နိုင်ငံတကာသတင်း၊ သတင်းမှတ်တမ်းများ

တရုတ်နိုင်ငံတွင် မြန်မာ ဒုက္ခသည် အမြောက် အများ မရှိဟု တရုတ် အစိုးရပြောကြား
“တရုတ်နိုင်ငံ ဘက်ခြမ်းမှာ မြန်မာဒုက္ခသည် အများဆုံး အချိန်က ၃ဝဝဝ ကျော် ရှိခဲ့တာနဲ့စာရင် လောလော ဆယ်မှာ ၁ဝဝဝ တောင် မပြည့် ပါဘူး” ဟု မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခများမှ ထွက်ပြေး ဝင်ရောက် လာသော မြန်မာဒုက္ခသည်များ အကြောင်း မီဒီယာက မေးမြန်းမှုတစ်ခု ကို ပြန်လည်ဖြေကြားရာတွင် မစ္စတာ လီက ဆိုပါသည်။ [...]

မြန်မာ့ ပြုပြင်ပြောင်းလဲမှုများ ကယိမ်း ကယိုင် ဖြစ်နိုင်ကြောင်း ကုလ စုံစမ်း စစ်ဆေးရေးမှူးပြောကြား
“ပြုပြင်ပြောင်းလဲမှုတွေ မတည် မငြိမ်မဖြစ်ခင် ၊ ပြဿနာတွေ ပိုမကြီး ခင်မှာ ဒီချွတ်ယွင်းချက်တွေကို ကိုင်တွယ် ဖြေရှင်းဖို့ အခုအချိန်ကျနေပါပြီ” ဟု မစ္စတာ ကင်တားနားက ပြောသည်။ “ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှု ရှိတာ မှန်သော်လည်းပဲ အပေါ်ဆုံးက ပြုပြင်ပြောင်းလဲမှုနဲ့ အောက်ခြေက အကောင်အထည်ဖော်မှုကြား ကွာဟမှုက ကြီးမားနေဆဲပဲ။ ဒီအကဲဖြတ်ချက်ကို တရားဝင် တုံ့ပြန်ဖို့ မြန်မာ အာဏာပိုင်တွေမှာ ဘာမှ လတ်တလော အစီအစဉ် မရှိကြဘူးဟု သူက ဆိုပါသည်။ [...]

အမေရိကန်တို့၏ အကူအညီပေးရေး စီမံကိန်း များ မြန်မာနိုင်ငံတွင် စတင်နေပြီဖြစ်ကြောင်း USAID အကြီးအကဲ ပြောကြား
တစ်ချိန်က ဝါရှင်တန် အစိုးရနှင့် အနေဝေး ခဲ့သော မြန်မာအစိုးရထံမှ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိလာခဲ့ ပြီးနောက် မြန်မာနိုင်ငံအတွင်း အကူ အညီပေးရေး လုပ်ငန်းများ ကို အမေရိကန်ပြည်ထောင် စုက အလုံးအရင်း ဖြင့် ဆောင်ရွက်လာနေ ပြီဖြစ်ကြောင်း၊ USAID အဖွဲ့အကြီးအကဲ Rajiv Shah က မတ် ၇ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။ [...]


အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ သည် ယင်းတို့၏ ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်မည့် နှစ်နိုင်ငံ ပူးတွဲ ရေတပ် လေ့ကျင့်မှုကို ဘင်္ဂလား ပင်လယ်အော် အတွင်းတွင် စတင်ပြုလုပ်တော့မည် ဖြစ်ရာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု အောက်မှ ရုန်းထွက်ရန် နယူးဒေလီနှင့် ရင်းနှီးကျွမ်းဝင်လိုစိတ်ကို နေပြည်တော်က ပြသလိုက်ခြင်း ဖြစ်သည်ဟု ယူဆရသည်။ [...]


ဂျပန်နိုင်ငံ Fukushima Daiichi အနုမြူစွမ်းအင် စက်ရုံ ရေဒီယိုဓာတ် သတ္တိပျံ့နှံ့မှုဖြစ်စဉ်နှင့် ပတ်သက်သည့် ကျန်းမာရေး အန္တရာယ်များ ကို လေ့လာဆန်းစစ်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယင်းတို့၏ တွေ့ရှိချက် ကို ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ပေးခဲ့သည်။ လေ့လာ တွေ့ရှိချက်အရ ရေဒီယိုဓာတ် သတ္တိပျံ့နှံ့မှု အမြင့်ဆုံး ပမာဏ အထိ ခံစားခဲ့ရသော ကလေးငယ်များတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ အနည်းငယ် ပိုမိုမြင့်တက်လာကြောင်း သိရှိရပြီး ဂျပန် [...]

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ပိုမိုထွန်းကား ကျယ်ပြန့်စွာ ရရှိနိုင်မှု အတွက်၂ဝဝ၈ အခြေခံ ဥပဒေက အဟန့်အတား ဖြစ်စေ
မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ဥပဒေ ပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်များ ပေါ်ထွန်းလာ ပြီး အာဏာခွဲဝေ ကျင့်သုံးမှု များ ရှိလာသော်လည်း တပ်မတော်သား များ၏ အခန်းကဏ္ဍကျယ်ပြန့်စွာ ပါဝင်နေမှု ကို နိုင်ငံရေးအရ အာမခံမှုပေးစွမ်းနိုင် သည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းသည် နိုင်ငံသားများ လူ့အခွင့် အရေးပိုမိုကျယ်ပြန့်စွာ ရရှိနိုင်မှုကို အဟန့်အတားဖြစ်စေသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ ၂ဝ၁၃ [...]


World Economic Forum (WEF) on East Asia ခေါ် အရှေ့အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို ဇွန် ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင် ငံ နေပြည်တော်တွင် ကျင်းပ မည်ဖြစ်သည်။ ယမန်နှစ်က ကျင်းပ ခဲ့သော ညီလာခံ၌ WEF က ၂၀၁၁ ခုနှစ်အတွင်း စတင်ဆောင်ရွက်ခဲ့သော မြန်မာအစိုးရ၏ ရဲရင့်ပြောင်မြောက်သော စီးပွားရေးနှင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကြောင့် [...]


တိုင်းရင်းသားလူမျိုးစုများနှင့် မြန်မာစစ်တပ်ကြား စစ်မက်ဖြစ်ပွား မှုများက တရုတ်နိုင်ငံ အနောက် တောင်ပိုင်း သို့ လျှံကျဝင်ရောက် လာနိုင်မှုကို တွက်ဆလျက် မြန်မာ့နယ်စပ် အနီးတွင် တရုတ် တပ်မတော်တပ်ဖွဲ့များ လေ့ကျင့်မှု အပြင်းအထန် လုပ်ဆောင်နေကြောင်း၊ တရုတ်အစိုးရ သတင်းမီဒီယာ များတွင် သောကြာနေ့ က ဖော်ပြခဲ့ကြသည်။ [...]

ပြင်ပမှ ဝင်ရောက်သည့် ကြော်ငြာများကို မကြာမီ ကာလတွင် Firefox ပိတ်မည်
ပြင်ပမှဝင်ရောက်၍ ကြော်ငြာများပေးပို့နေသည့် ကြော်ငြာ ကွတ်ကီး (Advertising Cookies)များကို မကြာမီ ကာလတွင် Firefox က အသုံးပြုခွင့် ပိတ်ပင်သွားမည်ဟု သိရသည်။ Firefox web browser အသုံးပြုသူများ ထံသို့ ကြော်ငြာများ စဉ်ဆက်မပြတ် ပေးပို့မှုကို အကာအကွယ်ပေးရန် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ [...]

ရုရှားဥက္ကာပျံ ပေါက်ကွဲမှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃ဝ ကျော်ဖိုးရှိ
သောကြာနေ့က ရုရှားနိုင်ငံ ယူရယ်(လ) တောင်တန်း များပေါ်မှ ကောင်းကင်ပြင်တွင် ပေါက်ကွဲခဲ့ သော ဥက္ကာပျံ ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၃ဝ ကျော်ရှိကြောင်း ရုရှား အာဏာပိုင် များက ခန့်မှန်းပြောဆိုလိုက်သည်။ [...]