တမ်း ၅ နှစ် အတွင်း အပြီး တည်ဆောက်မည်
ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်းကို လက်ရှိ အစိုးရသက်တမ်း ၅ နှစ် အတွင်း အပြီး တည်ဆောက်သွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြား လိုက်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒလမြို့နယ် ပြည်သူ့လွှ တ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ အဲဒီစီမံကိန်း စတင်ဖို့ [...]

စစ်ဘေးရှောင် စခန်းသို့ မရောက်ရှိသေးတဲ့ ဒုက္ခသည်တွေ အတွက် အိမ်တိုင်ရာရောက် ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်း
စစ်ဘေးရှောင် စခန်းတွေကို မရောက်ရှိသေးတဲ့ ဒေသခံတွေအတွက် ကယ်ဆယ်ရေး ပစ္စည်းအချို့ကို ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ စေတနာရှင်တွေက ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ကယ်ဆယ်ရေးပစ္စည်းတွေဟာ စက်တင်ဘာလ ၁၈ ရက်နေ့က မဲဆောက်မြို့ကို ရောက်ရှိလာတာပါ။ စစ်ဘေးရှောင် စခန်းတွေကို မရောက်ရှိသေးတဲ့ ဒုက္ခသည်တွေရှိရာ နေရာတွေကို မဲဆောက် အခြေစိုက် ကရင်လူငယ် စေတနာ့ ဝန်ထမ်းတွေက သောင်ရင်းမြစ်အတိုင်း အိမ်တိုင်ရာရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်။ ရက်သတ္တ တစ်ပတ်ကြာမြင်လာခဲ့ပြီ ဖြစ်တဲ့ မဲသဝေါဒေသ [...]

ပြုပြင်ပြောင်းလဲမှု မရှိခင် ပိတ်ဆို့မှု ဖယ်ရှားဖို့ တောင်းဆိုတာ ဒီမိုကရေစီရေး အတွက် အန္တရာယ်ရှိ
မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မရှိသေးခင်၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားပေးဖို့ အမေရိကန် လုပ်ငန်းရှင်ကြီးတွေက တောင်းဆိုတာတွေဟာ မခိုင်မာသေးတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိနေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ Global Witness အဖွဲ့က စက်တင်ဘာလ (၁၃) ရက်နေ့ ဒီကနေ့ ကြေညာချက် ထုတ်ပြန် သတိပေး လိုက်ပါတယ်။ သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားမှုအရ ဒီကနေ့ [...]

တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ အတူ ဒီမိုကရေစီ စနစ် ပေါ်ထွန်းလာရေး အစိုးရသစ်ကို ဝန်းရံကြဖို့ ရွှေဝါရောင် ဦးဆောင် ဆရာတော်များ မိန့်ကြား
၉ နှစ်မြောက် ရွှေဝါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲကို သဃန်းကျွင်္န်း မြို့နယ်မှာ ရှိတဲ့ ဓမ္မပီယ ကျောင်းတိုက်မှာ စက်တင်ဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော် လှန်ရေးမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ဆရာတော်များ ဖြစ်တဲ့ ဦးပဏဝံသ (ဦးပြည်ကျော်)၊ ဦးစန္ဒာသိရိ၊ ဦးအဂ္ဂရာဇာ၊ စတဲ့ ဆရာတော်ကြီးများက ဖြစ်ပေါ်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဖြစ်စဉ်အချို့ကို အမှတ်တရ [...]

ကိုဖီအာနန် ကော်မရှင် တရားမဝင်ကြောင်း နိုင်ငံရေးပါတီ ၁၁ ခု ကြေညာချက် ထုတ်ပြန်
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှု မရှိဘူး ကြံ့ခိုင်ရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၁ ခုက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ အဲဒီထုတ်ပြန်ချက်မှာ အတိုင်ပင်ခံ ဥပဒေရဲ့ လုပ်ပိုင်ခွင့် မပါတဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့တာကြောင့် အဲဒီကော်မရှင်ဟာ တရားမဝင်ဘူးလို့လည်း ကြေညာ ထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် လွှတ်တော်မှာ ကိုဖီအာနန် ကော်မရှင်ကို [...]

ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်ဖို့ သမိုင်းမော်ကွန်းသစ် ရေးထိုးဖို့ လွှတ်တော် နာယက ပြောကြား
ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို လွှတ်တော် ကိုယ်စားလှယ်တော်တွေ အနေနဲ့ တာဝန်ယူ လက်ခံပြီး သမိုင်းသစ်ကို ရေးထိုးကြရမယ်လို့ ပြည်ထောင်စု လွတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်မှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ သူက အဲ့ဒီလို ပြောကြားလိုက်တာပါ။ ဒါ့အပြင် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးမှာ နိုင်ငံသားတိုင်း လူမျိုးစွဲ ဘာသာစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂိုလ်စွဲ [...]

ကရင်ပြည်နယ် မြေမြုတ်မိုင်း ရှင်းလင်းရေး လုပ်ငန်း စတင်ရန် တပ်မတော်က အဆိုပြု
မိုင်းရှင်းလင်းရေး ရှေ့ပြေးစီမံချက် စတင် လုပ်ဆောင်ဖို့ ကရင်ပြည်နယ်ကို သတ်မှတ်ဖို့ မြန်မာ့ တပ်မတော်ဘက်က အဆိုပြုလိုက် ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့က ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှာ ပြုလုပ်တဲ့ ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ရဲ့ သတ္တမ အကြိမ် တတိယနေ့ အစည်းဝေးမှာ အခုလို ပြောကြားလိုက်တာပါ။ တပ်မတော်ဘက်က ပြောကြားချက်နဲ့ ပတ်သက်ပြီး [...]

အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုတ်နှံဖို့ ဒေါ်အောင်ဆန်း စုကြည် ဖိတ်ခေါ်
အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေထဲက ကျန်ရှိနေသေးတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပြီး GSP အခွင့်အရေးတွေကို ပြန်လည် ပေးအပ် သွားမယ်လို့လည်း အမေရိကန် သမ္မတမစ္စတာ အိုဘားမားက ပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် [...]