အနုပညာသတင်း — ရန်ကုန်၊ မေ ၂၂၊ ၂ဝ၁၂

ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူ ၈၈ ဦးနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် လျှောက်ထားသူ အမျိုးသမီး ၄၆ ဦးအား ဇွန်လတွင် လူတွေ့ စစ်ဆေးမည်ဟု ဗိုလ်ချုပ်ဆောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ မေလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကျင်းပစဉ်
ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကျင်းပစဉ်

ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူ ၈၈ ဦးကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၂/ ၁၃/၁၄ ရက်နေ့များတွင် သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့မှ လူတွေ့​ရွေးချယ်မည် ​ဖြစ်သဖြင့်​ ​လျှောက်ထားသူအားလုံး       ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းသို့ ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁ဝ ရက်နေ့တွင် လာရောက် ဆက်သွယ်ရမည်ဟု သတင်း ထုတ်ပြန်ထားသည်။

ဒေါ်ခင်ကြည်၏ နေရာတွင် သရုပ်ဆောင်ရန် လျှောက်ထားသူ အမျိုးသမီး ၄၆ ဦးအား ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၉/၂ဝ ရက်နေ့များ တွင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ လူတွေ့ရွေးချယ်မည်​ ဖြစ်သဖြင့်   လျှောက်ထားသူအားလုံး     ဖြစ်မြောက်ရေးရုံးခန်းသို့ ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် လာရောက် ဆက်သွယ်ရမည်ဟု သတင်း ထုတ်ပြန်ထားသည်။

““ကျွန်တော်တို့ ၈၈ ယောက်လုံးကို ကြေညာချက်အတိုင်း တွေ့မယ်၊ အဲဒီထဲက ဆန်ခါတင်ရွေး  မယ်၊ နောက် အရင် ၁၅၇ ယောက် အထဲက ဆန်ခါတင် ရွေးထားတဲ့ ၃ ယောက်နဲ့ပေါင်းပြီးတော့ တစ်ခါပြန်ရွေးမယ်၊ ၁၅၇ ယောက်ထဲက မရွေးဘဲ ကျန်ရစ်ခဲ့တဲ့ သူတွေကိုလည်း ရုပ်ရှင် ဇာတ်ကားမှာ သင့်တော်တဲ့ ကာရိုက်တာတွေမှာ ပါဝင်ဖို့အတွက် ထပ်တွေ့မယ်””ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဇော်သက်ထွေးက ပြောကြားသည်။

ပထမအကြိမ် လျှောက်ထားသူ ၁၅၇ ဦးအနက် ဗိုလ်ချုပ် အောင်ဆန်းနေရာတွင် ရွေးချယ်ခြင်း မခံရသူများကို အလျဉ်းသင့်သော ဇာတ်ရုပ်နေရာများ၌ သရုပ်ဆောင်နိုင်ရန် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် လာရောက် ဆက်သွယ်ရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်တွင် ပါဝင်မည့် အခြားသော ဇာတ်ရုပ်နေရာများအတွက် သရုပ်ဆောင်များကို အဆိုပါ ဗိုလ်ချုပ်​အောင်ဆန်းနေရာနှင့်​ ​ဒေါ်ခင်ကြည်နေရာ    လျှောက်ထားသူများ အနက် ရွေးချယ်မခံရသူကို ထည့်သွင်းရွေးချယ်သွားမည်ဟု ဦးဇော်သက်ထွေးက ပြောကြားသည်။

အထက်ပါ သတင်းထုတ် ပြန်ချက်ကို မေလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီ၌ ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်းတွင် အစည်းအဝေးကျင်းပ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်း အစည်းအ​ဝေးသို့ ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးစိမ်းနီ၊ ဦးမော်လင်း၊ ဦးမင်း ထင်ကိုကိုကြီး၊ ဝိုင်း၊ ကြည်ဖြူ သျှင်၊ လူမင်း၊ ဝေဠုကျော်၊ ထွန်းအိန္ဒြာဗိုလ်၊ ဦးဇော်သက်ထွေး၊ ဒေါ်အိအိခိုင်၊ အရိုင်း၊ ကိုသူရကျော်တို့ တက်ရောက်ခဲ့ကြသည်။

ဝဝ၃

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*