November, 2016၊ သတင်းမှတ်တမ်းများ

ကုန်သွယ်ဖက် နိုင်ငံများ၏ ဆိပ်ကမ်းများ၌ ကုန်ပစ္စည်းအရည်အသွေး စစ်ဆေးရေး အဖွဲ့များ ထားရှိမည်
မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို အရည်အသွေး စစ်ဆေးရန် ကုန်သွယ်ဖက် နိုင်ငံများ၏ ဆိပ်ကမ်း များ၌ စစ်ဆေးရေး အဖွဲ့များ (Inspection Team) ကို လာမည့်နှစ်အတွင်း စတင်ထားရှိရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပါမစ်ပါ အချက်အလက်အတိုင်း ကိုက်ညီမှု ရှိ၊ မရှိကို ပြည်ပ ကုန်သွယ်ဖက် နိုင်ငံများမှ စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမည်ဖြစ်ကာ ယာဉ်တင်သွင်းမှု [...]

မော်တော်ယာဉ် မူဝါဒသစ်ကြောင့် ကားတင်သွင်းမှု လျော့ကျပြီး ကားဈေး တက်လာမည်
၂၀၁၇ ခုနှစ်၌ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ်သော ခုနှစ်များကို မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက သတ်မှတ် ထုတ်ပြန်လိုက်ရာ အဆိုပါ မူဝါဒသစ်ကြောင့် အိမ်စီးကား တင်သွင်းမှု လျော့ကျပြီး ကားဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချ သူများ အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက သုံးသပ်သည်။ “အသစ်နီးပါး တင်သွင်းရမယ် ဆိုတော့ အိမ်စီးကားတွေ ဈေးတက်လာမယ်။ ဈေးကွက်ထဲက သိန်း [...]

အမျိုးသား မြေအသုံးချ မူဝါဒနှင့် ဥပဒေ ပြဌာန်းရန် လိုအပ်
အငြင်းပွားမြေယာ ပြဿ နာများ ဖြေရှင်းနိုင်ရေးအတွက် အမျိုးသားမြေ အသုံးချမှု မူဝါဒ ပြဌာန်းပေးရန် လိုအပ်သည်ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က နိုဝင်ဘာလ ၃၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။ “မြန်မာနိုင်ငံတွင် မြေယာ ပြဿ နာများ ဖြစ်ပေါ်ပြီး အငြင်းပွားဖွယ် ဖြစ်စဉ် ဖြစ်ရပ် များစွာ ရှိနေပါသည်။ ၎င်းတို့ ကို [...]

အမျိုးသမီးများ နည်းမျိုးစုံနှင့်ခွဲခြားဆက်​ဆံမှု ပ​ပျောက်​​ရေး ဥပ​ဒေအကြမ်း ​ရေးဆွဲပြီး​သော်​လည်း လွှတ်​​တော်​ မတင်​​သေး၍​ မေးခွန်းထုတ်
မြန်​မာနိုင်​ငံတွင်​ အမျိုးသမီးများ နည်းမျိုးစုံနှင့်ခွဲခြားဆက်​ဆံမှု ပ​ပျောက်​​ရေး ဥပ​ဒေတစ်​ခုအား လူမှုဝန်​ထမ်း ကယ်​ဆယ်​​ရေးနှင် ​ပြန်လည်​​နေရာချထား​ရေး ဝန်​ကြီးဌာနမှ​​ ဥပ​ဒေကြမ်းထိ​ ရေးဆွဲပြီး​သော်​လည်း လွှတ်​​တော်​ထဲတွင် ​အတည်​မပြုနိုင်​​သေးသည်​မှာ ​မေးခွန်းထုတ်​စရာ ဖြစ်​​နေ​ကြောင်း ဥပ​ဒေ​ရေးဆွဲ​ရေး ​ကော်​မတီ အကြံ​ပေး တရားလွှတ်​​တော် ​​ရှေ့​နေ ​ဒေါ်လှလှရီက ​ပြောသည်​။ “ဘာ​ကြောင့်​ ခုသက်​ငယ်​မုဒိန်းမှု​တွေ ဖြစ်​​နေတဲ့အချိန်​မှာ အဲ့ဒီဥပ​ဒေကို ဘာ​ကြောင့်​ လွှတ်​​တော်​ထဲမှာ တင်​ပြီး အတည်​မပြု ​သေးဘူး ဆိုတာကို ​​တော်​​တော်​​လေးကို ​မေးခွန်း​မေးစရာ ဖြစ်​ပါတယ်​” [...]

ဗြိတိန်စီးပွားရေး လုပ်ငန်းရှင်တွေ ပြည်တွင်းကို လာရောက် ရင်းနှီးမြုတ်နှံဖို့ စီစဉ်
ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဝန်ကြီးဌာန ဝန်ကြီး Mr.Mark Garnier က သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု လုပ်ငန်းတွေအတွက် တာဝန်ယူ ဆောင်ရွက်နေရသူ ဖြစ်ပြီး၊ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တတ်စွမ်းသရွေ့ ကူညီဆောင်ရွက် ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်နဲ့ နိုဝင်ဘာလ ၂၈ [...]

သက်ငယ် မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်၂၀ အပြစ်ပေးနိုင်ကြောင်း အသိပညာပေးရန် ဆုံးဖြတ်
သက်ငယ်မုဒိမ်း ကျူးလွန်သူ ထောင်ဒဏ်နှစ်၂၀ အပြစ်ပေးနိုင်ကြာင်း အသိပညာပေး ရန်ဆုံးဖြတ်ခဲ့ ကြပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွှဲပိုင်းက နေပြည်တော် ဝန်ကြီးရုံး စုပေါင်းခန်းမမှာ ကျင်းပတဲ့ သက်ငယ်မုဒိမ်းမှုများ ဖြေရှင်း ဆောင်ရွက်နိုင်ရေး အစည်းအဝေးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြအေးက အခုလို ပြောကြားလိုက်တာပါ။ သက်ငယ် မုဒိမ်းမှုတွေဟာ ကျေးလက် ဒေသတွေနဲ့ မြို့စွန်နေရာတွေမှာ အများဆုံး [...]

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက် အမှတ် ၅/၁၁/၂၀၁၆ ထုတ်ပြန်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက် အမှတ် ၅/၁၁/၂၀၁၆ ကို နိုဝင်ဘာလ (၂၈)ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ထုတ်ပြန်ချက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၅.၁၁.၂၀၁၆ နေ့မှာ ကျင်းပခဲ့တဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်တာပါ။ အစည်းအဝေးမှာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တွေ့ရှိ ချက်တွေကို လေ့လာသုံးသပ်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံကို ပြန်လည်တင်ပြရ မှာဖြစ်ပါတယ်။ [...]

ရန်ကုန် စတော့အိတ်ချိန်း အနာဂတ် ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် ဖြစ်လာမည်ဟု OBG ဆို
မြန်မာ့စီးပွားရေး လုပ်ငန်းများ အနေဖြင့် ၎င်းတို့၏ အရင်းနှီးငွေ ဖွံ့ဖြိုးလာစေရန် ထိုက်သင့်သည့် ချေးငွေပမာဏကို အဓိကသော့ချက်အဖြစ် အသုံးပြုခဲ့ရကြောင်း Oxford Busines Group က ထုတ်ပြန်သည်။ ယင်းအခြေအနေတွင် ရန်ကုန် စတော့ခ်အိတ်ချိန်းသည် အနာဂတ် ရင်းနှီးမြှုပ်နှံမှုများ အတွက် အရင်းအမြစ် ဖြစ်လာနိုင်ကြာင်း OBG က ယူဆသည်။ “ပြည်တွင်း ပြည်ပက လုပ်ကိုင်လိုသူတွေ အတွက် ရန်ကုန် စတော့အိတ်ချိန်းက ရန်ပုံငွေပိုင်းဆိုင်ရာ အရေးပါတဲ့ ရွေးချယ်စရာ အရင်းအမြစ် [...]

အထက်ရဲရွာ ရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းရန် တောင်သူ လယ်သမား ထောင်ချီတောင်းဆို
အပြင်းအထန် စစ်ဖြစ်နေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်ရှိ အထက်ရဲရွာ ရေကာတာ ပြုလုပ်ခြင်းကို ပြန်လည်ရုပ်သိမ်းရန် တောင်သူ လယ်သမား အယောက် ၁၅၀၀ ဖြင့် တောင်းဆိုခဲ့ကြောင်း ရှမ်းတောင်သူလယ်သမား ကွန်ရက်မှ စိုင်းထမ်းအိုက်က ပြောသည်။ “မြန်မာနိုင်ငံမှာ သဘာဝအရင်းအမြစ်ကို ထိန်းချုပ်လိုခြင်းမှာ ပဋိပက္ခများ၏ ဇစ်မြစ်ဖြစ်တယ်။ အကယ်၍ အစိုးရဟာ နမ္မတူ မြစ်ပေါ်မှာ ရေကာတာသစ် ထပ်မံဆောက်မည် ဆိုလျင် ဒေသခံ ပြည်သူလူထုများ၏ သဘောထား ဆန္ဒများကို ဆန့်ကျင်ရာ ရောက်တယ်” [...]

ပြည်ထဲရေး ဝန်ကြီးဌာန သမ္မတ၏ အုပ်ချုပ်မှုအောက်တွင် မရှိခြင်းကြောင့် တရားဥပဒေ စိုးမိုးမှု အားနည်းဟုဆို
တရားဥပဒေ စိုးမိုးမှုမရှိခြင်းသည် ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် သမ္မတ၏ အုပ်ချုပ်မှု အောက်တွင် မရှိခြင်းနှင့် ဆက်စပ်နေကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်၏ အတွင်းရေးမှူး တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။ နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ် တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်နှင့် ချက်ပြည်သူ့ သမ္မတနိုင်ငံက CELE Institude တို့ ပူးပေါင်းပြုလုပ်သည့် လွှတ်တော်တွင်း ဥပဒေကြမ်းများ တင်သွင်းခြင်း [...]