ဆောင်းပါး၊ သတင်းမှတ်တမ်းများ

သမိုင်းလူသား “ဆရာကြီး သခင်ကိုယ်တော်မှိုင်း”
ဂျီစီဘီအေ ဝံသာနုလှုပ်ရှားမှုကြီး ကျဆုံးသွားသောအခါ ဆရာကြီးသည် ထိုခေတ်လွတ်လပ်ရေး တိုက်ပွဲ တွင် ရှေ့တန်းသို့ ရောက်လာသော သခင် လူငယ်တို့၏ တို့ဗမာ အစည်းအရုံး သို့ ၁၉၃၄ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်း အမည်ကို ခံယူ၍ လူငယ်တို့နှင့် လက်တွဲကာ လွတ်လပ်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲ ခဲ့ပြီး တို့ဗမာ အစည်းအရုံးကြီး၏ နာယကဖြစ်လာသည်။ [...]

လွတ်လပ်အတွေး စိတ်ကူးတောင်ပံ
“ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်း တစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံး လိုက်ပါတယ်။ ဆရာ့မှာ ဒီလိုတပည့်မျိုး ဆုံးရှုံး လိုက်ပါတယ်။ ကျောင်းမှာ ဒီလိုကျောင်းသားမျိုး ဆုံးရှုံး လိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ” ဟု သူ့ခံစား ချက်ကို ဆက်လက်ဖော်ပြသည်။ [...]

ဆိုက်ဘာ စစ်ရိပ်သမ်းချိန်နှင့် သမ္မတ အိုဘားမား ထံ အာဏာကုန် ပေးလိုက်သည့် ဆိုက်ဘာ စစ်ဆင်ရေး
ဆိုက်ဘာ စစ်လက်နက် တပ်ဆင်ရေးက လက်ရှိကမ္ဘာ့ လက်နက်ပြိုင် ပွဲတွေထဲမှာ နောက်ဆုံးပေါ် အဖြစ်ဆုံးနှင့် အရှုပ်ထွေးဆုံး လက်နက်ပြိုင်ပွဲ ဖြစ်မည်ထင်သည်။ ပင်တာဂွန်က “ဆိုက်ဘာ စစ်ဌာနချုပ်သစ်”တစ်ခု ပင် တည်ထောင် ထားသည်။ ကွန်ပျူတာ ကွန်ရက် စစ်ဆင်ရေးကလည်း စစ်သုံးစရိတ် ပို၍ပို၍ ထိုးတက်သွားဖို့ ရှိနေသည့် အသုံးစရိတ်ခေါင်းစဉ် အနည်းငယ်ကလေးထဲမှာ ပါဝင်နေ သော အသုံးစရိတ်ခေါင်းစဉ်တစ်ခု ပင်။ [...]

သမိုင်းလူသား “အဲလ်ဘတ် အိုင်စတိုင်း”
၂ဝ ရာစု၏ အကြီးမြတ်ဆုံး သိပ္ပံ ပညာရှင်အဖြစ် အသိအမှတ် ပြုခံရ သော ဂျာမန်နွယ်ဖွား၊ အမေရိကန် သဘောတရားရေးရာ ရူပဗေဒပညာ ရှင်ဖြစ်ပြီး ၁၉၂၁ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင်လည်းဖြစ် သည်။သူရှာဖွေဖော်ထုတ်ခဲ့သော နှိုင်းရ ဓမ္မသဘောတရား (Relativity Theory) မှာ ယနေ့ အချိန်ထိ အသုံးဝင် မှန်ကန်နေဆဲ တရားဖြစ်သည်။ နျူကလီး ယားကွဲကွာမှု (Nuclear Fission) ကို သူဖော်ထုတ်တင်ပြခဲ့သော်လည်း ထို နျူကလီးယား [...]

အမျိုးသမီးများအတွက် စကားလက်ဆောင်
ဘဝက ကိန်းဂဏန်း ပဟေဠိ အပိုင်းအစတွေလို ခံစားရ တဲ့အခါ အဲဒီ ပဟေဠိတွေ ကို တစ် ယောက်ယောက်က အဖြေတွေ့သွားခဲ့ပြီး အဆင်ပြေသွားတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မတို့လည်း အဲဒီလို ဖြစ်နိုင်မယ်လို့ ယုံကြည်ချင် ကြတယ်။ အဲဒီလို အဖြေရှာတွေ့သွားပြီး နောက်ပိုင်းမှာ အရာရာက အနှစ် သာရနဲ့ ပြည့်ဝသွားမယ် မဟုတ်လား။ လူတွေက သူတို့ဘဝကို ကျွန်မက ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိအောင် အကူအညီ ပေးနိုင်မယ့်သူလို့ [...]

ဒုတိယ ကမ္ဘာစစ်အတွင်း ကချင်ပြောက်ကျား စစ်သည်များ၏ ဖက်ဆစ် ဂျပန် တော်လှန်ရေး
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် သော ဗမာ့ လွတ်လပ်ရေး တပ်မတော် နှင့်အတူ ဖက်ဆစ် ဂျပန်တပ်များ မြန်မာ ပြည်သို့ ဝင်ရောက်လာချိန်တွင် ဗြိတိသျှတပ်များ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းများမှတစ်ဆင့် အိန္ဒိယပြည်သို့ ဆုတ်ခွာကြလေသည်။ ကုန်းကြောင်း ဆုတ်ခွာရာတွင် ရခိုင်ကမ်း မြောင်၊ ချင်းတောင်တန်းနှင့် အများ ဆုံးမှာ ကချင်ဒေသ ဟူးကောင်းတောင် ကြားမှတစ်ဆင့် ဆုတ်ခွာကြလေ သည်။ ဖက်ဆစ်ဂျပန်များ သိမ်းပိုက် ပြီး များမကြာမီ [...]


တရားဥပဒေ စိုးမိုးရေးဟူ၍ စတင်လိုက်သည်နှင့် တရားရုံးများ အပေါ် မျက်စောင်းတခဲခဲ၊ နှုတ်ခမ်း တမဲ့မဲ့၊ ဆီသုတ်ထားသော စကား လုံးများဖြင့် ချိုးချိုးဖဲ့ဖဲ့၊ ပစ်ပစ်ခါခါ၊ ဝေဖန်နှိပ်ကွပ်ရန် တာစူနေကြသော မဟာ ပညာကျော်တို့၏ မင်္ဂလာစည် ဗျောသံများကို မကြားရမနာရခြင်း အတွက်တော့ဖြင့် စိမ်းလန်း၍ လှပသော နံနက်ခင်းလေး နာကျင်ညှိုးနွမ်း သွားမည်ကို စိုးရိမ်သောကဖြစ်ဖို့ မလိုခဲ့ပါချေ။ [...]


၂၀၁၃ ခုနှစ် မတ်လလယ်မှ ဧပြီလဆန်းကာလအတွင်း လွှတ်တော် နိုင်ငံရေးလောကတွင်း လွတ်တော် တက်ရောက်နေသော တပ်မတော်သား ကိုယ်စားလှယ် များအနေဖြင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တော် များ နှင့် ပွင့်လင်းမြင်သာသော ပြောင်းလဲ မှုများ ပြုလုပ်လာနိုင်သကဲ့သို့ ပျော့ ပြောင်းသော ဆက်ဆံရေးများ ရရှိလာ စေနိုင်ပြီး ဒီမိုကရေစီနိုင်ငံနှင့် သင့် လျော်သော ဥပဒေပြင်ဆင်၊ ပယ်ဖျက်၊ ပြဋ္ဌာန်းရေးများ ပြုလုပ်ရာတွင် အတိုင်း [...]


ဝန်ကြီးတွင်တွင် ပြောသွားတဲ့ စကား တစ်ခွန်းရှိပါတယ်။ စာရေး ဆရာတွေကို ဖမ်းဆီး ထိန်းသိမ်းခြင်း၊ ဝင်ရောက် ရှာဖွေခြင်းများ လုံးဝ ပြုလုပ်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ စာရေးဆရာ တစ်ယောက်အနေနဲ့ ဖြေ ပါမယ်။ ဖမ်းတာ မဖမ်းတာ ဂရုမစိုက်ပါ။ လွတ်လပ်စွာ ဖန်းတီးရေးသားခွင့် ရဖို့ကိုပဲ ဂရုစိုက်ပါ့မယ်။ အခု ဥပဒေ အရဆိုရင် ဖမ်းတော့မဖမ်းဘူး။ ပိတ်တာတွေ ဖျက်တာတွေ လုပ်မယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ အရင် စာပေ စိစစ်ရေးကို [...]

သမိုင်းလူသား “နော်မန်ဘက်သွန်း (Norman Bethune)”
နော်မန်ဘက်သွန်းသည် ကနေဒါ နိုင်ငံသား ရင်ခေါင်း ခွဲစိတ်အထူးကု သမားတော်ကြီးနှင့် ခွဲစိတ်နည်းနာ ကိရိယာများကို တီထွင်သူဖြစ်သည်။ ကိုယ်ကျိုး လုံးဝမဖက်ဘဲ ကမ္ဘာ့ အဖိနှိပ်ခံပြည်သူများအတွက် သူ၏ အတတ်ပညာ၊ သူ၏ နှလုံးသားနှင့် အသက်ဝိညာဉ်ကိုပါ အဆုံးစွန်ပေးဆပ် ခဲ့သူဖြစ်သည်။ နော်မန်ဘက်သွန်းကို ၁၈၉၀ ခုနှစ်၊ မတ် ၄ ရက်တွင် စကော့ နွယ်ဖွား ကနေဒါနိုင်ငံသား ဖခင်မဲ(လ) ကွမ်းနစ်ကို(လ) ဆန်ဘက်သွန်းနှင့် မိခင်အဲလိဇဘက်တို့မှ ကနေဒါနိုင်ငံ၊ [...]