တွေ့ဆုံ​မေးမြန်းခြင်း၊ သတင်းမှတ်တမ်းများ

ကေအိုင်အို အုပ်ချုပ်ရေး အရာရှိ ဦးဒွဲပီဆာ နှင့် တွေ့ဆုံခြင်း
ပြည်မကနေ ပြည်နယ်ကို စစ်အင်အား ပို့တာကိုက ထိုးစစ်ဆင် တာပဲ။ ဒါစစ်ဆင်ရေးပဲ။ ဒီအထဲ မှာ ဖြစ်တာတွေတော့ မပြောနဲ့တော့။ ဒီလိုသာ ထိုးစစ် ဆင်နေရင် ကျွန်တော် တို့ စစ်ဘေး ဒုက္ခသည်တွေ အတွက် စိုးရိမ်စရာပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က အခုနိုင်ငံနယ်စပ် ဂိတ်ဆုံးမှာ ရောက်နေပြီ။ ထိုးစစ်ဆင်လာပြီဆိုရင် သူတို့အတွက် စိုးရိမ်စရာပဲ။ သူတို့ဘယ်ကိုဆက်ပြီး ပြေး ရမှာလဲ။ [...]

ဇာတိမြေကို ခေတ္တရောက်ရှိနေသည့် ထိုင်းနိုင်ငံနေ ကာတွန်း ကိုဟန်လေးနှင့် တွေ့ဆုံခြင်း
လူမျိုးကြီး ဝါဒ ဖြစ်လာတာ လူတိုင်းမှာရှိတယ်။ စိတ်မှာ ရှိတတ်တယ်။ လူမျိုးတိုင်း၊ လူမျိုးတိုင်း၊ ကြီးထွား လာပြီဆိုရင် သူရဲ့ အဇ္ဈတ္တ ကို ရှေ့တန်းတင်လာတဲ့ အချိန်မှာ ဘယ်လူမျိုးမဆို လူမျိုးကြီးဝါဒ ဆိုတာ ဖြစ်နိုင် တာ ပဲ။ ကမ္ဘာမှာဆို တရုတ်လည်း ဖြစ်ခဲ့တယ်။ ဂျာမန်လည်း ဖြစ်ခဲ့တယ်။ ဗမာလည်း ဖြစ်နိုင်တာပဲ၊ ရှမ်းလည်း ဖြစ်နိုင်တာပဲ။ လူမျိုးက ကြီးထွားလာပြီဆိုရင် ကိုယ့်ရဲ့ အတ္တစိတ်ကို ရှေ့တန်းတင်ပြီး ငါ [...]

ကူညီချင်သော်ငြား မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အပေါ်တွင်သာ မူတည်ကြောင်း အောင်ဆန်း စုကြည် ကမ္ဘာ့လွတ်လပ်မှု ရန်ပုံငွေ အဖွဲ့မှ ဘုတ်အဖွဲ့ဝင် ဦးကျော်သွင် ပြော
အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သည့် အဖွဲ့အ စည်းဖြစ်သည့် အောင်ဆန်းစုကြည် ကမ္ဘာ့ လွတ်လပ်မှု ရန်ပုံငွေအဖွဲ့ (Aung San Suu Kyi World Freedom Fund) အား ကိုယ်စားပြု၍ ရောက်ရှိလာသည့် မြန်မာ နိုင်ငံ အတွင်း အချို့သော အထောက်အပံ့ အကူအညီများပေး ရန်အတွက် ရောက်ရှိနေသည့် အဆိုပါရန်ပုံငွေ အဖွဲ့မှ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးကျော်သွင်အား မြန်မာနိုင်ငံအတွက် မည်သို့သော [...]

ကျန်းမာရေးစနစ် သည် မည်သည့်နိုင်ငံမှာမျှ ထိတ်ထိတ်ကြဲကောင်းမွန်ခြင်း မရှိ၊ ပျင်းရိဖွယ်ဖြစ်ပြီး စိတ်ဝင်စား ဖွယ် မရှိသော်လည်း ထိရောက်မည့် လုပ်ဆောင် ချက်များကို မည်သို့ တင်ပြမည်နည်းဟု ဒေါက်တာ မြတ်ထူး ရာဇတ်က မီဒီယာကို စိန်ခေါ်
အပြည်ပြည် ဆိုင်ရာ ကျန်းမာရေး စနစ် မြှင့်တင်နိုင်ရေး လုပ်ငန်းများတွင် လုပ်ဆောင်နေသော အမေရိကန် ပြည်ထောင်စု တွင် နေထိုင် သည့် ဒေါက်တာ မြတ်ထူး ရာဇတ် သည် ပြည်တွင်း တွင် ဆရာဝန် တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပြီးမှ အပြည်ပြည် ဆိုင်ရာ ကျန်းမာရေး အဖွဲ့ အစည်းများတွင် အကြံပေးသူ၊ စီမံကိန်း တာဝန်ခံ စသည့် တာဝန်များကို ထမ်းဆောင်နေ သူ ဖြစ်ရာ ယင်းကို မြန်မာအင်ဒီပဲန်ဒင့်မှ [...]

လူတစ်ယောက်ကို ရိုက်နှက်ခြင်းထက် ရဟန်းသံဃာကို ရိုက်နှက်သည့် အကုသိုလ်က ပိုကြီးမားကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) မိန့်ဆို
“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး စုံစမ်းစစ်ဆေး ရေးတွေ လုပ်နေပြီ ဖြစ်တယ်။ တကယ် ဖြစ်သင့် ဖြစ်ထိုက်တာတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်အောင် ဆန်း စုကြည်ဟာ အမှန်တရားနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်မယ့်သူ မဟုတ်သလို၊ ရဟန်းရှင်လူ ပြည်သူတွေက ယုံကြည်ရတဲ့သူ လည်း ဖြစ်နေလို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသင့်သည်နှင့် ပတ်သက်၍ မိန့်ကြားခဲ့သည်။ [...]

လက်ရှိ အစိုးရနှင့် စစ်တပ်၏ နိုင်ငံရေးပါဝါ ယူမှုသည် ၁၉၈၈ ခုနှစ်ထက်ပင် ပိုမို အင်အား ခိုင်မာလာသည်ကို တွေ့ရဟု ဆို
၈၈ တုန်းက စနစ်ကိုတော်လှန်တဲ့ သူကော အုပ်ချုပ်သူ ဘက်ကကော အားနည်းတယ်။ တို့တစ်တွေဘက်က အားသာလာသလိုပဲ အစိုးရဘက်ကလည်း ဖွဲ့စည်းပုံကို စနစ်တကျနဲ့ အကောင်အထည် ဖော်ပြီး ချုပ်ကိုင် ထားနိုင်ပြီ။ သူတို့ရဲ့  အာဏာရှင် စနစ်တစ်ခုကနေ နောက်တစ်ခု ကို ပုံစံ ပြောင်းလဲတဲ့အခါ သူ့ရဲ့လိုအပ်ချက်တွေကို ထောက်တိုင်တွေ ယန္တရား တွေအဖြစ် တည်ဆောက်ခဲ့ တာပေါ့။ [...]

CPI မှ Chief Representative နှင့် မြစ်ဆုံဆည် စီမံကိန်း
၂ဝ၁၁ ခုနှစ် စက်တင်ဘာလပိုင်း ၃ဝ ရက်မှာ သမ္မတ ကြီးက ရပ်ဆိုင်းဖို့ ကြေညာပြီးတဲ့ နောက်ပိုင်း စက်ယန္တရားကြီးတွေ ကိုပါ ရွှေ့ဖို့ အစီအစဉ် ရှိပြီးသား။ ဒါပေမယ့် လုပ်ထုံးလုပ်နည်း အရ Export လိုင်စင်တွေ လျှောက်ရတယ်။ လိုင်စင်က အခု ၂ဝ၁၂ ခုနှစ် ဇူလိုင်လပိုင်းမှ အတည်ပြုချက် ရတယ်။ ၂ဝ၁၂ ခုနှစ်၊ ဧပြီလပိုင်းမှာ မြစ်ကြီးနားမှ တရုတ်ပြည်သို့ သွားသည့် လမ်းပိုင်းရှိ တံတားတစ်ခုကို [...]

ပြုပြင်ပြောင်းလဲရေး အတွက် မက်လုံးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်၊ စစ်ဗိုလ်ချုပ်ကြီးများ ကို စစ်ခုံရုံးတင်ရန် ဒေါ်အောင်ဆန်း စုကြည် မလုပ်လို
စစ်ဗိုလ်ချုပ်ကြီးများကို စစ်ခုံရုံး တင်သင့်သည်ဟုလည်း အကြုံပြု လာကြသဖြင့် ဒေါ်အောင် ဆန်းစုကြည် ၏ သဘောထားကို မေးရာ သူ့အနေ ဖြင့် မလုပ် လိုကြောင်း၊ သို့သော် လုပ်လိုသူများ ရှိနိုင်ကြောင်း၊ အများစုကမူ ထိုသို့ လုပ်လိုကြမည် မဟုတ်ကြောင်း၊ မြန်မာ တို့သည် လက်တွေ့ ကျသော်လည်း အညှိုးကြီးသောလူမျိုးများ မဟုတ် ပါကြောင်း ပြောကြားခဲ့သည်။ [...]

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးမှာ အားနည်းချက် ရှိဟု ဒေါ်စောမြရာဇာလင်း ဆို
ရခိုင်ပြည်နယ်ရဲ့ အရေးအခင်းမှာ ဘာသာရေး တစ်ခုစီပေါ်မှာ အခြေခံတဲ့ လူမျိုး နှစ်မျိုး ပုံစံမျိုး ဖြစ်သွားတာကတော့ ငြင်းလို့လည်းရမှာ မဟုတ်ပါဘူး။ တစ်ဖက်က ဘုန်းတော်ကြီးတွေ ပါတယ်ဆိုလို့ရှိရင် တစ်ဖက်ကလည်း ဘာသာရေး ခေါင်းဆောင်တွေ ပါသင့် တယ်လို့ ကျွန်မအနေနဲ့ မြင်တယ်။ ဒီကော်မရှင်ဟာ လွတ်လပ်ပြီးတော့ တရားမျှတမှု ရှိအောင် လုပ်လိမ့်မယ် လို့တော့ အများအားဖြင့် မျှော်လင့်ပါတယ်။ [...]

ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် လွှတ်တော် ရေးရာ ကော်မတီ တစ်ခုရဲ့ခေါင်းဆောင် ဖြစ်နေချိန်မှာ လွှတ်တော်ကို သံသယ ရှိနေရင် သင့်တော်ပါ့မလား
မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ ကသည်း လူမျိုးတွေ ဝင်ရောက်အခြေချ နေထိုင်လို့ ချင်းတွေနဲ့ မဏိပူရ ဟိုဘက်က ကသည်းတွေနဲ့ ဖြစ်နေတဲ့ ပြဿနာ ရှိသလို၊ ကချင်မှာ ရှမ်းမြောက်မှာ တရုတ်ပြည်ဘက်က သန်း နဲ့ချီပြီး ဝင်ရောက် နေတာတွေ ရှိပါတယ်။ အဲဒီပြဿနာတွေကို ထည့်မစဉ်းစားတော့ဘဲနဲ့ လူဝင်မှု ကြီးကြပ်ရေး ကို ဖြေလျှော့ ပေးစေချင်တဲ့ သဘောမျိုး ပြောနေတာဟာ မြန်မာနိုင်ငံ ပြဿနာကို သူက အတိုင်းအတာ တစ်ခု ထိပဲသိပြီးတော့ [...]