တွေ့ဆုံ​မေးမြန်းခြင်း၊ သတင်းမှတ်တမ်းများ

“ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မှန်းဆကြည့်ခြင်း ” NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနှင့် အင်တာဗျူး
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုများနှင့် အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုများ၊ စည်းလုံးညီညွတ်မှုများ၊ လွှတ်တော်တွင်း အခြေအနေများနှင့် ဆင်းရဲချမ်းသာကွာဟမှုများကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ နှင့် အင်တာဗျူးတွင် အောက်ပါအတိုင်းပြောပြခဲ့ပါသည်။ [...]


“ဘာကြောင့် စစ်ပွဲ ဖြစ်နေလဲ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းလို့ဖြစ်ရတာ။ ကျွန်မတို့ ဒီဟာလည်း လုပ်တာ​လုပ်နေတာပဲ။ ဒါပေမဲ့ ရောဂါရဲ့ အရင်းအမြစ်ကို ရှာပြီးတော့ Conflict Resolution ကိစ္စကို Academic ဆန်ဆန်၊ နိုင်ငံတကာ အခင်းအကျင်း​ပုံစံမျိုးစုံနဲ့ အခြားနိုင်ငံမှာ ဘယ်လိုဖြေရှင်းကြ သလဲ​ဆိုတာကို​​လေ့လာပြီး ကျွန်မတို့ရောဂါရဲ့အရင်းအမြစ်ကို ရှာပြီး​တော့​ခြေခြေမြစ်မြစ်​ဖြေရှင်းဖို့​လိုနေပြီလို့ ကျွန်မ သတိပေးချင်တယ်။ မဟုတ်လို့ ရှိရင်တော့ ဒီကိစ္စ ဘယ်တော့မှပြီးမှာမဟုတ်ဘူး” [...]

မဇင်မာအောင်နှင့် တွေ့ဆုံ​မေးမြန်းခြင်း
မြန်မာအမျိုးသမီးများ နိုင်ငံရေးတွင် ရဲရဲတင်းတင်း အရည်အချင်းရှိရှိ ပိုပြီးပါဝင်လာနိုင်အောင် ရှေ့တန်းကနမူနာပြလုပ် ဆောင်ခဲ့မှုကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကိုယ်တိုင် ၂ဝ၁၂ ခုနှစ်အတွက် ပေးအပ် ချီးမြှင့်ခဲ့သည့်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ သည့် မဇင်မာအောင်နှင့် မြန်မာအင်ဒီပဲန်ဒင့်  တို့တွေ့ဆုံမေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ပါသည်။ MIJ: မင်္ဂလာပါအစ်မရေ၊ အစ်မကိုမမေးခင် ဆုရရှိခဲ့တဲ့အစ်မအတွက် ကျွန်တော်တို့ မြန်မာအင်ဒီပဲန်ဒင့် က ဂုဏ်ယူဝမ်းမြောက် ပါကြောင်း သတင်းစကားပါးလိုက်ပါတယ်။ MZMA: ““ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်”” MIJ: အစ်မရခဲ့တဲ့ဆုရဲ့နာမည်လေးပြောပြပါဦး။ MZMA: “International Women [...]