December, 2016၊ သတင်းမှတ်တမ်းများ

ကြားဖြတ် ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအတွက် စံပြမဲရုံများ တည်ဆောက်ရန် စီစဉ်
ကြားဖြတ် ရွေးကောက်ပွဲတွင် မသန်စွမ်းသူများပါ အလွယ်တကူ လာရောက် မဲပေးနိုင်မည့် စံပြမဲရုံများ ပါဝင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်ယုယသူက ပြောသည်။ မသန်စွမ်းသူများ အတွက် သီးသန့်မဲရုံ ဆောက်သည့် ပုံစံမျိုး မဟုတ်ဘဲ သာမန်မဲရုံများတွင် မသန်စွမ်းသူများ အလွ်းတကူ လာရောက် လှို့ဝှက်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်းမျိုး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ကြားဖြတ်ရွေးကောက်ပွဲ Target Area တွေမှာ သက်ဆိုင်ရာ [...]

ပန်းခင်းပွဲတော် ၂ဝ၁၇ တွင် ကျင်းပမည်
ပန်းခင်းပွဲတော် (၂ဝ၁၇) ကို ရန်ကုန်မြို့ ဗဟန်းမြို့ နယ် မြေပဒေသာ ဥယျာဉ်အတွင်း ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ အများပြည်သူများ ပန်းမန်အလှစိုက်ပျိုး ခြင်းကို လက်တွေ့လေ့ လာနိုင်စေ ရန်နှင့် စိုက်ပျိုးနည်းပညာရပ်များ ဖြန့်ဝေပေး နိုင်ရန်၊ ဒေသနှင့် ကိုက်ညီသော ပန်းမန် မျိုးသစ်များ အရည်အသွေး [...]

လုပ်သားအင်အား စစ်တမ်း ၂၀၁၇ တွင် ကောက်ယူမည်
မြန်မာနိုင်ငံ၏ နှစ်စဉ် လုပ်သားအင်အား စစ်တမ်း ကောက်ယူမှုကို ၂၀၁၇ ခုနှစ်၌ နှစ်ကြိမ်ကောက်ယူမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ယနေ့ ပြောကြားသည်။ “၂၀၁၇ ခုနှစ် နှစ်စဉ် လုပ်သား အင်အား စစ်တမ်း (ပထမအကြိမ်)ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီနဲ့  မတ်လတို့ မှာ စာရင်းကောက်ကွက် ၇၈၀ [...]

ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် တပ်မတော် အရာရှိကြီးတွေနဲ့ တွေဆုံ
ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို ထုတ်ယူသုံးစွဲတဲ့ ကိုလိုနီ စီးပွားရေးစနစ်ကိုသာ အားပေး အုပ်ချုပ်ခဲ့တာကြောင့် တိုင်းရင်းသား ဒေသတွေ ဖွံ့ဖြိုးမှုနည်းပြီး အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်ခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ မနက်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၊ သင်တန်း ခန်းမမှာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးတွေ နည်းပြ အရာရှိကြီးတွေ သင်တန်းသား အရာရှိကြီးတွေနဲ့ တပ်နယ်မှ အရာရှိကြီးတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ [...]

၂၀၁၇/၁၈ နှစ်အတွက် သတ်မှတ်မဲ့ ဘတ်ဂျက်ငွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံကိန်းတွေအတွက် စိစစ်ရေး ကော်မတီဖွဲ့စည်း
၂၀၁၇/၁၈ နှစ်အတွက် သတ်မှတ်မဲ့ ဘတ်ဂျက်ငွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ရာမှာ စီစစ်ရေး ကော်မတီတစ်ရပ်ကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွင်း ဖွဲ့စည်း လိုက်ပြီလို မင်္ဂလာတောင်ညွန့် မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောကြား လိုက်ပါတယ်။ အစိုးရသစ်အနေနဲ့ ၂၀၁၇/၁၈ မှာ ရေးစွဲမမယ့် ဘတ်ဂျက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြောကြားလိုက်ပါ၊ ဒါအပြင် ဒီနှစ်မှာ တင်လာတဲ့ [...]

ကျန်းမာရေး အာမခံစနစ်သစ် ၂၀၁၇ နှစ်ဆန်း စတင်မည်
ကျန်းမာရေး အာမခံစနစ်နေရာတွင် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်သည့် စနစ်သစ်ကို လာမည့် ၂၀၁၇ ဇန်နဝါရီတွင် စတင်နိုင်ရန် စီစဉ်နေကြောင်း မြန်မာ့အာမခံ လုပ်ငန်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ကျန်းမာရေး အာမခံထားရှိမည် ဆိုလျှင် ဆေးကုသစရိတ် တစ်ရက်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ရက် ၆၀ ခံစားခွင့် ရှိမည်ဖြစ်ပြီး မတော်တဆ ထိခိုက်သေဆုံးမှု အတွက် အာမခံကြေးငွေ ကျပ်သိန်း ၂၀ အထိ ရရှိမည် [...]

နိုင်ငံတကာ အဖွဲ့အစည်းများကို အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး အဖွဲ့တွင် ထည့်သွင်းရန် အစီအစဉ်မရှိ
အပစ်ရပ်ကာလ စောင့်ကြည့်ရေး လုပ်ငန်းစဉ်များတွင် ကြားခံလူအဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများကို ပါဝင်ခွင့်ပေးရန် အစီအစဉ် မရှိကြောင်း JMC-U အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးဝဏအောင်က ပြောသည်။ “နိုင်ငံခြားက ကိုယ်စားလှယ်တွေကို JMC မှာ ထည့်ဖို့ အစီအစဉ် လုံးဝမရှိပါဘူး” ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအချို့က အပစ်ရပ် စောင့်ကြည့်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် ဆန္ဒရှိနေကြသည်။ ပြည်ထောင်စု [...]

ကြက် ငှက် တုပ်ကွေး ရောဂါ ကူးစက် ဖြစ်ပွားလေ့ ရှိသည့် ကာလ ဖြစ်၍ ကြက်/ငုံးခြံများ သတိပြုရန် နှိုးဆော်
ဆောင်းခိုငှက်များ ပြောင်းရွှေ့ သွားလာ တတ်သည့် ဆောင်းရာသီသို့ ကူးပြောင်းချိန် ဖြစ်ပြီး ကြက် ငှက် တုပ်ကွေး ရောဂါ ကူးစက် ဖြစ်ပွားလေ့ရှိသည့် ကာလဖြစ်သဖြင့် ကြက်/ငုံးခြံများ ဇီဝ လုံခြုံမှု မြှင့်တင်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အသိပေးနှိုးဆော်ခဲ့သည်။ ကြက်ငှက်များတွင် ကြက်ငှက် တုပ်ကွေး ရောဂါ မဖြစ်ပွားစေရေး အတွက် ဆောင်းခိုငှက်များနှင့် အိမ်မွေး ကြက်၊ [...]

ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ငြိမ်းချမ်းရေး ကော်မရှင်နှင့်  တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဆွေးနွေး
သက်ဆိုင်ရာ ဒေသအလိုက် ပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တနင်္သာရီတိုင်း ဒေသကြီး၌ လာမည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ မကုန်မီတွင် ကျင်းပပြုလုပ်နိုင်ရန် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရ အဖွဲ့ဝင်များ ယနေ့ ဒီဇင်ဘာ ၂၃ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေး [...]

မြန်​မာနိုင်​ငံမှ ဥပ​ဒေများမှာ မလုံခြုံ​သော ဥပ​ဒေများ ဖြစ်​​နေခြင်း​ကြောင့်​ ပြည်​သူနှင့်​ အစိုးရ နားမလည်​မှုများ ဖြစ်​​နေ
မြန်​မာနိုင်​ငံမှ ဥပ​ဒေအများစုမှာ ပြည်​သူများအတွက်​ လုံခြုံမှုကို အဟန့်​အတား ဖြစ်​​နေခြင်း​ကြောင့်​ ပြည်​သူနှင့်​ အစိုးရ နားမလည်​မှုများ ဖြစ်​​ပေါ်​နေခြင်း ဖြစ်​​ကြောင်း ညီမျှခြင်း မြန်​မာမှ အမှု​ဆောင် ​ဒါရိုက်​တာ ဦး​အောင်​မျိုးမင်း က​ပြောသည်​။ “ပြည်​သူ့လုံခြုံမှုကို အဟန့်​အတား ဖြစ်​​စေမယ့်​ ဥပ​ဒေ​တွေ ရှိတဲ့အတွက် ​ပြည်​သူလူထုက လုံခြုံမှု ခံစားရမှာ မဟုတ်​ဘူး၊ လုံခြုံမှု မခံစားရတဲ့အတွက်​ အစိုးရနဲ့ ပြည်​သူလူထု ကြားထဲမှာ နားမလည်​မှု​တွေ ဖြစ်​​ပေါ်​စေတယ်​” ဟု ဦး​အောင်​မျိုးမင်း က​ပြောသည်​။ [...]


Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 70
« နောက်သို့

Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 72
ရှေ့သို့ »