December, 2016၊ သတင်းမှတ်တမ်းများ


ကလေးသူငယ် အခွင့်အရေးဥပဒေ ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၇ ဇန်နဝါရီလ အတွင်း တင်သွင်းရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ကလေးသူငယ် အခွင့် အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။ “ဥပဒေ အနေနဲ့ ကလေးသူငယ် ဥပဒေ (၁၉၉၃)နဲ့  ကလေးသူငယ် နည်းဥပဒေ(၂၀၀၁) တို့ကို ပြဌာန်းပေးခဲ့ပြီး [...]

ကိုယ်ဝန်ဆောင်များနှင့် ကလေးများအား ထောက်ပံ့ငွေ ၂၀၁၇ တွင် စတင်မည်
ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် အသက် နှစ်နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အစီအစဉ်ကို ၂၀၁၇ ခုနှစ်တွင် စတင် ဆောင်ရွက်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ကလေးသူငယ် အခွင့် အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။ နေပြည်တော် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတွင် [...]

မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုး လွယ်ကူရန် အချက်အလက် တိတိကျကျ ပေးရန် ထုတ်ပြန်
မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အနေဖြင့် ဗီဇာသက်တမ်းတိုး လွယ်ကူစေရန် အချက်အလက်များကို တိတိကျကျ ပေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် နိုင်ငံခြားကုမ္ပဏီများမှ ဒါရိုက်တာများ၊ ပညာရှင်များ၊ မြန်မာကုမ္ပဏီများမှ ငှားရမ်းထားသော နိုင်ငံခြားသား ပညာရှင်များနှင့် ၎င်းတို့၏ မိသားစုများ အတွက်ပြည်ဝင်ခွင့်နှင့် နေထိုင်ခွင့် ဗီဇာသက်တမ်းတိုး လွယ်ကူရန်အတွက် ကူညီဆောင်ရွက် [...]

Samsung နှင့် သန်လျင် နည်းပညာတက္ကသိုလ် ပူးပေါင်းပြီး Networking သင်တန်းဖွင့်
မြန်မာနိုင်ငံ၏ ပညာရေး အခန်းကဏ္ဍကို ပံ့ပိုးရန်အတွက်ဟု ဆိုကာ Samsung Myanmar က ၄င်း၏ Samsung Tech Institute အစီအစဉ်ခွဲ အနေဖြင့် သန်လျင် နည်းပညာ တက္ကသိုလ်နှင့် ပူးပေါင်း၍ Networking Training တစ်ခုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ကြောင်း Samsung Myanmar မှ PR and Citizenship Manager ကိုစိုးသူရက [...]

ဇိုင်းအောင် စစ်ဘေး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ခေါင်ရှောင်စခန်းသို့ ပြောင်းရွှေ့
လက်နက်ကြီးကျည်များ ကျပြီးနောက် ဇိုင်းအောင် စစ်ဘေး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ခေါင်ရှောင်စခန်းသို့ ပြောင်းရွှေ့ နေကြကြောင်း ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ် KBC မှ စစ်ဘေး ဒုက္ခသည်ဆိုင်ရာ တာဝန်ခံတစ်ဦးက ဆိုသည်။ “လူဦးရေ ၂၆၉၀ ရှိတဲ့ ဇိုင်းအောင် စစ်ဘေးဒုက္ခသည် စခန်းဟာ ခေါင်ရှောင် ဒုက္ခသည်စခန်း (မူလ လူဦးရေ ၁၁၀၀ကျော်) ကို ရွှေ့နေပါတယ်။ တနေ့ည ၇း၀၀ နောက်ပိုင်းမှာ တပ်မတော်ရဲ့ မော်တာကျည် [...]

တယ်လီနောမှ (၀)၉၇၆ ဖြင့်စသည့် နံပါတ်လှများကို လေလံတင် ရောင်းချပြီး သုခရိပ်မြုံ လူငယ်ဖွံ့ ဖြိုးရေး ပရဟိတ ဂေဟာသို့ လှူဒါန်းမည်
တယ်လီနော မြန်မာလီမိတက် (“တယ်လီနော”) သည် အသုံးပြုသူများ နံပါတ် ၁၀၀ အထိ ဝင်ရောက် လေလံဆွဲနိုင်ရန် စတုတ္ထ အကြိမ်မြောက် အထူးဖုန်းနံပါတ် လေလံပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း ကြေငြာခဲ့ပြီး လေလံပွဲမှ ရရှိသော အကျိုးအမြတ်များကို သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ သို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာမှ Chief Marketing Officer ဖြစ်သူ Joslin E Myrthong [...]

အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ကာကွယ် တားဆီးရေး စာချုပ်ကို ချုပ်ဆိုနိုင်ရန် တိုက်တွန်း
အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ကာကွယ် တားဆီးရေး စာချုပ်ကို ချုပ်ဆိုနိုင်ရန်အတွက် အစိုးရနှင့် တပ်မတော်တို့ ညှိနှိုင်း ဆောင်ရွက်ရေး မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံး လှုံ့ဆော်ရေး အဖွဲ့မှ သုတေသနမှူး Dr.Yeshua Moser Puangsuwan က ပြောသည်။ “၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် အရပ်သား အစိုးရမှာလည်း သူ့လုပ်ပိုင်ခွင့်၊ တာဝန် ၀တ္တရားရှိသလို၊ တပ်မတော်မှာလည်း လုပ်ပိုင်ခွင့်တွေ တာဝန်၊ ၀တ္တရားတွေ အတူရှိနေပါတယ်။ [...]

မိခင်ကြီး ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သံဃာတွေကို ဆွမ်းလှူဒါန်း
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်ဖြစ်သူ သီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့်အဖြစ် သံဃာတော် (၁၅) ပါးကို ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ အဲဒီ ဆွမ်းဆက်ကပ်မှုကို ရန်ကုန်မြို့ ရှိ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆွမ်းဆက်ကပ် လှူဒါန်းပြီး ဆရာတော် သံဃာတော်များထံမှ ငါးပါးသီးလနဲ့ ပရိတ်တရားတော် နာယူခဲ့ကြပါတယ်။ အဲဒီ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် [...]

သာမန်ပြည်သူ တစ်ဦးကို အနိုင်အထက်ပြု တရားစွဲဆို အမှုဖွင့်ထားတဲ့အပေါ် ကာယကံရှင်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
သာမန်ပြည်သူ တစ်ဦးကို အနိုင်အထက်ပြု တရားစွဲဆို အမှုဖွင့်ထားတဲ့အပေါ် နစ်နာသူအနေနဲ့ အများပြည်သူ၊ အမှန်တရား လိုလားသူတွေ သိရှိဖို့ သတင်းစာ ရှင်းလင်းပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ City Star Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲကို အနိုင်အထက်ပြု တရားစွဲဆို ခံထားရသူ ဒေါ်မြတ်သက်မွန်က ပြုလုပ်လိုက်တာပါ။ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့ နယ် တိုင်းဒေသကြီး လွှတ်တော် [...]

မြန်မာ ၄၂ ရာခိုင်နှုန်း လုပ်ငန်းခွင်တွင် ကော်ဖီမသောက်ဘဲ မနေနိုင်
မြန်မာလူမျိုးများသည် တစ်နေ့ကို ကော်ဖီသောက်နှုန်းသည် ၁.၉၈ ခွက် သောက်သုံးပြီး နှင့် နှိုင်းယှဉ်ကြည့်လျှင် အမေရိကန် လူမျိုးများသည် နေ့ကို ကော်ဖီ ၃.၁ ခွက် ပျမ်းမျှ သောက်သုံးနေကြောင်း Jobnet.com.mm မှ ကောက်ယူသည့် စစ်တမ်းတစ်ရပ်အရ သိရသည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး အလုပ်အကိုင် ရှာဖွေရေး website တစ်ခုဖြစ်သည့် Jobnet.com.mm မှ မြန်မာလူထု နေ့စဉ် ကော်ဖီသောက်သုံးမှု အလေ့အထကို အွန်လိုင်းစစ်တမ်း တစ်ခုပြုလုပ်ခဲ့ သည်။ [...]