January, 2017၊ သတင်းမှတ်တမ်းများ

ဂုဏ်သိက္ခာ ညှိုးနွမ်း လုပ်ဆောင်ခဲ့သူတွေကို ဖော်ထုတ်ပြီးမှ တရားစွဲဆိုမည်
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်တန်းခံရတဲ့ အတွက် ရဲစခန်းမှာ နှစ်ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရစေရန် စနစ်တကျ လုပ်ကြံခံခဲ့ရသည်ဟု ယူဆသဖြင့် သူ့ကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့သူများကို စနစ်တကျ အချိန်ယူ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းက ပြောသည်။ အနုပညာရှင်တွေရဲ့ အတင်းအဖျင်းတွေကို ရေးသားနေပြီး Follow ပြုလုပ်ထားသူ ရှစ်သိန်းခန့်ရှိခဲ့သည့် Cele Cele [...]

ငွေကြေးဖောင်းပွနှုန်း လျော့ကျသွားရန် မျှော်မှန်း
စံချိန်တင် မြင့်တက်ခဲ့သော ငွေကြေးဖောင်းပွနှုန်းများ လာမည့်နှစ်များတွင် လျော့ကျရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုပ္မဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုပ္မဏီများ ညွှန်ကြားမှု ဦးစီးဌာန DICA၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA၊ မြန်မာသုတေသန အဖွဲ့ MSR တို့မှ သုတေသန ကောက်ယူထားသည့် အစီရင်ခံစာအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ နောက်ဆုံး သက်တမ်း [...]

တောင်ဒဂုံမြို့ နယ် စားသောက်ဆိုင် မီးလောင်မှုတွင် လူ ၅ ဦး မီးခိုးမွှန်သေဆုံး
တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက် အတွင်းရှိ အကွီ စားသောက်ဆိုင်တွင် ဇန်နဝါရီလ ၂၁ ရက် နံနက် ၀၄း၃၅ အချိန် ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးခိုးမွှန်၍ လူ ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။ “စားသောက်ဆိုင် ချက်ပြုတ်ခန်း အတွင်းမှာ ဂက်စ်အိုး ယိုစိမ့်ပြီးတော့ ပြန့်နှံ့နေတာ။ မီးကြွင်းမီးကျန်နဲ့တွေ့ပြီး မီးလောင်သွားတာ ဖြစ်တယ်။ အိပ်နေတဲ့သူ ၅ [...]

ဤခရီး နီးပြီလား၊ ဘာတွေ ပိတ်ဆို့နေသလဲ
မြန်မာ့ငြိမ်းချမ်းရေး ခရီးကို နီးပြီဟု သုံးသပ်ရယ် မလွယ်ကူသော အခြေအနေ ဖြစ်နေသည်။ နိုင်ငံအနှံ့မှ တိုက်ပွဲများ၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြားမှ သဘောထား တင်းမာမှုများကို ညှိယူရန် ခက်ခဲနေမှုများကို တွေ့ရသည်။ အပြန်အလှန် မယုံကြည်မှု၊ သံသယစိတ်များကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲများ ကြောင့်ပင် မယုံကြည်မှုနှင့် သံသယစိတ်များ ကြီးထွားနေရပြီး ဂျာအေး သူ့အမေရိုက် ဖြစ်နေသည်။ ယုံကြည်မှု တည်ဆောက်နေသည့် အချိန်တွင် သတင်းစကား အမှားများကြောင့် ပဋိပက္ခများ [...]

ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရန် လူထုလှုပ်ရှားမူ ပြုလုပ်မည်ဟုဆို
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်နိုင်ရန် အတွက် လူထုလှုပ်ရှားမူနှင့် ဟောပြောပွဲများကို ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမူ ဦးဆောင်ကော်မတီမှ ကဗျာဆရာ မောင်ဆောင်းခက ပြောကြား လိုက်သည်။ အစိုးရသစ် လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် တရားစွဲဆိုသော အမူအရေအတွက်မှာ ယခင် အစိုးရ လက်ထပ်က အရေအတွက်ထက် ပိုမို [...]

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ရန်ကုန် ဘတ်စ်အပြောင်းအလဲဟာ မျက်စိစုံလုံးမှိတ် ထောက်ခံမယ့် လော်ဘီတွေသာ မဟုတ်ရင် ဟာကွက်တွေ အများကြီးနဲ့ပါ။ ပြောစရာတွေ တောင်လို ပုံနေပါတယ်။ ယာဉ်လိုင်းတွေ မရောက်တော့တာတွေ၊ ၂ ဆင့် စီးရတာတွေ၊ လမ်းလျှောက်ရတာတွေ။ အင်မတန် အဆင့်မြင့်တဲ့ ကားကြီးတွေ လာမလိုလို ကြွားလုံးထုတ်ခဲ့သမျှ ဒိုင်နာမှ ဝိုင်ဘီအက်စ် တပ်ပြီး ပြေးဆွဲနေတဲ့ မြင်ကွင်းတွေက လိုအပ်ချက်တွေကို အလိုလို ဝန်ခံနေပါတယ်။ ပညာရှင်တွေရဲ့ ဝေဖန်ချက်တွေကို ကောက်ယူရင် [...]

ဝန်ကြီးချုပ်များနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဌတို့ ပါဝင်သည့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်း စွမ်းဆောင်ရည် လေ့လာ စိစစ်ရေးအဖွဲ့ ဖွဲ့စည်း
ဝန်ကြီးချုပ်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌတို့ ပါဝင်သည့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်း စွမ်းဆောင်ရည် လေ့လာ စိစစ်ရေးအဖွဲ့ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ အဆိုပါ အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်း စွမ်းဆောင်ရည် လေ့လာ [...]

ပြည်ထောင်စု ငြိမ်းချမ်းရေးနှစ် ၂၀၁၇ ငြိမ်းချမ်းရေး စည်တော်သံ အနုပညာ ပွဲခင်းသာ ကျင်းပမည်
ပြည်ထောင်စု နယ်မြေ နေပြည်တော် MICC ခန်းမတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးနှစ် ၂၀၁၇၊ ငြိမ်းချမ်းရေး စည်တော်သံ အနုပညာ ပွဲခင်းသာ ကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အနုပညာပွဲတော် ကျင်းပရေး ဦးဆောင်ကော်မတီ ထံမှသိရသည်။ ၂၀၁၇ ခုနှစ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးနှစ် အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူများ ပါဝင်လျက် အရှိန်မြှင့်တင် ဆောင်ရွက်ရန်အတွက် [...]

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ မစ္စစ်ရန်ဟီလီ ကိုလက်ခံတွေဆုံ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီနဲ့ အဖွဲ့ကို ဇန်နဝါရီ ၁၈ရက် မနက်၉နာရီမှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ၂၁-ရာစု ပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်မှု အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ငြိမ်းချမ်ရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မြှင့်တင်ရေး ကိစ္စ၊ လူ့အခွင့် အရေး [...]

FICD အဖွဲ့က Region 42,Fellowship Certificate 2017 ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ပေးအပ်
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို FICD အဖွဲ့က Region 42,Fellowship Certificate 2017 ကို ပေးအပ်ခဲ့ပါတယ်။ အဲဒီ ပေးအပ်အပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က Summit Parkview Hotel မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ [...]