စာအုပ်သုံးသပ်ချက်၊ သတင်းမှတ်တမ်းများ

ကျွန်တော့် အဖေ(သို့) မိုးကောင်းကင်ကို ဖွင့်ခဲ့သူ
နာမည်ကျော် အနုပညာရှင်တစ်ဦး၏ ပုံရိပ်ကို သွေးသား တစ်ဦးက ပြန်လည်ဖမ်းဆုပ်ခြယ်မှုန်းထားပြီး စာရေး သူ၏ အရေးအသားမှာလည်း ရိုးသားပွင့်လင်း လွတ်လပ်နေခဲ့သည်။ ဖြတ်သန်းမှု ကာလ အပိုင်း အခြားများတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ ကိုလည်း စာရေးသူက အရင်းအတိုင်း ဖွင့်ဆိုထားသည်။ အနုပညာရှင် တစ်ဦး၏ ဖြတ်သန်းမှုတွင် ခေတ်အခြေအနေအရ ကြုံတွေ့ ခဲ့ကြရသော ဆင်ဆာတည်းဖြတ်ခြင်း ဆိုသည့် အရိပ်မည်းအောက်တွင် အမိခံခဲ့ရပုံ များကိုလည်း ပွင့်လင်းစွာ ပင်ရေးပြထားသည်။ [...]

ပြည်သူတစ်ဦး၏ တွေးဆချက်၊ အာဏာရှင် များရဲ့နိုင်ငံ
မြို့ပြလမ်းမများ၏ ကျပ်သိပ်နေသော မြင်ကွင်း၊ အရိုးစွဲ အသားကျနေသော လာဘ်ပေး လာဘ်ယူမှု ပြဿနာ များ၊ စွမ်းအင်လိုအပ်ချက်၊ ဗဟိုချုပ်ကိုင်မှု အာဏာရှင် စနစ်၏ ဆိုးကျိုးများနှင့် စာရေးသူ ကိုယ်တိုင်မက်မော လှသော တက္ကသိုလ်ရပ်ဝန်းဖြတ် သန်းမှုများကို ဤဆောင်းပါးများမှ တို့ထိ သုံးသပ်ထား ပါသည်။ [...]

ပိတ်ကားနောက်ကွယ်မှ သမိုင်းအစအနများ
စာအုပ်တွင် ရန်ကုန်ကို မည်သူ သိမ်းသနည်း။ နယ်ချဲ့အချင်းချင်း စစ်ပွဲဟာ ကျွန်နိုင်ငံတွေ အတွက် မီးတင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်း၏မူ၊ စစ်အေးတိုက်ပွဲ၊ ပွဲကြီးပွဲကောင်း၊ ကတိကိုမတည် အကြံရိုင်းတဲ့၊ ရင်တမမ နေရသော ဘိလပ်ဆွေးနွေးပွဲ၊ မှတ်တမ်းတင်အပ်သော သူရဲကောင်းများ စသည့် ဆောင်းပါး ၂၄ ပုဒ်တွင် ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်း လာရသူ တစ်ဦး၏ အမှတ်ရချက်များ၊ သုံးသပ်ချက်များကို ရဲရဲဝံ့ဝံ့ တင်ပြထားသည်ကို တွေ့ရသည်။ [...]

စာအုပ်သုံးသပ်ချက်
မြန်မာ့ပန်းချီ အနုပညာသမိုင်း ကိုပြုစုလျှင် ပေါ်ဦးသက် ဆိုသောအမည်ကို ချန်ရစ်ထား၍ ရနိုင်မည် မဟုတ်ပါ ။ မြန်မာ့မော်ဒန် ပန်းချီ ခေတ်ဦးကာလ တစ်ခုကို လည်း ပေါ် ဦးသက်၏ ဖန်တီးမှုများနှင့် တည် ဆောက်နိုင်ခဲ့ခြင်း ဖြစ်သကဲ့သို့ ဆရာ ပေါ်ဦးသက်၏ မြန်မာ့ရနံ့ခေတ်ပေါ် ပန်းချီဟန်များနှင့် ကမ္ဘာ့အနုပညာ ရပ်ဝန်းတွင် ဂုဏ်တင့်ခဲ့ခြင်းလည်း ဖြစ်သည်။ [...]

နိုင်ငံတော်အား ချစ်မြတ်နိုးခြင်း၊ ညှို့ငင်တောင်
မြန်မာနိုင်ငံ၏ သယံဇာတနှင့် ဂေဟဗေဒ အရင်း အမြစ်ကြွယ် ဝပြီး သမိုင်းဝင် နယ်နိမိတ် အရေးတို့ကြောင့် တန်ဖိုးထား ထိန်းသိမ်းသင့်သော် လည်း သတိမမူ လျစ်လျူရှု ထားခြင်း ခံရပြီး စစ်မီး မငြိမ်းသေးသည့် နေရာတစ်ခု အတွက် စာရေးသူက တပ်လှန့်ထားခြင်း ဟုလည်းဆိုနိုင်သည်။ ညှို့ငင်တောင်တွင် ဒဏ္ဍာရီမဟုတ် သော အီမောဘွမ်နှင့် တွေ့ ဆုံခြင်း နှင့် တောင်ဆီသို့ လမ်းဟူ၍ အပိုင်း နှစ်ပိုင်းခွဲခြားတင်ပြထားသည်။ အပိုင်း ၁၊ [...]

စောင့်ကြည့်နေသော အစ်ကိုကြီး အကြောင်း
မူရင်းစာအုပ်ကို မူရင်း စာရေးသူ George Orwell မကွယ်လွန်မီ တစ်နှစ် ၁၉၄၉ တွင် စတင်ထုတ်ဝေ ခဲ့သော် လည်း ဇာတ်လမ်းအခြေ တည်ရာမှာ နောင် ၁၅ နှစ် ၁၉၈၄ ခုနှစ် ကာလ ကမ္ဘာ့မြင်ကွင်းကို ကြိုတင်မြင်ယောင် ရေးဖွဲ့ထားသည်။ ဝတ္ထုတွင် အပိုင်း ၃ ပိုင်းခွဲခြားထား ပြီး ပထမပိုင်းတွင် အဓိက ဇာတ်ကောင် ဝင်စတန်စမစ်၏ စရိုက်၊ သဘာဝနှင့် ဝင်စတန်တို့ နေထိုင်ရာ [...]

မဟာဗျူဟာမြောက် ချစ်တဲ့သူ
တစ်ချိန်က ကမ္ဘာ့မြင်ကွင်းတွင် အနှိမ်ခံ၊ အပယ်ခံဖြစ် ခဲ့ရသော်လည်း ပင်ကိုသဘာဝအရ စွဲမက်ဖွယ် မြန် မာနိုင်ငံ ကို လျစ်လျူမရှု နိုင်ကြတော့သည့် ကမ္ဘာ့နိုင် ငံများ၏ ဝါဒရေးရာ ပြောင်းလဲလာသည်လည်း ဖြစ် သည်။ အရပ်သား အစိုးရ အသွင်ယူအပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နှင့် သမ္မတ ဦးသိန်းစိန် တို့၏ ခရီးစဉ်များ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နှင့်တကွ ကမ္ဘာ့ခရီးစဉ်တို့၏ ဇစ်မြစ်၊ ကန့်သတ်ပိတ်ဆို့မှုများ လျှော့ချလိုက်ရသော [...]

ဘာတီးလ် လစ်တနာနှင့် ဒီမိုကရေစီ အရေးတော်ပုံ
၁၉၈၈ ခုနှစ်၊ သြဂုတ် ၂၆ ရက် ရွှေတိဂုံလူထု အစည်း အဝေး ပွဲကြီးမှ စတင်ကာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု အတွင်း ဦးစီးခေါင်းဆောင် တစ်ဦးအဖြစ် ရောက်ရှိခဲ့ ချိန်မှ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် တည်ထောင်မှုခရီး၊ ၁၉၉ဝ ရွေးကောက်ပွဲ မဲဆွယ်ကာလ ထိန်းသိမ်းခံဘဝ၊ ဖိနှိပ်တားဆီးခံ စည်းရုံးရေးခရီးစဉ်၊ ဒီပဲယင်းလုပ် ကြံမှု၊ အမျိုးသားညီလာခံအား ကျော ခိုင်းစဉ်ကာလ တွေ့ဆုံဆွေးနွေးရေး၊ [...]

သမိုင်းရေစီးထဲမှ ကျောင်းသားလှုပ်ရှားမှု
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း(၁၉၀၃-၁၉၆၂)အောင်ထွန်း၊ ပဉ္စရူပစာအုပ်တိုက် ၂၀၁၂ အောက်တိုဘာ၊ ပထမအကြိမ် စာမျက်နှာ ၈၉၄၊ တန်ဖိုး ၁၀ဝ၀ဝ ကျပ် အောင်ထွန်းရေးသားပြုစုသည့်  မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၁၉၆၂)ကို ပဉ္စရူပစာအုပ် တိုက်မှ ပထမအကြိမ်ထုတ်ဝေလိုက်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းစဉ်တွင် ထိပ်တန်းနေရာမှ ရှိခဲ့သော မြန်မာကျောင်းသားထု၏ သမိုင်းဝင်လှုပ်ရှားမှုများကို မော်ကွန်းတင်ထားသည့် စာအုပ်လည်း ဖြစ်သည်။ ရှည်လျားလှသည့် မြန်မာ့သမိုင်းတစ်လျှောက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ယခင်က ဤကဲ့သို့ စာတစ်စောင်ပေတစ်ဖွဲ့ဖြင့် ကျနသေချာစွာ ထုတ်ဝေခွင့်မရခဲ့ဘဲ ယခုပထမဆုံးအကြိမ် ပြုစုထုတ်ဝေနိုင်ခြင်း [...]

ခြုံလွှာနီအောက်မှ ငန်းရိုင်းများ
ငန်းရိုင်းများ(ကျော်အောင်)၊ လောကသစ်စာပေ၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ၊ ပထမအကြိမ်၊ စာမျက်နှာ ၅၀၈၊ တန်ဖိုး ၅၀၀၀ ကျပ် ဆရာကျော်အောင်၏ ဘာသာပြန်လက်ရာသစ်အဖြစ် ငန်းရိုင်းများကို လောကသစ်စာပေမှ ပထမအကြိမ် ထုတ်ဝေလိုက်သည်။ တရုတ်စာရေးဆရာမ Jong Chang ၏ နာမည်ကျော် Wild Swans ကို ပြန်ဆိုထားခြင်း ဖြစ်ပြီး ပြန်ဆိုရေးသားပြီးစီးချိန်မှ ယခုထွက်ရှိလာချိန်အထိ ၁၅ နှစ်ကြာ ဆိုင်းငံ့ခဲ့ရသော စာအုပ်တစ်အုပ်လည်း ဖြစ်သည်။ ၁၉၀၉ မှ [...]