ဆောင်းပါး၊ သတင်းမှတ်တမ်းများ

လန်းလန်းဆန်းဆန်း ဒဂုန်တာရာ
“ချယ်ရီကိုပြုပြင်ရခြင်း”ကဗျာထဲတွင် ဆရာရေးဖွဲ့ သီကုံးပေးခဲ့သော ကဗျာတစ်စ။ ဆရာက သူ့ချယ်ရီ တုတ်ကောက်လေးကို စွဲစွဲလန်းလန်း ဖြစ်ရာ သည်။ ဖြစ်မှာပေါ့ သူ့အဖော်ပဲ ဟာကိုး၊ ထိုချယ်ရီ တုတ်လေး ကိုင်ပြီး စမ်းတမ်း၊ စမ်းတမ်းနှင့် အိမ်ဘေးက မြေကွက်လပ်လေးထဲ လမ်းလျှောက်ရသည်။ လမ်းတစ်ဖက်တွင် ကန်ဇွန်းခင်းနှင့် ဂေါ်ရခါးပင်တို့ ရှိသည်။ ညက နှင်းကျထားသဖြင့် အပင်တို့က စိုတိုတို၊ အလင်းရောင် ကို မျက်စေ့က မြင်ရပေမယ့် သစ်ပင်များကိုတော့ ကွဲကွဲပြားပြား မမြင်ရ။ [...]

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှု တရားရုံး
ကမ္ဘာပေါ်ရှိ လက်ကျန် အာဏာရှင်တို့ အကြောက်ရွံ့ ဆုံးခြောက် အိပ်မက်တစ်ခု ရှိလေသည်။ သူတို့တစ်တွေ အဖို့ အခါးသီးဆုံး၊ ထိတ်လန့် ခြောက်ခြားမှု အဖြစ်ဆုံး အိပ်မက်ဆိုး တို့သည် ကမ္ဘာ့ပြည်သူတွေ အားလုံး၏ အားထားမျှော်လင့်ရာ ယုံကြည်ကိုးစားရာ လည်း ဖြစ်နေပြန်သည်။ ဒါက ကမ္ဘာ့နိယာမပင်ဖြစ်သည်။ [...]


လာမည့်နှစ် ကာလများအတွင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၄၁၇ အရ၊ အရေးပေါ် အခြေအနေ ကြေ ညာရန် အကြောင်း တစ်စုံတစ်ရာပေါ် ပေါက်ခြင်း မရှိပါက ကျွန်တော်တို့ သည် ၂ဝ၁၅ ခုနှစ်တွင် လွှတ်တော် အဆင့်ဆင့် ရွေးကောက်ပွဲများကို မျက်ဝါးထင်ထင် တွေ့မြင်ရဦးမည် ဖြစ်သည်။ ကာလအတန်ကြာ မေ့လျော့ ထားခဲ့သည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ(စာအုပ်)များကို ဖုန်ခါ လျက်၊ ရွေးကောက်ပွဲဆိုင်ရာ အမှုအခင်းများကို ပြန်လည်၍ [...]

ဝေဒအသံ (အမှတ် ၄၃)
၂ဝ၁၃ ခုနှစ်သည် မြန်မာနိုင်ငံ အနေဖြင့် ထူးခြားသော စိန်ခေါ်မှု များစွာနှင့် တွေ့ကြုံရနိုင်ကြောင်းကို လွတ်လပ်သော ကောင်းကင်ပြင်ရှိ ရာဟုဂြိုဟ်နှင့် စနေဂြိုဟ်တို့ ပူးယှဉ် နေခြင်းက အဖြေထုတ်ဖော်လျက် ရှိနေပါသည်။ ပြည်သူလူထုအောက်ခြေ လူတန်းစား ကိုယ်စားပြုသည့် ဝါယောဓာတ် လွှမ်းမိုးသော (ဒီမိုကရေစီ ဂြိုဟ်) စနေဂြိုဟ်သည် လှည့်ဖျား ဟန်ဆောင်သော (အမှောင်ဂြိုဟ်)ရာဟုဂြိုဟ်နှင့် အတူ (လေရာသီ) တူရာသီအိမ်တွင် တွေ့ဆုံခြင်းသည် မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှနိုင်ငံများ နိုင်ငံရေး လောက [...]

အပေးအယူ မြစ်ဖျားခြေရာ
ဒီမိုကရေစီ၏ ရှေးဦးသင်္ကေတ အဖြစ် ပွင့်လင်းမြင်သာမှု များ အတန်အသင့်ဖြစ်ထွန်း လာပြီး နောက်ပိုင်း မြန် မာနိုင်ငံ၏ လာဘ်ပေးလာဘ်ယူ ဝေဖန်သံထဲတွင် တရားစီရင်ရေး မဏ္ဍိုင်မှ တရားသူကြီး များလည်း အဓိက ပစ်မှတ်တစ်ခု အနေဖြင့် ပါဝင်လာခဲ့သည်။ တရားစီရင်ရေး မဏ္ဍိုင်၏ သဘောသဘာဝအရ အမှုသည်များ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးရာတွင် သာမန်အားဖြင့်ဆိုလျှင်ပင် ရှုံးနိမ့်မှုကို ကျေကျေနပ်နပ် လက်ခံနိုင်သူ ရှားပါးရာ လာဘ်ပေး လာဘ်ယူပြဿနာနှင့်ပါ ရောထွေး လိုက်သည့်အခါ တရား [...]

တက္ကသိုလ် များတွင် စာပေဟောပြောပွဲ များ ပြန်လည် ရှင်သန်ပါစေ
တက္ကသိုလ်နှင့် စာပေ ဟောပြောပွဲဟူသည် အလွန် တရာမှ အပ်စပ် ကိုက်ညီသော လုပ်သင့် လုပ်ထိုက်သော တွဲဖက်အရာများ ဖြစ်သည်။ ယနေ့ ကမ္ဘာကျော် ဟားဗတ်၊ အောက်စဖို့ဒ်၊ ကိန်းဘရစ်ခ်ျ၊ ယေးလ် စသော တက္ကသိုလ်ကြီးများ တွင်လည်း ဘီလ်ကလင်တန်၊ ဒေါ်နလ်ထရန်၊ အော်ပရာဝင်းဖရေး၊ လာရီကင်း စသည့် ပုဂ္ဂိုလ်ကြီးများက ကျောင်း သားကျောင်းသူများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ လုပ်ရည်ကိုင် ရည် မြင့်မားရေး၊ စဉ်းစားတွေးခေါ်မှု မြင့်မားရေးတို့ အတွက် [...]

လမင်းကြီး ဖြစ်သွားတဲ့ ဖန်မီးအိမ်
ခြေတော်ရာရှိတဲ့ တောင်ခြေရောက် တော့လည်း ထမ်းစင်နဲ့ ပို့ပါရစေဆိုတာ မရဘူး၊ အဖေ့ဆီ ပူဇော်ကန်တော့ဖို့ သွားတာ ဒီလို ဟိတ်ကြီးဟန်ကြီးနဲ့ မသွားဘူး ဆိုပြီး ခြေလျင်ပဲလက်နှစ်ဖက်က တစ်ယောက်စီတွဲပေးရတာတဲ့။ ရောက်ခါနီးတော့ “ရောက်တော့မဟ၊ ရောက်တော့မဟ” ဆိုပြီး အားတင်း တက်တယ်။ ခြေတော်ရာရှေ့ ရောက် တော့ လက်နှစ်ဖက် ရှေ့ထောက် ပြီး အသက်ရှူမှန်အောင် မနည်း ရှူနေရသေးသတဲ့။ ပြီးတော့မှ ပခုံးနှစ်ဖက် မှာ တပည့် တစ်ယောက်စီ [...]


ပြန်လည် ဆန်းစစ်မည်ဆိုပါက လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်း၊ အခြေခံ အဆောက်အအုံ မကောင်းခြင်း၊ မရှိခြင်း တို့ကြောင့် ယင်းတို့ကို ကိုယ် တိုင်ဆောင်ရွက်ရ၍ ကုန်ကျစရိတ် များပြားခြင်း၊ ဘဏ်လုပ်ငန်း မဖွံ့ဖြိုး ခြင်း၊ အတိုးနှုန်း များပြားခြင်း၊ ကျွမ်းကျင် လုပ်သား ရှားပါးခြင်း၊ အထောက်အကူပြု လုပ်ငန်းများ မထွန်းကား၍ လုပ်ငန်း လိုအပ်ချက် အားလုံးဆောင် ရွက်ရခြင်း၊ ဥပဒေစောင့်ရှောက်မှု အားနည်းခြင်း၊ မြေဈေးကြီးမြင့်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုများပြားခြင်း စသည်တို့ကြောင့် လုပ်ငန်းရှင်များ [...]

သမိုင်းလူသား “ဗိုလ်ချုပ်အောင်ဆန်း”
၁၉၄၁ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဂျပန် မီနာမီကီကန်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးဆူဇူကီး (ဗိုလ်မိုးကြိုး) အကူအညီဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ) ကို ဦးဆောင်ဖွဲ့စည်းကာ ၁၉၄၂ တွင် ဂျပန်တပ်မတော်နှင့်အတူ စစ်ကြောင်း သုံးကြောင်း ဖြန့်ခွဲ၍ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင်ပင် ဘီအိုင်အေကို ဗမာ့ ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) အဖြစ် ပြောင်းလဲပြီး ဗိုလ်မှူးကြီး ရာထူးဖြင့် စစ်သေနာပတိချုပ် အဖြစ် တာဝန်ယူ [...]

ကွန်ပျူတာ ဗိုင်းရပ်စ်
ဗိုင်းရပ်စ်နှိမ်နင်းရေး ပစ္စည်း ထုတ်လုပ်သော လုပ်ငန်း နယ်ပယ်ကြီးသည်လည်း နေ့ချင်းညချင်း ဖွံ့ထွား လာသည်။ သို့သော် သူတို့က တကယ်နှိမ်နင်းနိုင်သလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပြန်။ သူတို့၏ ပစ္စည်း များက ဗိုင်းရပ်စ်အသစ် များကို တကယ် ပိတ်ဆို့ထားနိုင်သည့် အချိန်ရောက်ပြီဆိုလျှင် အဲဒါ က နောက်ကျနေ ပါပြီ။ အဲဒီအချိန်မှာ ကိုဖျက်တို့က လုပ်ချင်တာ အကုန်လုပ်ပြီးနေပြီလေ။ ကုမ္ပဏီ၏ လုပ်ငန်း လျှို့ဝှက်ချက်များ ခိုးထုတ်သည်။ ဒေတာများ ဖျက်သည်။ [...]