တွေ့ဆုံ​မေးမြန်းခြင်း၊ သတင်းမှတ်တမ်းများ

ပြန်ကြားရေး ဌာနအားလုံး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်
သူတို့ရဲ့ အတွေ့အကြုံလည်း လိုချင်တယ်။ ဒါကိုယူလို့ ကျွန်တော်တို့နဲ့ ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ အရာရာတိုင်းမှာ သဘောတူတာ မဟုတ်ပါဘူး။ သမ္မတကြီး ပြောသလို မတူတာတွေ ခဏထား၊ မြန်မာနိုင်ငံမှာ မီဒီယာဖွံ့ဖြိုး တိုးတက်တာကို သူတို့လည်း လိုချင်တယ်။ ကျွန်တော်တို့လည်း လုပ်ချင်တယ်။ မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့် ထွန်းကားလာတာကို သူတို့လည်း လုပ်ချင်တယ်။ ကျွန်တော်တို့လည်း လုပ်ချင်တယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ တူတဲ့ဟာတွေ ပေါင်းပြီးတော့ လုပ်တဲ့သဘောပါ။ [...]

ကေအန်ယူနှင့် အစိုးရအဖွဲ့ ငြိမ်းချမ်းရေး အကြို ဆွေးနွေး၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ သြဂုတ် လကုန်တွင် ကျင်းပဖွယ်ရှိ
ဒီလ ၅ ရက်နေ့က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲက အစိုးရဘက်မှာ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့တွေ ပါတယ်။ ဟိုဘက်ကတော့ နော်စီပိုးရာစိန်၊ ဖဒိုစောသောသီဘွဲ၊ နော်မေဦး၊ စောအောင်ဝင်းရွှေတို့ ဦးဆောင်တဲ့ အဖွဲ့တွေ ပါတယ်။ အခုတစ်ခါ ကေအန်ယူအနေနဲ့ မြန်မာနိုင်ငံ အတွင်း လာပြီးတော့ ဆွေးနွေးတာ စတုတ္ထအကြိမ်မြောက်လို့ ပြောနိုင်ပါတယ်။ [...]

ပြည်ခိုင်ဖြိုးပါတီအတွင်း သွေးကွဲမှု ဆိုသည်မှာ နှစ်ရှည်လများ အခင်းအကျင်း ကြောင့်ဖြစ်
ယခုနှစ် ဇွန်လအတွင်း အင်တာနက် စာမျက်နှာပေါ်တွင် ထွက်ပေါ် လာခဲ့သည့် ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်း သွေးကွဲမှု ရေးသား ဖော်ပြချက်များနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) တွဲဖက် အတွင်းရေးမှူး ဦးသာဝင်းက ““တို့မှာက ဒီမိုကရေစီနဲ့ မဟုတ်ဘဲ ခန့်အပ် appointed နဲ့ပဲ နှစ်ရှည်လများကြီး ဒီလိုနေလာခဲ့တဲ့ အခင်းအကျင်းကြီးက ဒီလိုလုပ် လိုက်တဲ့အခါကျတော့ ပညာရည် နည်းတဲ့အခါ [...]

“လမ်းပန်း ဆက်သွယ်ရေး ကောင်းမှ စီးပွားရေး ဖွံ့ဖြိုးမည်”ဟု ကရင်ပြည်နယ် ဝန်ကြီး ပြောကြား
ထူးခြားချက်ကတော့ ကရင်ပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေရော ငြိမ်းချမ်းရေး အဖွဲ့အစည်း တွေရော ရှိတဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အနေနဲ့ အတိအကျ ကိုင်တွယ်လို့ မရတဲ့ အပိုင်းတွေ ရှိပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ဆဲ ကာလ ဖြစ်တဲ့အတွက် အတိအကျ ကိုင်တွယ်လို့ မရဘူး။ ဒါပေမဲ့ ဒီလိုပဲ သွားလို့တော့ မဖြစ်ဘူး။ ဒါကြောင့် ပုဂ္ဂလိက မော်တော်ယာဉ်တွေ စနစ်တကျ ပြေးဆွဲဖို့အတွက် [...]

ပါတီအသံ “အန်ဒီအက်ဖ်ဟာ လွှတ်တော်မှာရော နိုင်ငံရေးမှာပါ သူများနောက်မှာ မရှိဘူး”
ပြည်သူလူထု အကျိုးစီးပွားကို သယ်ဆောင်မယ် ဆိုပြီးတော့ တည်ထောင်ထားတဲ့ ပါတီတစ်ရပ်ဟာ ပြည်သူ့ အကျိုးပြုရေးကိုသာ နံပါတ်တစ် လေ့လာပြီးတော့၊ အချက်အလက်တွေ ကောက်ယူပြီးတော့ ကိုယ့်ကိုယ်စားလှယ်တွေ ပြည်သူကြားထဲကိုလွှတ်၊ ကိုယ့်ပါတီဝင်တွေ ပြည်သူကြားထဲလွှတ် ပြီးတော့ ပြည်သူတွေ ဘာတွေ ချို့တဲ့နေလဲ၊ ပြည်သူတွေ ဘာတွေ လိုအပ်နေလဲ၊ ဥပမာ ရေ၊ မီး ကိစ္စလိုဟာမျိုးတွေပေါ့၊ နောက်ပြီး ပြည်သူအားလုံး လွှမ်းခြုံနိုင်တဲ့ ဟာမျိုးတွေပေါ့၊ သယံဇာတတွေကို ခြိုးခြံချွေတာပြီး သုံးဖို့၊ ကုန်ကြမ်းတွေ ရောင်းနေတာချည်းပဲရပ်ဖို့၊ [...]

ပါတီအသံ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)”
ရှေ့လွှတ်တော်မှာ ၃ မျိုးလောက် တင်ဖို့ရှိတယ်။ လွှတ်တော်မတင်ခင် ပြောရင် သူတို့က အလွန်အကဲဆတ်လွန်းတော့ အန်ကယ်တို့ မပြောရဲတာ မဟုတ်ဘူး။ အခုမူကြမ်း ရေးနေတယ်။ ၃ ခုမှာ ၂ ခုကတော့ အသေအချာ တင်ဖြစ်မယ်။ ၃ ခုဖြစ်ချင် လည်း ဖြစ်သွားမယ်။ ခေါင်းစဉ်တွေနဲ့ ပတ်သက်ရင် အန်ကယ် ပြောနိုင်ပါတယ်။ ပထမတစ်ခုကတော့ အန်ကယ်ပြောနိုင်တာ ပြောပါ့မယ်။ လွှတ်တော်ကဘယ်နေ့ စမယ် ဘယ်နေ့ဆုံးမယ် ဆိုတာ၊ ၁ နှစ်မှာ [...]

ပါတီအသံ “ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)”
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြီးလျှင် မဲဆန္ဒနယ် ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီမှာ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ရာ ယခုအခါ အသစ်တစ်ဖန် ပေါ်ထွက်လာသည့် ယင်းပါတီ အနေဖြင့် နိုင်ငံသားများအား ပြောကြားလိုသည့် အကြောင်းအရာများ များစွာရှိနေမည်ဟု ယုံကြည်သည့် အားလျော်စွာ မြန်မာအင်ဒီပဲန်ဒင့်မှ မေးမြန်းခဲ့ရာတွင် ပါတီခေါင်းဆောင်များ ဖြစ်ကြသည့် ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်တို့မှ ပြန်လည် ဖြေကြားပေးခဲ့ရာ... [...]

ဒုက္ခသည်များ ပပျောက်ရေး အားလုံးစုပေါင်း လုပ်ရမည်
ဇွန် ၂ဝ တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အနေဖြင့်လည်းကောင်း၊ နိုင်ငံ အရပ်ရပ်တွင် ဖြစ်ပေါ်နေသော ဒုက္ခသည်များနှင့် ပတ်သက်၍ လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးအတွက် မြန်မာပြည်အနှံ့ ခရီးများထွက်၍ ပြည်သူတို့၏ ဒုက္ခများကို မျှဝေခံစားပေးနေသော ၈၈ မျိုး ဆက်ကျောင်းသားများထဲမှ ကိုမြအေးကို မြန်မာအင်ဒီပဲန်ဒင့်က နိုင်ငံသားအသံ ကဏ္ဍ အတွက် တွေ့ဆုံမေးမြန်းထားပါသည်။ [...]

ခွဲထွက်ဖို့ တောင်းဆိုသည်မဟုတ်၊ ဖက်ဒရယ် ပြည်ထောင်စုသစ်အတွင်း အေးအတူ ပူအမျှ အတူနေလိုကြောင်း ကေအန်ပီပီ အတွင်းရေးမှူး( ၂ ) ဦးအောင်ဆန်းမြင့် ပြောကြား
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအန်ပီပီ(KNPP)က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုအဆင့် ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်၊ လွိုင်ကော်မြို့ တွင် ယခုလ ၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက် ၁၄ ချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲအပြီးတွင် ရရှိခဲ့သည့် သဘောတူညီချက်များနှင့် ကေအန်ပီပီပါတီ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့်က ပါတီအတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်ကို တွေ့ဆုံ မေးမြန်းထားပါသည်။ [...]

အနာဂတ်လွှတ်တော် ပြောင်းလဲမှုများရှိလာမည်ဟု တိုင်းရင်းသားပါတီအချို့မျှော်လင့်
အန်အယ်လ်ဒီပါတီအနေဖြင့် လွှတ်တော်သို့ ယခုအခါစတင်ဝင်ရာက်ခဲ့ပြီဖြစ်သည့်အတွက် လာမည့် ဇူလိုင်လဆန်းပိုင်းတွင် ကျင်းပမည့်လွှတ်တော်ကို ပြည်သူများသာမက၊ ကမ္ဘာပြည်သူများပါ စိတ် ဝင်စားလျက်ရှိကြသည်။ အန်အယ်လ်ဒီပါတီ လွှတ်တော်သို့ ဝင်ရောက်ရေးကြိုးပမ်းမှုတွေ မိတ်ဖက် တိုင်းရင်းသားပါတီအချို့၏ လုပ်ဆောင်ချက်များပါဝင်ခဲ့သည့်အခြေအနေအချို့ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်သန်းနှင့်တွေ့ဆုံမေးမြန်း ခဲ့ရာ.. ““ကျွန်မကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အန်အယ်လ်ဒီပါတီ လွှတ်တော်ထဲကို ရောက်လာတာ အရမ်းဝမ်းသာတယ်၊ ကြိုဆိုတယ်၊ နောက်ပြီး ဒီလိုပါဝင်ခွင့်ရလာဖို့ အရမ်းမျှော်လင့်ထားတာပေါ့၊ အခုလို ဒေါ်အောင်ဆန်းစုကြည်တို့ [...]