ASEAN Visiting Scholar Program (USAS) အစီအစဉ်ကို စတင် လျှောက်ထား နိုင်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ သတင်းရရှိသည်။ အဆိုပါ ပညာသင်ဆုအစီအစဉ် သည် Fullbright ၏ ပညာရေးဆိုင်ရာ အစီအစဉ်အသစ် တစ်ခုဖြစ်ကြောင်း၊ တက္ကသိုလ် ပညာရေး ဝန်ထမ်းများ၊ နိုင်ငံခြားရေး တာဝန် ထမ်းဆောင်နေသူများ၊ အစိုးရအရာထမ်းများ၊ သုတေသန လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် အစိုးရ မဟုတ်သောအဖွဲ့များ (NGOs) ဝန်ထမ်းများမှ လျှောက် ထားနိုင်ကြောင်း၊ ယင်းတို့သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဖြစ်ရမည် ဖြစ်ကြောင်းနှင့် အမေရိကန်တွင် ပညာတော် သင်ယူခြင်းနှင့် သုတေသန လုပ်ငန်းများကို သုံးလမှ လေးလအတွင်း သက်ဆိုင်ရာ ဒေသတွင်းနိုင်ငံများနှင့် ပတ်သက်၍ လုပ်ကိုင်နိုင်သူများ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

အထက် ဖော်ပြပါ အစီအစဉ်ကို စိတ်ဝင်စားသူများသည် https://burmausembassy.gov/scholarship.html နှင့် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးတို့တွင် လျှောက်လွှာ ပုံစံများနှင့် အသေးစိတ် အချက်အလက် တို့ကို ရယူနိုင်ကြောင်း သိရသည်။ လျှောက်လွှာများနှင့် သက်ဆိုင်ရာအချက် အလက်များကို ဖြည့်စွက်ပြီးပါက rangoonuseca@state.gov သို့ အီးမေးလ်ဖြင့် ဖြစ်စေ၊ အမေရိကန်စင်တာသို့ လူကိုယ်တိုင်ဖြစ်စေ ပေးပို့နိုင် ကြောင်း သိရသည်။ လျှောက်လွှာများကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် စင်တာသည် အမှတ် ၁၄၊ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်တွင် တည်ရှိပြီး အမေရိကန် သံရုံးသည် အမှတ် ၁၁ဝ၊ တက္ကသိုလ် ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တွင် တည်ရှိပြီး ဆ ဖုန်း-ဝ၁-၅၃၆၅ဝ၉ နှင့် ဝ၁-၅၃၄၁၇၃ လိုင်းခွဲ ၄၃၆၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဝ၃၃

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*