နိုင်ငံတကာသတင်း၊ သတင်းမှတ်တမ်းများ

အမေရိကန် သမ္မတ ရွေးကောက်ပွဲအပြီး ဒေါ်လာဈေး လှုပ်ခတ်
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ပြီးနောက် တစ်ဒေါ်လာကို ၁၂၉၀ ကျော်မှ ၁၂၈၃ကျပ် အထိ ဈေးကျခဲ့ပြီးနောက် ယနေ့တွင် တစ်ဒေါ်လာကို ၁၂၉၉ ကျပ် အထိ ပြန်တက်လာခဲ့သည်။ အမေရိကန် ရွေးကောက်ပွဲအပြီး ငွေဈေးကျနိုင်ကြောင်း ခန့်မှန်းချက်များ ရှိသော်လည်း အဆုံးသတ်ရလဒ်မှာ ၁၃၀၀ နားကပ်လာခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလ ၁၀ ရက် ညနေ ဘက်တွင် ပြင်ပငွေလဲလှယ်သည့် ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ်၁၂၉၉ ပေါက်ဈေးရှိသည်။ ထိုမျှမကသေး အိမ်ခြံမြေ [...]

မြန်မာအပေါ် သဘောထား မပြောင်းလဲဟု အမေရိကန် သံအမတ်ကြီးပြော
ပေါ်ထွက်လာသည့် အစိုးရမှာ မည်သူဖြစ်စေ၊ မည်သည့် ပါတီဖြစ်ဖြစ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်ကို ကူညီပေးမည် သဘောထား ပြောင်းလဲမည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marcielက ပြောကြားခဲ့သည်။ နိုဝင်ဘာ ၉ ရက်နေ့ ရန်ကုန်မြို့ရှိ အမေရိကန် သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပခဲ့သည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ တိုက်ရိုက် စောင့်ကြည့်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ရွေးကောက်ပွဲ တိုက်ရိုက်စောင့်ကြည့်ခြင်း [...]

ရခိုင်ကိစ္စမှာ အစိုးအနေနဲ့ ဖုံးကွယ်မှု တစ်ခုမှ မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေပြီး ဖုံးကွယ်ထားတဲ့ကိစ္စ တစ်ခုမှ မရှိဘူးလို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၄ ရက်နေ့မှာ ဂျပန်ဧကရာဇ်နဲ့ မိဖုရား၊ ဂျပန် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် တိုကျိုမြို့က National Press Club မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ [...]

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ရောက် မြန်မာများနှင့် တွေ့ဆုံ
“နိုင်ငံက ဆင်းရဲနေတဲ့ အချိန်မှာ ကိုယ်တစ်ယောက်တည်း ချမ်းသာတာဟာ ဘာမှ ဂုဏ်ယူစရာ မဟုတ်ဘူး” လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ နိုဝင်ဘာ ၁ ရက်နေ့က ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတာ ဖြစ်ပြီး ဒုတိယနေ့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာပါ။ ချမ်းသာ ကြွယ်ဝသူတွေ အနေနဲ့ ကိုယ့်ရဲ့ ချမ်းသာမှုကို ကိုယ့်အတွက် ကိုယ်သုံးပိုင်ခွင့် [...]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ သမ္မတနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိ
BIMSTEC Retreat အစည်းအဝေးနှင့် BRICS and BIMSTEC Leader´s Outreach Summit အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် နယူးဒေလီမြို့သို့ ရောက်ရှိသည်။ ထို့နောက် နိုင်ငံတော်၏ [...]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ် သမ္မတ တို့တွေ့ဆုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် ယမန်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ မိနစ် ၄၀ တွင် ဂိုအာမြို့ရှိ Hotel Leela ၌ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ သြဂုတ်လအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ [...]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သီရိလင်္ကာ သမ္မတနှင့် တွေ့ဆုံဆွေးနွေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သီရိလင်္ကာနိုင်ငံ သမ္မတ Mr.Maithritala Sirisena နှင့် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဂိုအာမြို့ရှိ Hotel Leela ၌ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ သတင်း၊ ဓါတ်ပုံ – Myanmar State Counsellor Office : Facebook [...]

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေး တက်ရောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံ တော်ချိန် ညနေ ၄ နာရီတွင် Hotel Leela ၌ ကျင်းပသည့် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေး (BIMSTEC Retreat) သို့ တက်ရောက်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ အကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီက [...]

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ
ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ ဟာ ဒီနေ့ ညနေ ၃း၅၂ မိနစ်မှာ နတ်ရွာစံသွားပြီ ဖြစ်ကြောင်း ထိုင်းဘုရင့်နန်တော်က သတင်း ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျဟာ နတ်ရွာစံချိန်မှာ သက်တော် ၈၈ နှစ် ရှိပြီဖြစ်ပါတယ်။ ထိုင်းဘုရင်ဟာ ကမ္ဘာမှာ နန်းသက်ရှည်တဲ့ ဘုရင်တစ်ပါး ဖြစ်ပါတယ်။ ထိုင်းဘုရင်ကို ၁၉၂၇ ခု ဒီဇင်ဘာ ၅ ရက်မှာ မွေးဖွားခဲ့ပြီး တိုင်းပြည်ကို နှစ်ပေါင်း ၇၀ [...]

နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကျော်ဇေယျ ဘင်္ဂလားဒေ့ရှ် သံအမတ်နှင့် တွေဆုံ
အကြမ်းဖက် ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ရေးတို့ အတွက် မြန်မာနိုင်ငံမှ ကြိုးပမ်းမှုများတွင် လိုအပ်သည့် ပူးပေါင်း ကူညီပံ့ပိုးမှုများ ပြုလုပ်ရေး ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား တွေ့ဆုံ ပြောကြား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျသည် ယနေ့ ၁၂း၃၀ နာရီတွင် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ချင်းတွင်း ခန်းမ၌ [...]