အနုပညာသတင်း၊ သတင်းမှတ်တမ်းများ

ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းသစ်တွေနဲ့ မိတ်ဆက်ပေးဦးမဲ့ အဆိုတော် ဇော်ထွဋ်ရဲ့ “ကျောက်သားခြေရာ” တေးစီးရီး ထွက်တော့မည်
“အနက်ရောင် ဒိုင်ယာရီ” အမည်နဲ့ ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းသစ်တွေ မိတ်ဆက်ပေးခဲ့တဲ့ အဆိုတော် ဇော်ထွဋ်ဟာ သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော်ခွေကို “ကျောက်သားခြေရာ” လို့ အမည်ပေးထားပြီး လာမဲ့နှစ်ဆန်းပိုင်းမှာ ထွက်ရှိမယ်လို့ ဆိုပါတယ်။ အဆိုတော် ဇော်ထွဋ်ကို “ကျောက်သားခြေရာ” တေးစီးရီးနဲ့ စပ်လျဉ်းပြီး MIJ က ဆက်သွယ် မေးမြန်းထားတာကို ဂီတချစ်သူတွေအတွက် တင်ဆက်ပေးလိုပါတယ်။ မေး ။ အနက်ရောင်ဒိုင်ယာရီ တေးစီးရီးထွက်ပြီး အခု ဒုတိယခွေကို ကျောက်သားခြေရာလို့ နာမည် [...]

ကိုယ်ပိုင်သံစဉ် ရော့ခ် သီချင်းတွေ ရေးစပ် သီဆို ထားတဲ့ ဇော်ထွဋ်ရဲ့ အနက်ရောင် ဒိုင်ယာရီ တေးစီးရီး အကြောင်း တစေ့တစောင်း
ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းတွေ ရေးစပ် သီဆိုထားတဲ့ အဆိုတော် ဇော်ထွဋ်ရဲ့ အနက်ရောင် ဒိုင်ယာရီ တေးစီးရီး ထွက်ရှိပြီးနောက် ရော့ခ်ပရိသတ်တွေ အတွက် MIJ က ဇော်ထွဋ်ကို မေးမြန်းခဲ့ပါတယ်။ မေး – ဇော်ထွဋ်အနေနဲ့ ဒီအနက်ရောင်ဒိုင်ယာရီ တေးစီးရီးကို ဘယ်လို စတင် လုပ်ဖြစ်ခဲ့တာလဲ ဆိုတာရယ်၊ ဘယ် အချိန်ကတည်းက စတင် လုပ်နေခဲ့တာလဲ ဆိုတာ ပြောပြပေးပါ။ ဖြေ – Album တစ်ခုလုပ်ဖို့ကို စိတ်ပြင်းပြနေတာ [...]

ဆင်ခြင်တွေးဆဖွယ် အတွေ့အကြုံများ
ပညာရေး စနစ်နှင့် အနုပညာခံစားမှု များကိုလည်း “မကြည့်ဖြစ်ခဲ့သော အနုပညာပြပွဲတစ်ခု” နှင့် “စာမကျက် သော ကျွန်တော့်သမီး” တွင် တွေ့ရသည်။ ကိုယ်တိုင်သေချာ ကျနစွာ နားလည် ဆင်ခြင်ရန် မရည်ရွယ်ဘဲ ကြက် တူရွေး စာကျက်နည်းဖြင့် အလွတ် ကျက်ရသော စနစ်ဆိုးမှ ကင်းလွတ် ပြီး ကိုယ်တိုင်အားထုတ်စုဆောင်း လေ့လာ ရသည့် ပညာရေး စနစ်ကို အားကျမိစေသည်။ ကိုယ်တိုင် အားထုတ်ခြင်းမှ ရရှိစွဲမြဲစေသော မှတ်ဥာဏ်နှင့် ထိုးဖောက်တီထွင်နိုင်စွမ်း [...]

နှစ်သစ်သင်္ကြန်တွင် တွေ့မြင်ရမည့် မောင်မောင်ဆိုလေ ထီးရိုးရှည်၏ လူထု၏ ရင်ခုန်သံအဖြစ် ထိထိစပ်စပ် သံချပ်များ ကြားရမည်
တေးသံရှင် ဒီဥက္ကာက “သင်္ကြန်ကျရင် ကားထွက် မယ်။ နောက်ပြီး ဖျော်ဖြေရေးမဏ္ဍပ်တွေရော၊ ပြိုင်ပွဲဝင် မဏ္ဍပ်တွေရော လိုက်ဖျော်ဖြေမယ်လေ။ သင်္ကြန်ကား ထွက်ဖို့အတွက် သံချပ်တိုက်တာပါ။ လူထုအသံ ပြိုင်ပွဲ မဝင်ဖြစ်တာက သူတို့ပုံစံနဲ့ ကိုယ်တွေ တင်ဆက်တဲ့ပုံစံနဲ့ မကိုက်လို့ပါ။ ပထမတော့ ဆင်ဆာမရှိဘူး ဆိုလို့ ဆင်ဆာ မရှိတော့ ကြပ်ကြပ်တည်းတည်း ဘာမှမရှိဘူးလေ။ လွတ်လွတ် လပ်လပ်ဖျော်ဖြေလို့ရမယ်ထင်လို့ စာ ရင်းပေးလိုက်ပြီးတော့ နောက်ပိုင်းကျတော့ သူတို့က ပထမပြောသလို မဟုတ်ဘဲနဲ့ ဆင်ဆာရှိတယ်ဆိုလို့ [...]

မြန်မာနိုင်ငံ၌ ဈေး အကြီးဆုံးနှင့် ပရိသတ်အနည်းဆုံး နိုင်ငံတကာ ဖျော်ဖြေပွဲ
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် Micheal Learns to Rock(MLTR) ဖျော်ဖြေပွဲသည် ဂျေဆင် မရက်ဇ် ဖျော်ဖြေပွဲ ပြီးနောက် ဒုတိယမြောက် ကမ္ဘာကျော်အဆိုတော် အဖွဲ့ ဖျော်ဖြေပွဲဖြစ်ပြီး လက်မှတ်ဈေး နှုန်းများမှာ အမြင့်ဆုံး ကျပ်တစ်သိန်း ဝန်းကျင်မှ အနည်းဆုံး ကျပ် ၂ သောင်းကြားတွင် ရှိခဲ့သောကြောင့် မြန်မာပြည် တွင် ပြုလုပ် ကျင်းပခဲ့သော ရှိုးပွဲများအနက် ဈေးအကြီးဆုံး ဖျော်ဖြေပွဲဟု ဆိုနိုင်ပြီး ပရိသတ် [...]

ပါဝင်ပျံသန်းရမည့် ပုလင်းတစ်လုံး
သမိုင်းနှင့် ငြင်းခုံခြင်းအပိုင်းပါ ဆောင်းပါးများမှာလည်း သမိုင်းဆိုင်ရာ အဖြစ်အပျက်များကို အလေး မပေးဘဲ သမိုင်း အဖြစ်အပျက်များအပေါ် ချမှတ်သည့် ကောက် ချက်များ အပေါ် ဦးစားပေးချဉ်းကပ်ထားခဲ့သည်။ ဟစ် တလာသည် ဒုတိယကမ္ဘာစစ်အား ကြိုတင် အစပျိုးသူ မဟုတ်ဘဲ နာဇီနှင့် မဟာမိတ်တို့ အကြား သံတမန်ဆက် ဆံရေး အမှားကြောင့်နှင့် ဟစ်တလာ သည်လည်း အခြားသောခေါင်းဆောင် များနည်းတူ ဆင်ခြင်တုံတရား ရှိသောသူ တစ်ဦးပင်ဖြစ်ကြောင်း ဟူသော ကောက်ချက်ပါသည့် [...]


မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကမ္ဘာကျော် အဆိုတော်များ လာရောက် ဖျော်ဖြေသည့် လက်မှတ်ရောင်းပွဲ MLTR (Micheal Learn to Rock) သည် ကမ္ဘာကျော် ပန့်ခ်ရော့ခ်အဆို တော်ကြီးများ၏ ရှိုးပွဲကို မြန်မာနိုင်ငံ တွင်းမှာ ပင် ကုန်ကျစရိတ် သက်သာစွာဖြင့် ခံစားနိုင်မည့်ပွဲဟု အနုပညာရှင်တချို့ ယူဆသော်လည်း လက်မှတ်ဈေး သည် မြန်မာဆင်းရဲသား လူတန်းစား အများစု လက်လှမ်းမမီနိုင်သော ကြောင့် လူတန်းစားတစ်ရပ်အတွက် သီးသန့် ဆန်သည့် ဖျော်ဖြေမှုပွဲမျိုး [...]


ခေတ်ပြိုင်ကမ္ဘာ့မြင်ကွင်း၊ မြန်မာ့ အရွေ့တို့ကို သုံးသပ်ရေးသားလေ့ရှိ သော ဆရာကျော်ဝင်း၏ ဖတ်ရှုဖြစ်ခဲ့သော စာအုပ်များအပေါ် သုံးသပ်တို့ထိ ချက်များဖြစ်ပြီး စာအုပ်ပါအကြောင်း အရာများအပြင် စာရေးသူ၏ ကိုယ် ပိုင်သုံးသပ်ချက်အမြင်များကိုပါ ထည့် သွင်းထားသော စာအုပ်ဖြစ်သည်။ သုံး သပ်ချက် ဆောင်းပါးပေါင်း ၆၃ ပုဒ် ပါဝင်ပြီး စာရေးသူ၏ ချဉ်းကပ်ပုံ အဖုံဖုံကို လည်း ဖတ်ရှုရမည်ဖြစ်သည်။ သမိုင်း၊ အနာဂတ်၊ ခေတ်ပြိုင် ကမ္ဘာ့ရေးရာ၊ အနုပညာ၊ ဒီမိုကရက် လိုက်ဇေးရှင်းမြင်ကွင်းများ [...]


“လူထုပဲ့တင်သံ” မြန်မာ့ရိုးရာ မဟာသင်္ကြန် သံချပ်ပြိုင်ပွဲဝင်မည့် သံချပ်စာသားများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ ကြိုပြီး တင်ပြရမည်ဖြစ်ကြောင်းနှင့် စာပေ စိစစ်ရေး မရှိတော့ချိန်တွင် သံချပ်စိစစ်ရေး ပေါ်ထွက် လာခြင်းမှာ မဖြစ်သင့်ကြောင်း၊ မတ် ၁၄ ရက်က ရန်ကုန်မြို့၊ စင်ထရယ် ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြိုင်ပွဲ ဒိုင်လူကြီး တစ်ဦးဖြစ်သူ ကဗျာဆရာ သစ္စာနီက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။ [...]

တော်သော၊ အန္တရာယ်ကြီးသော ဥက္ကဋ္ဌကြီး
မော်၏အမှောင်ပိုင်းနှင့်ပတ်သက်၍ ရေးသားသော စာအုပ်များအနက် ဤစာအုပ်မှာ ထိပ်တန်းက ပါဝင်သော စာအုပ်တစ်အုပ်လည်းဖြစ်သည်။ ဒေါက်တာလီ၏ မော်သည် အများ ပြည်သူမြင်ကွင်းသို့ ကန့်သတ်ထုတ်ပြသော မော်နှင့် ကွဲလွဲ သည်။ ဤ အမှောင်ခြမ်းတွင် မော်သည် သာမန် လူသားတစ်ဦးဖြစ်နေသည်။ နိုင်ငံတစ် နိုင်ငံ၏ အကြွင်းမဲ့ အာဏာကို ဆုပ်ကိုင်ထားသူပီပီ၊ အာဏာရှင်ပီပီ၊ အမှားအယွင်းနှင့် မသန့်စင်မှုများကို သာယာတတ်သော လူသားပီပီ အားနည်းချက်ပေါင်း များစွာ ပြည့်နှက်နေ သည်။ [...]