February, 2017၊ သတင်းမှတ်တမ်းများ

လူငယ်သဘာဝ စိတ်ခံစားမှုကြောင့် လုပ်ကြံမှုဖြစ်ဟု ပြည်ထဲရေး ဝန်ကြီးပြော
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က ဦးကိုနီကို လုပ်ကြံသတ်ဖြစ်ခဲ့သူနဲ့ ပါဝင်ပတ်သက်တဲ့ သူတွေကို တရားဆွဲဆိုဖို့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်း ခေါ် ဖိုးထူးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ လက်နှက်ပုဒ်မ ၁၉(စ)၊ လဝကဥပဒေ ၁၃/၁ နဲ့ တရားဆွဲဆို လိုက်ပြီ ဖြစ်တယ်လို့ ဖေဖေါ်ဝါရီလ ၂၅ ရက် ဒီကနေ့ မနက် ၉ နာရီက [...]

လေယာဉ် မတော်တဆ ထိခိုက်မှု ဖြစ်ပွားချိန်မှာ အကောင်းဆုံးနဲ့ အမြန်ဆုံး ကူညီ ကယ်ဆယ်နိုင်ရန် လေ့ကျင့်မှုပြုလုပ်
လေယာဉ် မတော်တဆ ထိခိုက်မှု ဖြစ်ပွားချိန်မှာ အကောင်းဆုံးနဲ့ အမြန်ဆုံး ကူညီကယ်ဆယ်ရေး အပြင် အခြား လိုအပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် လေ့ကျင်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့ကျင့်မှုကို လေဆိပ် ဝန်ဆောင်မှု ကုမ္ပဏီ (MC-Jaluc Airport Services) မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နှုန်းပြည့်လေယာဉ် အရေးပေါ်ပုံစံတူ လေ့ကျင့်ခန်းကို ဖေဖော်ဝါရီလ (၂၄) ရက် ညနေ (၄) နာရီက စတင်ကာ [...]

၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွက် ” ပြည်သူသို့ ကျေးဇူးတင်လွှာ” ကွယ်လွန်သူ ဦးနေဝင်းရရှိ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွက် “ပြည်သူသို့ ကျေးဇူးတင်လွှာ” ကို ဖေဖော်ဝါရီလ ၂၄ ရက်ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကျေးဇူးတင်လွှာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီကို သေနပ်နဲ့ ပစ်ခတ် လုပ်ကြံခဲ့သူ ကြည်လင်းအား [...]

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ အစည်းအဝေးမှ သဘောတူညီချက် ၆ ခု ထုတ်ပြန်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ အစည်းအဝေးကို အဲဒီအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ မနက် ၁၀ နာရီက နေပြည်တော်မှာရှိတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အစည်းဝေးခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။ အဲအစည်းအဝေးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အောက်ပါ [...]

မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသား၊ မြန်မာ့ဓလေ့နဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေဟာ ကမ္ဘာ့အလည်မှာ ဂုဏ်ယူစရာ ဖြစ်တယ်လို့ ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူ ပြောကြား
မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာ တိုင်းရင်းသား၊ မြန်မာ့ဓလေ့နဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာတည်သရွေ့ တည်တံ့ ခိုင်မြဲဖို့နဲ့ ရေရှည် တည်တံ့အောင် ဆောင်ရွက်ကြရမှာက မြန်မာနိုင်ငံသား အားလုံးမှာ တာဝန်ရှိတယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ ဒုသမ္မတက အခုလို ပြောကြားလိုက်တာပါ။ ဒါ့အပြင်မြန်မာ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များသည် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကို [...]

သစတြေးလျနိုင်င ဒုတိယ ရဲချုပ် Mr.NeilGaughan ဦးဆောင်သော အဖွဲ့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးထံ လာရောက်တွေ့ဆုံ
ရဲလုပ်ငန်း ဆောင်ရွက်ရာမှာ နိုင်ငံတကာနဲ့ ဆက်ဆံ ပူးပေါင်း ဆောင်ရွက်မှသာ ပိုမိုအောင်မြင် လာနိုင်မှာဖြစ်တဲ့ အတွက် သြစတြေးလျ ရဲတပ်ဖွဲ့ အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဆက်ဆံရေး တိုးမြှင့် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ ဒုတိယ ရဲချုပ် Mr.NeilGaughan က ပြောကြား လိုက်ပါတယ်။ ဒီကနေ့မနက် ၁၀ နာရီက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဆက်ဆံရေး တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် သြစတြေးလျနိုင်ငံ [...]

လားရှိုးမြို့နယ်မှာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅,၀၀၀ ပြားကို ဖမ်းဆီးရမိ
လားရှိုးမြို့နယ်မှာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅,၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေကို ဖေဖော်ဝါရီ ၁၉ ရက်က မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လားရှိုး-မူဆယ် သွား ကားလမ်း၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ အဝင်မှာ မူဆယ်ဘက်မှ ယာဉ်မောင်း ကျင်ထုံ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို ရှာဖွေရာက အခုလို ဖမ်းဆီး ရမိခဲ့တာပါ။ မူးယစ် ဆေးဝါးတွေကို ယာဉ်နောက်ခန်း ထိုင်ခုံပေါ်ရှိ [...]

တိုင်းရင်းသား လက်နှက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ တတိယအကြိမ် မျက်နှစုံညီ ပန်ခမ်း အစည်းအဝေး သတင်းထုတ်ပြန်
တိုင်းရင်းသား လက်နှက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှ ခေါင်းဆောင်တွေက တတိယ အကြိမ် မျက်နှာစုံညီ ပန်ခမ်း အစည်းအဝေး အတွက် သတင်း ထုတ်ပြန်ချက် အမှတ် ၀၀၁ ကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၇ မှာ ထုတ်ပြန် လိုက်ပါတယ်။ အဲဒီအစည်းအဝေးကို ဖေဖေါ်ဝါရ်ီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ အထူးဒေသ (၂) ဝ ပြည်နယ် အစိုးရဌာနချုပ် ပန်ခမ်းမြို့မှာ ကျင်းပပြုလုပ် [...]

အခြေခံမူ (၈) ချက် ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ ပြောကြား
၂ဝဝ၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား ညီလာခံက သဘောတူ ချမှတ်ထား တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ အခြေခံမူ(၈)ချက်ကို အဓိကထား ဆွေးနွေးဖလှယ်မှာ ဖြစ်တယ်လို့ ချင်းအမျိုးသား နိုင်ငံရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(CNDJC) မှာ ပြောကြားလိုက်ပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ သုံးရက်တာ ပြုလုပ်မယ့် လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး [...]

မူးယစ်ဆေးဝါးတွေနဲ့ အတူ လက်နှက်တွေပါ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး ရောင်းချသူ၊ တစ်ဆင့် ပြန်လည် ရောင်းချသူတွေဆီမှ မူးယစ်ဆေးဝါးတွေနဲ့ အတူ လက်နက်၊ ခဲယမ်းများပါ ဖမ်းဆီး ရမိခဲ့ပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေကို ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၃ နာရီ ၁၅ မိနစ်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့တာပါ။ မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင် (၂) ရပ်ကွက်ရှိ စိုးဝင်း (ဘ) ဦးရှီကျင်ချဲ၏ နေအိမ်ကို [...]


Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 70
« နောက်သို့

Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 72