October, 2016၊ သတင်းမှတ်တမ်းများ

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံ မြောက်ဘက်၊ အရှေ့ဘက် ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော် အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးလျက် ရှိသကဲ့သို့၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင်လည်း အလားတူ ထောင်ချီစွန့်ခွာ ထွက်ပြေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ ကိစ္စများနှင့် ပါတ်သက်ပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား [...]

မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၏ အမိန့်စာသစ်ကြောင့် ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကမောက်ကမဖြစ်
မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာ (၂၆/၂၀၁၆) ကြောင့် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုလုံး ကမောက်ကမ ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များက ဆိုသည်။ “ကျွန်တော်တို့ ဘယ်နေ့မှာ လျော်ရမလဲ။ ဘယ်နေ့ တရားစွဲခံရတာ စောင့်နေရသလိုပဲ” ဟု မဟာနဒီ သင်္ဘော ကုမ္ပဏီမှ ဦးဟင်နရီ ခင်မောင်က ပြောသည်။ မြန်မာ့ [...]

ရန်ကုန်ရှိ မိုးလေးဝသ ရေဒါစခန်း လွဲပြောင်းပေးအပ်
ရန်ကုန်မြို့ မိုးလေဝသ ရေဒါစခန်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေး မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ မိုးလေဝသရေဒါ စခန်းကို ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် ဂျပန်နိုင်ငံ အကူညီနဲ့ ရေဒါစခန်းသုံးခုကို တည်ဆောက်နေတာပါ။ ရန်ကုန်ရေဒါစခန်းဟာ အဲဒီ ရေဒါစခန်းသုံးခု တည်ဆောက်နေတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ [...]

ဖမ်းဆီးရမိ တားမြစ်ကုန်စည် ထိုင်းနိုင်ငံထုတ် ဘီယာ(၃၁၇၀)ပါကင် ဖျက်ဆီး
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ အကောက်ခွန် ဦးစီးဌာနတွင် အောက်တို ဘာလ ၂၄ ရက်နေ့ နံနက် (၁၁) နာရီက ဖမ်းဆီး ရမိသော တားမြစ်ကုန်စည် ထိုင်းနိုင်ငံထုတ် Chang Beer (၂၅၅၀) ပါကင်နှင့် Singa Beer (၆၂၀) ပါကင် စုစုပေါင်း ဘီယာ (၃၁၇၀) ပါကင်အား တနင်္သာရီတိုင်း ဒေသကြီး အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ တားမြစ်ကုန်စည် [...]

ရခိုင်ကိစ္စ ကိုင်တွယ်ရာမှာ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ကြိုတင် မူဝါဒ ချမှတ်ခဲ့တယ်လို့ ဦးဇော်ဌေးပြော
မောင်တော ဒေသတွင်း တပ်မတော်က နယ်မြေ ရှင်းလင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေကို ဆောင်ရွက်တဲ့ အခါမှာ အဲဒီရွာတွေမှာ ရှိတဲ့ အိမ်တွေကို မီးရှိုတာတွေ၊ ဖမ်းဆီး သတ်ဖြတ် တာတွေ၊ အဓမ္မ ပြုကျင့်တာတွေ လုပ်နေတဲ့ အတွက် စိုးရိမ်တယ်လို့ ကုလသမ္မဂ ဆိုင်ရာ လူအခွင့်အရေး အထူးစုံ စမ်းစစ်ဆေးရေးမှုး မစ္စ ယန်ဟီးလီရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကို [...]

တပ်မတော်ရဲ့ ထိုးစစ်ဆင်နေမှု အာဏာရပါတီ မတားဆီးနိုင်ဟု ကေအိုင်အို ဥက္ကဋ္ဌဆို
အစိုးရတပ်မတော် အနေနဲ့ ကေအိုင်အို ဗဟိုဌာနချုပ် နယ်မြေ အပါအဝင် ကချင်ဒေသ ကေအိုင်အေ တပ်မဟာ ရှစ်ခုကို ထိုးစစ်ဆင်ဖို့ တပ်အင်အားတွေ ပို့ဆောင်နေတယ်လို့ ကေအိုင်အို ဥက္ကဋ္ဌ Lanyaw Zawng Hra က ကေအိုင်အိုအဖွဲ့ ၆၅ နှစ်ပြည့် အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ ညှိနှိုင်းနေချိန်မှာ အစိုးရတပ်က သြဂုတ်လ ၁၆ရက်မှာ ကေအိုင်အို ဌာနချုပ် နယ်မြေကို [...]

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဗီယက်နမ်နိုင်ငံ ခရီးစဉ်စတင်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် (၈) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေး၊ (၇)ကြိမ်မြောက် အက်မက်စ် ထိပ်သီး အစည်းအဝေးနှင့် ကမ္ဘာ့စီးပွားရေး ဖိုရမ် (မဲခေါင်ဒေသ) များသို့ တက်ရောက်ရန်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် အတွက် ယနေ့နံနက် (၀၈း၃၀) နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် [...]

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တို့သည် အဖွဲ့ဝင်များနှင့်အတူ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်နှင့် (၈)ကြိမ်မြောက် CLMV (၇) ကြိမ် မြောက် ACMECS ထိပ်သီး အစည်းအဝေး များနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်- မဲခေါင် ညီလာခံသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသည်။ နိုင်ငံတော် သမ္မတနှင့် ဇနီးနှင့် [...]

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ရိက္ခာပြတ်လပ်သည့် စစ်ဘေး ဒုက္ခသည် တိုးပွား
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည် ဦးရေ သောင်းချီပြီး ရိက္ခာ ပြတ်လပ်လျက် ရှိကြောင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ အရပ်ဖက် အဖွဲ့အစည်း ၉ ခုနှင့် ဖွဲ့စည်းထားသည့် ပူးပေါင်း လုပ်ငန်းစဉ် အဖွဲ့မှ အတွင်းရေးမှူး ဦးဂွမ်ရှအောင်က အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ပြောသည်။ “ဒီတစ်လ၊ နှစ်လလွန်ရင် ဒီကိန်းဂဏန်းတွေ ဆက်ပွားလာတော့မယ်” ဟု ၎င်းက ပြောသည်။ အစိုးရ ထိန်းချုပ်ဧရိယာများတွင် လွန်ခဲ့သည့် [...]

Galaxy Star အစီအစဉ်မှ နောက်ဆုံး ရွေးချယ်ခံရသူကို ဆုငွေ သိန်း ၁၀၀၀ အပြင် ကိုရီးယားနိုင်ငံတွင် အခွေထုတ်ပေးမည်
Samsung မှ စီစဉ်သည့် မြန်မာနိုင်ငံရှိ လူငယ် အဆိုဝါသနာရှင်များကို အဆင့်ဆင့် ရွေးချယ်မည် ဖြစ်သည့် Galaxy Star အစီအစဉ်မှ နောက်ဆုံး အောင်မြင်သူကို ငွေကျပ် သိန်း ၁၀၀၀ ချီးမြှင့်မည် ဖြစ်ကြောင်း Samsung Myanmar ၏ IT and Mobile တာဝန်ခံ ကိုဇာနည်ဝင်းထက်က ပြောသည်။ ထို့ပြင် ကိုရီးယားနိုင်ငံတွင် အခွေထုတ် ပေးမည် ဖြစ်သဖြင့် ကမ္ဘာ့ဂီတ လောကသို့ ရောက်ရှိနိုင်မည့် [...]


Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 70
« နောက်သို့

Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 72