စာအုပ်သုံးသပ်ချက်၊ သတင်းမှတ်တမ်းများ

ဆင်ခြင်တွေးဆဖွယ် အတွေ့အကြုံများ
ပညာရေး စနစ်နှင့် အနုပညာခံစားမှု များကိုလည်း “မကြည့်ဖြစ်ခဲ့သော အနုပညာပြပွဲတစ်ခု” နှင့် “စာမကျက် သော ကျွန်တော့်သမီး” တွင် တွေ့ရသည်။ ကိုယ်တိုင်သေချာ ကျနစွာ နားလည် ဆင်ခြင်ရန် မရည်ရွယ်ဘဲ ကြက် တူရွေး စာကျက်နည်းဖြင့် အလွတ် ကျက်ရသော စနစ်ဆိုးမှ ကင်းလွတ် ပြီး ကိုယ်တိုင်အားထုတ်စုဆောင်း လေ့လာ ရသည့် ပညာရေး စနစ်ကို အားကျမိစေသည်။ ကိုယ်တိုင် အားထုတ်ခြင်းမှ ရရှိစွဲမြဲစေသော မှတ်ဥာဏ်နှင့် ထိုးဖောက်တီထွင်နိုင်စွမ်း [...]

ပါဝင်ပျံသန်းရမည့် ပုလင်းတစ်လုံး
သမိုင်းနှင့် ငြင်းခုံခြင်းအပိုင်းပါ ဆောင်းပါးများမှာလည်း သမိုင်းဆိုင်ရာ အဖြစ်အပျက်များကို အလေး မပေးဘဲ သမိုင်း အဖြစ်အပျက်များအပေါ် ချမှတ်သည့် ကောက် ချက်များ အပေါ် ဦးစားပေးချဉ်းကပ်ထားခဲ့သည်။ ဟစ် တလာသည် ဒုတိယကမ္ဘာစစ်အား ကြိုတင် အစပျိုးသူ မဟုတ်ဘဲ နာဇီနှင့် မဟာမိတ်တို့ အကြား သံတမန်ဆက် ဆံရေး အမှားကြောင့်နှင့် ဟစ်တလာ သည်လည်း အခြားသောခေါင်းဆောင် များနည်းတူ ဆင်ခြင်တုံတရား ရှိသောသူ တစ်ဦးပင်ဖြစ်ကြောင်း ဟူသော ကောက်ချက်ပါသည့် [...]


ခေတ်ပြိုင်ကမ္ဘာ့မြင်ကွင်း၊ မြန်မာ့ အရွေ့တို့ကို သုံးသပ်ရေးသားလေ့ရှိ သော ဆရာကျော်ဝင်း၏ ဖတ်ရှုဖြစ်ခဲ့သော စာအုပ်များအပေါ် သုံးသပ်တို့ထိ ချက်များဖြစ်ပြီး စာအုပ်ပါအကြောင်း အရာများအပြင် စာရေးသူ၏ ကိုယ် ပိုင်သုံးသပ်ချက်အမြင်များကိုပါ ထည့် သွင်းထားသော စာအုပ်ဖြစ်သည်။ သုံး သပ်ချက် ဆောင်းပါးပေါင်း ၆၃ ပုဒ် ပါဝင်ပြီး စာရေးသူ၏ ချဉ်းကပ်ပုံ အဖုံဖုံကို လည်း ဖတ်ရှုရမည်ဖြစ်သည်။ သမိုင်း၊ အနာဂတ်၊ ခေတ်ပြိုင် ကမ္ဘာ့ရေးရာ၊ အနုပညာ၊ ဒီမိုကရက် လိုက်ဇေးရှင်းမြင်ကွင်းများ [...]

တော်သော၊ အန္တရာယ်ကြီးသော ဥက္ကဋ္ဌကြီး
မော်၏အမှောင်ပိုင်းနှင့်ပတ်သက်၍ ရေးသားသော စာအုပ်များအနက် ဤစာအုပ်မှာ ထိပ်တန်းက ပါဝင်သော စာအုပ်တစ်အုပ်လည်းဖြစ်သည်။ ဒေါက်တာလီ၏ မော်သည် အများ ပြည်သူမြင်ကွင်းသို့ ကန့်သတ်ထုတ်ပြသော မော်နှင့် ကွဲလွဲ သည်။ ဤ အမှောင်ခြမ်းတွင် မော်သည် သာမန် လူသားတစ်ဦးဖြစ်နေသည်။ နိုင်ငံတစ် နိုင်ငံ၏ အကြွင်းမဲ့ အာဏာကို ဆုပ်ကိုင်ထားသူပီပီ၊ အာဏာရှင်ပီပီ၊ အမှားအယွင်းနှင့် မသန့်စင်မှုများကို သာယာတတ်သော လူသားပီပီ အားနည်းချက်ပေါင်း များစွာ ပြည့်နှက်နေ သည်။ [...]

ခင်ဝမ်း၏ ကျေးဇူးတရား
အနုပညာ နယ်ပယ်တွင် ဝိဇ္ဇာထိုရ် တစ်ဦးသဖွယ် ရှင်သန်ဖန်တီး သွားခဲ့သည့် ခင်ဝမ်း၏ ပုံရိပ်သည် ကြုံတွေ့ သိမှီ လိုက်ကြရသူများ၏ စိတ်တွင်း ရှင်သန်နေ ဆဲဖြစ်သကဲ့သို့ လေးစား ချစ်ခင်ကြသည့် အနုပညာမြတ်နိုးသူ ပရိသတ်များအတွက်လည်း မှန်းဆ မြင်ယောင်စရာဖြစ်သည်။ တစ်ချိန်က သံယောဇဉ်ကြီးခဲ့ကြသည်။ အနုပညာသည်ချင်း ဆက်ဆံရေး၊ ထူးကဲသော အာရုံခံစားမှုနှင့် တုံ့ပြန်မှု၊ ဖန်တီးနိုင် စွမ်းတို့မှာ ခေတ်အဆက်ဆက် ပရိသတ် တို့အတွက် စွဲငြိစရာပင်ဖြစ်သည်။ [...]

သရော်သော ပြဇာတ် သ က အ လ
ခေတ်ဟောင်း တစ်ခုမှ ဝါဒဖြန့်လက်ရာတစ်ခု ဆိုသော်လည်း သီလ၊ စာရိတ္တ၊ ပျက်စီးရာ အကြောင်းခံသည် အတူတူချည်းပင်ဖြစ်ကြောင်း သိနိုင်သည်။ လက်ရှိ ခေတ်ကာလမြင်ကွင်းနှင့် နှိုင်းယှဉ် ဆင်ခြင်နိုင်မည်လည်း ဖြစ်သည်။ ဇာတ်ကောင်တို့ ၏ ပြောင်မြောက်သော ပြောစကားများမှတစ်ဆင့် စာရေးသူ၏ ဖန်တီးမှုကို ရရှိခံစားနိုင်မည်လည်း ဖြစ်သည်။ [...]

ရက်စက်သော မေးခွန်းတစ်ခု
စနစ် ကြောင့်၊ လူကြောင့် စသည်ဖြင့် မည်သည့် အကြောင်းပြချက် မျှ ပေးမထားဘဲ လူသားတို့ အသက်မွေးပုံချင်း ကွဲပြား ကြပုံကိုသာ နောက်ခံပြု ထားသည်။ နေ့တဓူဝ ဆက်ဆံရင်းနှီးနေကြရသော မီးရထားဝန်ထမ်းနှင့် မှောင်ခိုတို့ ကြား မှ ဆက်ဆံရေးကို မျောက် သုံးကောင် မီးခြစ်တံဆိပ်နှင့် ဥပမာဆိုထားသည် မှာ ထိရောက်လှသည်။ ဤလူတန်းစား နှစ်ရပ်သာမက ခေတ်စနစ်တစ်ခု လုံး၏ သရုပ်ကိုလည်း ပေါ်လွင်စေ သည်။ [...]


တိုင်းရင်းသား ဘာသာစကား နှင့်စာပေကဏ္ဍတွင် ပါဝင်သောအသံ လွှင့်ချက်များသည်လည်း အရေး တယူ ပြုရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာ စာပေ ချည်း သက်သက် တစ်ဖက်သတ် ဖွံ့ဖြိုးစေခြင်းထက် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု ကိုလည်း ထိန်းသိမ်းနိုင်ရန်၊ ဖွံ့ဖြိုး တိုးတက်စေရန် စာရေးသူက တပ်လှန့်ထားသည်။ လတ်တလော လွှတ်တော်နှစ်ရပ်တွင် နိုင်ငံ့အရေး ဆောင်ရွက်ကြမည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အတွက်လည်း အထောက်အကူ တစ်ရပ်ဖြစ်မည်ဟု ယူဆသည်။ [...]

ဘာလဲဟဲ့ ၊ ပြန်လည် ချေပချက်များ
နိုင်ငံရေး၊ လူမှုရေးအကြောင်း အရာများဖြစ်သော်လည်း ကျမ်းကြီး ကျမ်းခိုင်များကဲ့သို့ မဟုတ်ဘဲ သာမန် အရပ်သား အတွေးအခေါ်၊ အရပ်သား တုံ့ပြန်ချက်၊ အရပ်သား စကားလုံးများဖြင့်သာ ရေးသားထားသည်။ သာမန်ပြည်သူ တစ်ဦး၏ တွေးဆပုံ၊ ရှုမြင်ပုံ များဖြင့် ပြန်လည်တုံ့ပြန်ရေး သားထားခြင်းဖြစ်သည်။ စာရေးသူ ကိုယ်တိုင် မှာလည်းနိုင်ငံရေး နယ်ပယ် မှမဟုတ်ဘဲ စာရေးသူတစ်ဦးဖြစ် သည့်အတွက် ပြည်သူတို့နှင့်အတူ ဘဝအတွေ့အကြုံအရ မသိမဖြစ်သိ လာရသော ဘဝနိုင်ငံရေးဓာတ်ခံကို သာ အားပြု၍ ရေးသားထားခြင်း [...]

ရိုးသားရဲရင့်သော ခေါင်းဆောင်တစ်ဦး
ဒုတိယကမ္ဘာစစ် မဖြစ်မီ ၁၉၃၇ ကတည်းက ဘုရင်ခံ၏ အတိုင်ပင်ခံ အမတ်အဖြစ် စတင်တာဝန်ထမ်းဆောင် ခဲ့ပြီး မြန်မာ့လွတ်လပ်ရေး သမိုင်းစဉ်တွင် ဆက်တိုက် ပါဝင် လှုပ်ရှားလာခဲ့သူတစ်ဦး၏ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက် ခဲ့မှုများကို မှတ်တမ်းရှည်ကြီး တစ်ခုသဖွယ်လေ့လာ မိစေသည်။ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ထက်သန်ပြီး ရိုးသားရဲရင့်သော ကရင်အမျိုးသား ခေါင်းဆောင်တစ်ဦး၏ ပုံရိပ်ကိုလည်း မြင်ကွင်းကျယ် နိုင်ငံရေး နောက်ခံကားချပ်ထဲမှ အချက်တစ်ချက်တွင် တောက်ပ ထင်ရှားလာသည်ကိုလည်း တွေ့ရသည်။ [...]