တွေ့ဆုံ​မေးမြန်းခြင်း၊ သတင်းမှတ်တမ်းများ

နိုင်ငံရေး လုပ်ငန်းစဉ်များထက် လူမှုရေး လုပ်ငန်းစဉ်များသာ လုပ်ဆောင်ရန် ဆန္ဒရှိဟု ၈၈ငြိမ်း/ပွင့်မှ ကိုဂျင်မီကဆို
အရပ်သား အစိုးရ တက်လာပြီးနောက် နိုင်ငံရေး ပါတီများ အနေနဲ့ ပြန်လည် ဖွဲ့စည်းမှု၊ စည်းရုံးမှု၊ ပါတီတွင်း ဆွေးနွေးမှုတို့ ရှိလာခဲ့ပြီး နောင် (၅)နှစ်ကြာ ကျင်းပလာမည့် ရွှေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အနိုင်ရရေး အတွက် လှုပ်ရှားမှုအချို့ ရှိနေပြီး ၈၈ ကျောင်းသားခေါင်းဆောင် အများစု ပါဝင်ဖွဲ့စည်းထားတဲ့ ၈၈ ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်း လူ့ဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် အချို့လည်း ပါတီတစ်ခု တည်ထောင်ကာ ရွှေးကောက်ပွဲ ဝင်နိုင်ရန် [...]

မိမိတို့ တိုင်းပြည်တွင် နိုင်ငံခြားတပ်ကို ဘယ်သော အခါမှ ခြေချခွင့်မပြု ဆိုသည်မှာ အမြဲတမ်း ကိုင်စွဲရမည့် အချက်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ပြောကြား
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက် ၍ ပြည်သူ့ လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းခဲ့ပြီးနောက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း အား မြန်မာ အင်ဒီပဲန်ဒင့်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ [...]

မည်သို့သော အကြောင်းကြောင့်မျှ ပြုပြင်ပြောင်း လဲရေး ခရီးစဉ် ကို နောက်ကြောင်းပြန် မလှည့်စေလို ဟု ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြား
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်၏ နောက်ဆက် တွဲဖြစ်စဉ်များ နှင့် ဆက်စပ်၍ ဆရာတော် အရှင် ဆန္ဒာဓိက (ရွှေပါရမီ တောရ)နှင့် တွေ့ ဆုံမေးမြန်းလျှောက် ထားခဲ့သည်များကို ဖော်ပြလိုက်ပါ သည်။ [...]

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း
လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်ပေါ်လာ ခဲ့ပြီးနောက် ပြည်တွင်းပြည်ပ လေ့လာသူများ၏ သုံးသပ်ချက် များ ပေါ်ထွက်လျက် ရှိသကဲ့သို့ ပြည်သူ့ လွှတ်တော် အတွင်း မှလည်း သဘောထားများ၊ သုံးသပ်ချက်များ ပေါ်ထွက်လျက် ရှိပါသည်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ၏ အမြင်များကို မြန်မာအင် ဒီပဲန်ဒင့်က တွေ့ဆုံမေးမြန်းခဲ့သည်များ မှ ကောက်နုတ်ဖော်ပြပါသည်။ [...]

မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကြိုးပမ်းသူ ဒေါ်နယ် ဂက်စ်နှင့် တွေ့ဆုံခြင်း
Donna Guest ဒေါ်နာဂက်စ် သည် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကြီး Amnesty International တွင် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ဌာနခွဲ အကြီးအကဲနှင့် မြန်မာနိုင်ငံဆိုင်ရာ တာဝန် ရှိသူအဖြစ် ၂၃ နှစ်တိုင် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပြီး ယခုအခါ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် စီးပွားရေး အဖွဲ့၏အရှေ့တောင်အာရှမန် နေဂျာအဖြစ် တာဝန်ယူဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ အခါအားလျော်စွာ ရောက်လေ့ရှိရာ မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်က ယင်းနှင့်တွေ့ဆုံမေးမြန်း စဉ်တွင် [...]

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံသည် အကျည်းတန်မှု အချို့ ရှိခဲ့သည် ဆိုနိုင်သော် လည်း ဒီမိုကရေစီ အရိပ်အယောင်များ၊ အလေ့အကျင့် များ ပေါ်ထွန်းစေခဲ့သည်
“ဒီမိုကရေစီ တံတားက မုခ်ဦး ပွင့်သွားတယ်လို့ တောင် ကျွန်တော်က တင်စားပြီး သုံးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာပဲပြောပြော အနည်းဆုံးတော့ ဒီမိုကရေစီ နည်းကျ ရွေးချယ်နိုင်တယ်ပေါ့ဗျာ။ ရပ်ကွက်ကျေးရွာက အားလုံးပေါင်း တစ်သောင်းခြောက်ထောင် ကျော်လုပ် ရတာ။ အောက်ခြေတွေမှာ ပြဿနာတွေ ဖြစ်တယ်ဆိုပေမယ့် ပြဿနာက တစ်ရာတောင် မပြည့်ဘူးဗျာ။ အဲဒီနောက် တဖြည်းဖြည်း တက်လာလိုက်တာ နောက်ဆုံး ဗဟို ညီလာခံ ရောက်တာပဲ” ဟု ဆိုပါသည်။ [...]

နိုင်ငံရေး ဆိုသည်မှာ လုပ်ပိုင်ခွင့် အာဏာရရန် လုပ်ဆောင်ခြင်း ဖြစ်သည်၊ သို့မှသာ တိုင်းပြည်၏ ကံကြမ္မာကို ဖန်တီးခွင့် ရမည်ဟု ဦးစိုးညွန့် ပြော
၁၉၈၈ လူထု လှုပ်ရှားမှုအပြီး ဒီမိုကရေစီရေး ကိစ္စရပ်များ ဖော်ဆောင်ရန် နောက်ဆက်တွဲ တာဝန်ထမ်းဆောင် လျက်ရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံး ဆိုင်ရာ ညီလာခံ ကို ၂ဝ၁၃ ခုနှစ် မတ် ၈၊ ၉၊ ၁ဝ ရက် များတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးညွန့်ကို [...]

တပ်မတော်တွင် စစ်လက်နက်နှင့် စစ်အင်အား ဖြည့်တင်းခြင်း ကိုသာ ဦးစားပေးနေ သဖြင့် တပ်မတော်သား တို့၏ တိုက်ရည် ခိုက်ရည် ကျဆင်းဟု ဆို
မြန်မာပြည် ရဲ့ စစ်တပ်သမိုင်းမှာဆိုရင် ကန္ဒီစာချုပ် ပြီးနောက် နှစ်ပေါင်း ၆ဝ နီးပါး လောက်မှာ မြန်မာ့ တပ်မတော်ရဲ့ အင်အားက အရှေ့တောင်အာရှမှာကို အတော်များပါတယ်။ စစ်သည် အင်အား ၄ သိန်း ၉ သောင်းနဲ့ ၅ သိန်း ကြားမှာ ရှိတယ်။ အဲဒီလို အင်အား မှာ ဖောင်းပွနေပေ မယ့် ထောက်ပံ့ရေးက မနိုင်ဘူး။ တိုက်ခိုက်ရေး အတတ်ပညာကို သင်တန်းတွေ ပေးပေမယ့် [...]

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ပေါ်လာ ရင် နိုင်ငံပိုင် သတင်းစာတွေ အနေနဲ့ ရပ်တည်ဖို့ အခက်အခဲ ရှိလာနိုင်ဟုဆို
ဂျာနယ်တွေက နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေ မယ်ဆိုတာ ကတော့ ကောင်းပါတယ်။ အခုအချိန်မှာ လည်း နိုင်ငံပိုင် သတင်းစာဆိုတာ မရှိသင့်တော့ ပါဘူး။ နိုင်ငံထဲမှာလည်း ၁၉၆၂ ခုနှစ် လောက်ကတည်း က စပြီး ပုဂ္ဂလိက သတင်းစာတွေ ပျောက်သွားခဲ့တာ အခုဆိုရင် အနှစ် ၅ဝ ကျော်လောက် ရှိပါပြီ။ နောက်ပြီး သတင်းစာ ထုတ်ဝေမယ့် အထဲမှာ ပါတီတွေလည်း ပါဝင်နေ တယ်လို့ ကြားသိရတဲ့အတွက် နေ့စဉ်ထုတ် [...]

ကချင်ပြည်နယ် ကောင်စီဥက္ကဋ္ဌ (ငြိမ်း)၊ ဒုတိယ ဗိုလ်မှူးကြီး(ငြိမ်း) ဦး M ဇော်ယော် (U M Zaw Raw)နှင့် တွေ့ဆုံ မေးမြန်းခြင်း
ကချင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ (ငြိမ်း)၊ ဒုတိယ ဗိုလ်မှူးကြီး(ငြိမ်း) ဖြစ်သူ ဦး M ဇော်ယော်နဲ့ မြစ်ကြီးနားမြို့မှာ ၂၁ ရက်၊ ဇန်နဝါရီလ ၂ဝ၁၃ ခုနှစ်က တွေ့ဆုံခဲ့ပါတယ်။ ဦး M ဇော်ယော် ဆိုရင် ကချင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ ၁၉၈၈ ခုနှစ်အထိ တာဝန်ယူ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အခုအချိန်မှာ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဦး M ဇော်ယော်ရဲ့ ကချင်စစ်ပွဲ [...]