ဆောင်းပါး ကဏ္ဍ၊ သတင်းမှတ်တမ်းများ

ငြိမ်းချမ်းရေးလမ်းကို တကယ်လျှောက်နေကြသလား
ပုံရိပ် ၁ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အစည်းအဝေး ခန်းမတစ်ခုလုံး လက်ခုပ်သံ တဖျောင်းဖျောင်း ညံသွားသည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) မျက်နှာစုံညီ အစည်းအဝေးအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် ၀၉း၃၀ နာရီ မှစတင်၍ (NRPC) အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု [...]

ပွင့်သောပန်းတို့ လန်းစေဖို့
“အသက် ၆ နှစ် ၇ နှစ်ကနေ ၁၅ နှစ်လောက်ထိ ရောက်တဲ့ အချိန်ထိ ညတိုင်း အိပ်ရာထဲမှာ ငိုရတယ်” ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံအတွင်း နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု အခမ်းအနား၏ ဟောပြောပွဲ စင်မြင့်ထက်တွင် အမျိုးသမီးတစ်ဦး တည်ငြိမ်စွာ ရပ်တည်ရင်း ၎င်း၏ ဘဝအတွေ့အကြုံကို ပြန်ပြောင်း ပြောပြနေခြင်း ဖြစ်သည်။ ရာချီနေသော [...]

ရွေးကောက်ပွဲအပြီး စစ်ပွဲများ ပိုမိုပြင်းထန်လာဟု ကချင်အမျိုးသမီးများ အစည်းအရုံး အစီရင်ခံစာကဆို
၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအပြီးတွင် စစ်ပွဲများ ပိုမိုပြင်းထန်လာကြောင်း ကချင်အမျိုးသမီး အစည်းအရုံးက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ငြိမ်းချမ်းရေး နောက်ကွယ်မှ ငိုကြွေးသံ ဟုအမည်ပေးထားသည့် မြန်မာနို်င်ငံ မြောက်ပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်နေသော တပ်မတော်၏ ထိုးစစ်ဆင်မှုများနှင့် ချိုးဖောက်မှုများ ပါဝင်သည့် အစီရင်ခံစာ တစ်စောင်အား ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) KWAT အဖွဲ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီရင်ခံစာအရ [...]

အမျိုးသမီးတွေရဲ့ ဘဝရှင်သန် လုံခြုံရေးအတွက် တရားဥပဒေ စိုးမိုးရေး ဘယ်မလဲ
ယနေ့ခေတ် ကာလတွင် အမျိုးသမီးများသည် မီးဖိုချောင်အလုပ် တကုပ်ကုပ်ဖြင့် အိမ်တွင်းပုန်း နေရသည့်ခေတ် မဟုတ်တော့ပေ။ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ အလုပ်လုပ်ကိုင် နေရပြီဖြစ်သည်။ အိမ်ထောင်သားမွေး အလုပ်ဖြင့် နစ်မွန်းနေရသည့် ဘဝမျိုးမဟုတ်ဘဲ လွှတ်တော်နိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍရပ် အသီးသီးတွင် ဦးဆောင်ဦးရွက် နေရာများမှာသာမက ကျရာနေရာများမှ ပါဝင်နေရပြီ ဖြစ်သည်။ သို့နှင့်တိုင် အမျိုးသမိးများ ရှင်သန်နေထိုင်ရသည့် ဘဝတွင် မလုံခြုံရမှု၊ စိတ်မချရမှုများနှင့် တရားဥပဒေ စိုးမိုးမှု [...]

အမေရိကန်နှင့် ဆက်ဆံရေး အနာဂတ်
အမေရိကန် ရွေးကောက်ပွဲ သမိုင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ပွဲတစ်ပွဲအဖြစ် ဆင်နွှဲပြီးနောက် ရီပတ်ဘရီကန် ပါတီမှ ဒေါ်နယ်ထရန့်က ဒီမိုကရက်တစ် ပါတီမှ ဟီလာရီ ကလင်တန်ကို နိုဝင်ဘာ ၉ ရက် မဲရေတွက်မှုတွင် အနိုင် ပိုင်းလိုက်ကာ ၄၅ ဦးမြောက် အမေရိကန် သမ္မတ ဖြစ်လာသည်။ မြန်မာနိုင်ငံသား အချို့မှာ ဒေါ်နယ်ထရန့် အနိုင်ရရှိခြင်းဖြင့် မြန်မာ-အမေရိကန် အရေးနှင့် ပါတ်သတ်ပြီး စိုးရိမ် ပူပန်မှုများ ရှိနေသည်။ မြန်မာနိုင်ငံသား [...]

ကုန်ဈေးနှုန်း ပြဿ      နာ ဘယ်တော့ အဖြေရှာမှာလဲ
နှစ် ၆၀ ကြာ ပြဿ နာဟောင်းများ အကြား ခေါင်းနစ်နေသော အစိုးရသစ် လက်ထက်တွင် စီးပွားရေးက အေးစက်စက် ဖြစ်နေသော်လည်း ငွေကြေးဖောင်းပွနှုန်း၊ ကုန်ဈေးနှုန်းက ခေါင်းထောင်လာသည်။ ပြည်ပပို့ဆန် ဈေးကျဆင်းနေသော်လည်း ပြည်တွင်းဆန်ဈေးနှုန်း မှာမူ လိုက်မမီအောင် မြင့်တက်နေသည်။ ထိုသို့သော ကမောက်ကမ အခြေအနေများ အကြားတွင် ပြည်သူဆို့သည် မလှုပ်သာ မယှက်သာ လူးလွန့် ခံစားနေရသည်။ ပြီးခဲ့သည့် ၆လတာအတွင်း အစိုးရသည် မျှော်မှန်းသလောက် စီးပွားရေး တိုးတက်အောင် [...]

သမိုင်းလူသား “ဂျိုးဇက်ပူလစ်ဇာ”
ဂျိုးဇက် ပူလစ်ဇာသည် ဟန်ဂေရီ နွယ်ဖွား အမေရိကန်နိုင်ငံသား ရှေ့နေ၊ သတင်းထောက်၊ သတင်းစာထုတ်ဝေ သူနှင့် သတင်းအရေးအသား တီထွင် သူ သတင်းစာ ပညာရှင်ဖြစ်ပြီး သတင်း စာ ပညာဖြင့် အကျင့်ပျက် ခြစားမှုများကို စွမ်းစွမ်းတမံ တိုက်ဖျက်ခဲ့သူဖြစ် သည်။ ပထမဆုံး သတင်းစာပညာ သင်ကျောင်း ထူထောင်ခဲ့သူ ဖြစ်ပြီး ပထမဆုံး သတင်းနှင့် သတင်းဓာတ်ပုံ တို့ အဖြစ် သမိုင်း၊ ကဗျာ၊ ဂီတနှင့် ပြဇာတ်တို့ [...]

ပညာရှင် တစ်ဦးကို ကြက်ကလေး ငှက်ကလေး တစ်ကောင်လို ဖမ်းလိုက်မိလေ သလား
ဟန့်တားရမည့် လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခုအနေဖြင့် စဉ်းစားရမှာထက် ဒေါင်းလုတ်ဆွဲသည့်ကိစ္စကို အမှု လုပ်မည် တကဲကဲဖြစ်နေသည်။ ထို့ကြောင့် ၂ ရက်တာ ကြာမြင့်ခဲ့သည့် ကြောင်နှင့် ကြွက် စိန်ပြေးတမ်း ကစားသည့် ပွဲက ကွန်ပျူတာနှင့် ကြေးနန်း ဆက်သွယ်မှုဆိုင်ရာ စွဲဆိုချက်များ အဖြစ် ရောက်ရှိသွားသည်။ မစ္စတာ ဆွတ်ဇ် (သေဆုံးစဉ် ၂၆ နှစ်)က နှစ်ရှည် ထောင်ဒဏ် ကျခံရဖွယ် ရှိနေပြီး သူ၏အမှုက ၂ဝ၁၁ ခုနှစ်၊ [...]


“တရားလို သို့မဟုတ် တရားခံ တစ်ဦးဦး၏ မတတ်ကျွမ်း မလိမ္မာမှု ကြောင့် ဖြစ်ရပ်မှန်ကို တင်ပြနိုင်ခြင်း မရှိသည့် အမှုမျိုးတွင် ဖြစ်ရပ်အမှန်ကို ပေါ်လွင် ထင်ရှား လာအောင် စစ်ဆေး ထုတ်ဖော်ပေးရန် တရားသူကြီး ဝတ္တရား ဖြစ်သည်။ အမှန်တရား ထုတ်ဖော်ရေးကို အဓိကမထားဘဲ ဒိုင်လူကြီး အနေဖြင့်သာ အဆုံးအဖြတ်ပေးလျှင် တရား သူကြီး တာဝန် ကျေပွန် လိမ့်မည် မဟုတ်ပေ။ [...]

ဝေဒအသံ (၄၇)
၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဇာတာရှိ ဗြိစ္ဆာလက်နှင့် ၁ဝ တန့်ရှိ အင်္ဂါဂြိုဟ်ကို ကောင်း ကင်ရှိ စနေဂြိုဟ်နှင့် ကြာသပတေး ဂြိုဟ်တို့မှ စီးနင်းပြီး ဘောမဇီဝ ယုဂ် ရရှိမည်ဖြစ်သောကြောင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ များတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အမှန်တကယ် လိုလားနေသော နိုင်ငံခေါင်းဆောင် သစ်များ ပေါ်ထွက် လာစေနိုင်ကြောင်း ကောင်းကင်ဂြိုဟ် အနေအထားများ တွက်ချက်မှုအရ သိရှိရပါသည်။ [...]