သတင်းဆောင်းပါး၊ သတင်းမှတ်တမ်းများ


ယနေ့ ကမ္ဘာ အရပ်ရပ်တွင် အကြမ်းဖက်မှုတို့ နေရာအနှံ့ ပျံ့နှံ့ကြီးထွား လာနေကြသည်။ နိုင်ငံတကာမှ အသံလွှင့် သတင်းများ၊ အင်တာနက် စာမျက်နှာများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ။ ပြောရ လျှင် နေရာအနှံ့၊ မီဒီယာအား လုံးတို့မှာ အကြမ်းဖက်မှု သတင်းများ သည် အသွင်သဏ္ဌာန်စုံ၊ ဖြစ်ရပ်မျိုးစုံ၊ အကြောင်း အရာစုံဖြင့် လွှမ်းမိုးနေ တော့သည်။ ထိုအခါ စဉ်းစားစရာတွေ ရှိလာသည်။ [...]

ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင် (၄၂)
ပါမောက္ခ တိုရူအိုနိုက “မြန်မာ လူ့အဖွဲ့အစည်းနှင့် ယင်း၏ တန်ဖိုး” ဆိုတဲ့ စာအုပ်ထဲမှာ ပုံဂံနားကလူတွေ အနေနဲ့ ညောင်ဦးနဲ့ ပုဂံကြားက နေရာရဲ့ အောက်ဖက် ၂၄ ယူဇနာအနက် မှာ ငရဲရှိနေတယ်လို့ ယုံကြသတဲ့။ (တစ်ယူဇနာကို ၈ ကီလိုမီတာ ရှိပါတယ်။) ဒါကြောင့် ကျွန်မက ပုဂံမှာ လျှောက်လည်ခိုက် ကျွန်မ ရပ်နေတာ ဘယ်ငရဲပေါ်မှာ ပါလိမ့်လို့ တွေးမိတတ်ပါတယ်။ [...]

လက်ပံတောင်းတောင် အစီရင်ခံစာ၏ အထူးသတင်း သုံးသပ်ချက်
မတ် ၁၁ ရက်တွင် လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း ရေးကော်မရှင်၏ အစီရင်ခံစာ ပေါ်ထွက် ခဲ့ပြီးနောက် ပြည်တွင်းပြည်ပမှ သဘော တူညီမှုများ၊ သဘောမတူညီမှုများ စ သည်ဖြင့် တုံ့ပြန်မှု အမျိုးမျိုးပေါ်ထွက် လာခဲ့ရာ မြန်မာအင်ဒီပဲန်ဒင့်က လက် လှမ်းမီသ၍ စုစည်းဖော်ပြလိုက်ပါသည်။ [...]

မြန်မာနိုင်ငံနှင့် မြေယာ အငြင်းပွားမှုများ (၂)
ထိန်းမနိုင် သိမ်းမရ ဖြစ်ပွားနေသော မြေယာ သိမ်းယူမှု များက သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု များနှင့် နိုင်ငံ၏ စီးပွားရေး ယေဘုယျ အလားအလာ တို့ကိုပါ ဘေးသင့်စေမည့်အလားအလာများ ဖြစ်ပေါ်စေ သည်။ လက်ရှိပွင့်လင်း မြင်သာမှုမရှိသော ပြည်သူတို့ကို ကိုယ်တိုင်ပါဝင်ခြင်းမရှိသော မြေယာ စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် စီမံကိန်း ရေးဆွဲခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်များသည် ပြည်သူလူထု၏ အမြင်၌ “လယ်ယာမြေ အလွှဲအပြောင်းများကို တရားဥပဒေစိုးမိုးမှု ပြင်ပ၌ [...]

မြန်မာနိုင်ငံနှင့် မြေယာအငြင်းပွားမှုများ(၁)
စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စိုက်ပျိုးရေး စီမံကိန်းဌာနက ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထုတ်ပြန် ခဲ့သော အစီရင်ခံစာအရ ကုမ္ပဏီပေါင်း ၂၁၆ ခု တို့သည် လယ် မြေဧကပေါင်း ၁.၇၅ သန်း (၇ဝ၈၂ဝဝ ဟက်တာ) ကို နိုင်ငံတော်က ပေးအပ်သော အထူးအခွင့်အရေးဖြင့် သိမ်းယူခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ အငြင်းအခုံ ဖြစ်နေသော မြေယာပြဿနာ အများအပြားမှာ ၁၉၉ဝ ခုနှစ်များ၏ အလယ်ပိုင်း နှင့် [...]

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄ဝ)
ပုဂံမှာ ဟိုးအရင်က ဘုရားပျက် အကြိုအကြားတွေထဲထိ လူတွေက နေခဲ့ကြပြီး စစ်အစိုးရ တက်ပြီးကာမှ လူတွေ ကို ဘုရားတွေနဲ့ ဝေးတဲ့နေရာ ဆီရွှေ့ပြောင်းပေး ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အိမ်အသစ်တွေ ဟာ အသက်မဝင်တာပါ။ နေရာအ သစ်မှာ စိုက်ခင်းတချို့ရှိသလို တည်းခိုခန်းတချို့လည်း ရှိပါတယ်။ ရွှေ့ခဲ့ တုန်းက လူငါးသောင်းကျော် ရွှေ့ခဲ့တာဖြစ်ပြီး သစ်ပင်ရယ်လို့ ဟုတ်တိ ပတ်တိ မရှိတဲ့နေရာကို ပြောင်းရွေ့ ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ပုဂံမြို့ဟောင်း [...]

နာကျင်ခံစားခဲ့ရသည်ကို မေ့ဖျောက်နိုင်သော်ငြား သမိုင်းဖြစ်ရပ်သည် မေ့၍မရ
မိမိတို့ ဒီမိုကရေစီအရေးတွင် ပါဝင်လှုပ်ရှားစဉ် ရရှိ ခဲ့သည့် နာကျင် ခံစားရသည်များကို မေ့ဖျောက်နိုင်သော် လည်း ယင်းအရေးတော်ပုံ၏ သမိုင်းဖြစ်ရပ် များကိုမူ မေ့ဖျောက်ပစ် ရန် မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီက မတ်လ ၅ ရက်နေ့ တွင် မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြား သည်။ [...]


မိမိ၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုသူများသည် မိမိတို့ နှစ်သက် လက်ခံနိုင်သော ဈေးနှုန်း များဖြင့်ရောင်း ဝယ်လိုကြသည်။ ယင်းတို့၏ လွတ်လပ်ခွင့်များကို ကန့်သတ် ချုပ်ချယ်ရန် ကြိုးစားသော ဖိနှိပ်သည့် အစိုးရများကို အလိုမရှိကြပေ။ ဖိနှိပ်သော အစိုးရ ဆိုသည် ကလည်း ယင်းတို့ ကိုယ်တိုင် စီးပွားရေးကို စီမံလုပ်ကိုင် ချယ်လှယ်နိုင်သည့် စနစ်တစ်ခုကို ထူထောင်လိုပြီး ပြည်သူ များက လွတ်လပ်စွာ ပြောဆိုရေးသား [...]

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၉)
ကားနောက်ခန်း အလယ်မှာ ထိုင်ပြီး မညီမညာ အဖုအထစ် အချိုင့်အပိန့်တွေ များလှတဲ့ လမ်းတစ်လျှောက် တစ်နာရီကျော်ကြာအောင် စီးပြီး လိုက်လာ ရတာဟာ ကိုယ့်ကိုယ်ကို ညာပြီး နှစ်သိမ့်တဲ့ အတတ်ပညာကို လေ့လာနေရသလိုပါပဲ။ ကားလေးက မြို့လယ် ကနေ အရှေ့မြောက် ဘက်ဆီ ဦးတည်နေပါတယ်။ ကား လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာတော့ ရထားလမ်းကို တွေ့ရပါတယ်။ [...]

ကချင်စစ်ပွဲများ အဆုံးသတ်နိုင်ရေး အဖြေ မပေါ်သေး
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မခွဲ ၃၃၇ အရ ပြည်ထောင်စု အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးသည် နိုင်ငံတော် ကာကွယ်ရေးတပ်ဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် သာ ရှိရမည်ဖြစ်သည်။ ဤသို့ဖြင့် လက်ရှိ အရပ်သားတစ်ပိုင်း အစိုးရက ပင်လုံစာချုပ်ကို ခေါင်းမာစွာ ဖက်တွယ်ထားသော တိုင်းရင်းသား လူမျိုးစု တို့၏ သဘောထားကို စွန့်လွှတ်ရန် ထောက်ပြလာခဲ့သည်။ [...]