အနုပညာသတင်း၊ သတင်းမှတ်တမ်းများ

ခင်ဝမ်း၏ ကျေးဇူးတရား
အနုပညာ နယ်ပယ်တွင် ဝိဇ္ဇာထိုရ် တစ်ဦးသဖွယ် ရှင်သန်ဖန်တီး သွားခဲ့သည့် ခင်ဝမ်း၏ ပုံရိပ်သည် ကြုံတွေ့ သိမှီ လိုက်ကြရသူများ၏ စိတ်တွင်း ရှင်သန်နေ ဆဲဖြစ်သကဲ့သို့ လေးစား ချစ်ခင်ကြသည့် အနုပညာမြတ်နိုးသူ ပရိသတ်များအတွက်လည်း မှန်းဆ မြင်ယောင်စရာဖြစ်သည်။ တစ်ချိန်က သံယောဇဉ်ကြီးခဲ့ကြသည်။ အနုပညာသည်ချင်း ဆက်ဆံရေး၊ ထူးကဲသော အာရုံခံစားမှုနှင့် တုံ့ပြန်မှု၊ ဖန်တီးနိုင် စွမ်းတို့မှာ ခေတ်အဆက်ဆက် ပရိသတ် တို့အတွက် စွဲငြိစရာပင်ဖြစ်သည်။ [...]

တော်ဘုရားကလေး စာပေဆုကို အခြေခံ မူလေးရပ်ပေါ်တွင် မူတည်၍ ရွေးချယ်၊ စံမဝင်သည့် စာပေများကို ဆုပေးနိုင်ခြင်း မရှိကြောင်း ရွေးချယ်ရေး အဖွဲ့က ဆို
မိမိတို့သည် ပြည်သူကို အလေးထားသည့် နည်းတူ ပြည်သူအကျိုးပြု စာပေများကိုသာ ဆက်လက်ရွေးချယ် သွားမည်ဖြစ်ကြောင်း တော်ဘုရား ကလေး စာပေဆုရွေးချယ်ရေးအဖွဲ့မှ စာရေးဆရာ ထက်မြက်က ဖေဖော် ဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့၊ ရွှေဂုံ တိုင်ရှိ တော်ဝင်နှင်းဆီတွင် ကျင်းပ ခဲ့သော သတ္တမ အကြိမ်မြောက် တော် ဘုရားကလေးစာပေဆုချီးမြှင့်ပွဲတွင် ပြောကြားသည်။ [...]

သားကောင်သော် လည်းကောင်း အာဇာနည်သော် လည်းကောင်း မဖြစ်သော်ငြား မိမိတို့ အားလုံး သည် သမိုင်းမှာ မျက်မြင် သက်သေများ ဖြစ် ကြကြောင်း အလင်္ကာစာပေဆုရှင် ပြောကြား
စာပေရေးသားသူများ အနေနှင့် မိမိတို့ ဖြတ်သန်းရာ ခရီးလမ်းတစ်လျှောက် သမိုင်းတွင်ရစ်စေမည့် စာပေများ ရေးသား ဖော်ပြစေလိုကြောင်းနှင့် ထိုသို့သော စာပေများကိုလည်း စောင့်ကြည့် ဖတ်ရှုလိုသော စိတ်ဆန္ဒ ရှိပါကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က မန္တလေးမြို့ တွင် ကျင်းပသည့် အလင်္ကာစာပေဆု ချီးမြှင့်ပွဲ အခမ်းအနား၌ ၂ဝ၁၂ခုနှစ် အလင်္ကာစာပေဆုရှင် စာရေးဆရာမ မသီတာ (စမ်းချောင်း)က လှိုက်လှိုက်လှဲလှဲ တိုက်တွန်း ပြောကြားလိုက်သည်။ [...]

မြန်မာ့ ရိုးရာ သံချပ်ကို လူငယ်များလည်း လုပ်ဆောင်နိုင်ကြောင်းပြသရန် ကြိုးပမ်း၊ ရိုးရာသံချပ် ပြန်လည် ထွန်းကားစေရန် သံချပ်ပြိုင်ပွဲကို ကျင်းပမည်
“သံချပ်ထိုးမယ့်သူတွေက တိုင်း ပြည်အတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို အမြဲ မျက်ခြေ မပျက်စောင့်ကြည့်နေရတယ်။ ပြီးရင် ထိမိတဲ့ စကားလုံးတွေနဲ့ ရေးစပ်ပြီး သံချပ် ထိုးတယ်။ သံချပ်တိုင်တယ်။ အဲဒီ သံချပ် တွေကို တစ်နှစ်တစ်ခါ အလေး အနက်ထားပြီး တစ်နိုင်ငံလုံးက နားထောင်ခဲ့ကြတာ။ အဲဒီလို ခေတ်မျိုး ပြန်ရောက် သင့်ပါတယ်” ဟု ဝါရင့် သံချပ်ထိုးသူတစ်ဦးက ဆိုသည်။ [...]

သရော်သော ပြဇာတ် သ က အ လ
ခေတ်ဟောင်း တစ်ခုမှ ဝါဒဖြန့်လက်ရာတစ်ခု ဆိုသော်လည်း သီလ၊ စာရိတ္တ၊ ပျက်စီးရာ အကြောင်းခံသည် အတူတူချည်းပင်ဖြစ်ကြောင်း သိနိုင်သည်။ လက်ရှိ ခေတ်ကာလမြင်ကွင်းနှင့် နှိုင်းယှဉ် ဆင်ခြင်နိုင်မည်လည်း ဖြစ်သည်။ ဇာတ်ကောင်တို့ ၏ ပြောင်မြောက်သော ပြောစကားများမှတစ်ဆင့် စာရေးသူ၏ ဖန်တီးမှုကို ရရှိခံစားနိုင်မည်လည်း ဖြစ်သည်။ [...]

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ရုံးအဖွဲ့မှ အနုပညာကြေးငွေ ကျပ်သိန်း ၄၉,၄ဝ၁,၂ဝဝ  အလွဲသုံးစားမှု ဖြစ်ပွား
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)တွင် မကြာသေး မီက ဖြစ်ပေါ် ခဲ့သည့် တေးရေးဆရာ များ၏ အနုပညာ သုခုမကြေး ကျပ်သိန်းပေါင်း ငါးရာခန့်အား ဂီတ အစည်းအရုံး တွဲဖက် အတွင်းရေးမှူး ဦးမျိုးတင့် (မျိုးနွယ်ဆွေ)မှ ကိုယ်ကျိုးအဖြစ် သုံးစွဲ ခဲ့ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က သတင်း ထုတ်ပြန် ခဲ့ပါသည်။ ယင်းလုပ်ဆောင်ချက် အပေါ် မြန်မာနိုင်ငံဂီတ [...]


ပြည်သူ့ အငြိမ့်သဘင် ဖျော်ဖြေပွဲကို ၂ဝ၁၃ ခုနှစ်၊ မတ် ၂၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်ဟု သိရသည်။ အဆိုပါ အငြိမ့်သဘင် ကို ဇာဂနာက စုစည်းကြောင်း၊ မြပုဏ္ဏမာ၊ သီးလေးသီး၊ စုဗူးလူရွှင်တော်အဖွဲ့ များပါဝင်ကြောင်းနှင့် ယင်းဖျော်ဖြေပွဲကို ဘိုဘို အင်တာတိန်းမန့်စ်က စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း ဖျော်ဖြေပွဲတွင် အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဖိုးဖြူ၊ ဂေါ်ဇီလာ၊ ဆီးသီး၊ ပန်းသီး၊ [...]

ရက်စက်သော မေးခွန်းတစ်ခု
စနစ် ကြောင့်၊ လူကြောင့် စသည်ဖြင့် မည်သည့် အကြောင်းပြချက် မျှ ပေးမထားဘဲ လူသားတို့ အသက်မွေးပုံချင်း ကွဲပြား ကြပုံကိုသာ နောက်ခံပြု ထားသည်။ နေ့တဓူဝ ဆက်ဆံရင်းနှီးနေကြရသော မီးရထားဝန်ထမ်းနှင့် မှောင်ခိုတို့ ကြား မှ ဆက်ဆံရေးကို မျောက် သုံးကောင် မီးခြစ်တံဆိပ်နှင့် ဥပမာဆိုထားသည် မှာ ထိရောက်လှသည်။ ဤလူတန်းစား နှစ်ရပ်သာမက ခေတ်စနစ်တစ်ခု လုံး၏ သရုပ်ကိုလည်း ပေါ်လွင်စေ သည်။ [...]

လက်ပံတောင်းတောင် စီမံကိန်း၏ နောက်ဆက်တွဲ အကျိုးဆက် သယံဇာတ ကျိန်စာ ဓာတ်ပုံ၊ ပိုစတာပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီး ပတ်ဝန်း ကျင်ရှိ သဘာ ဝဝန်းကျင်အပေါ် အကျိုးသက်ရောက် မှုများကို ဖော်ပြထားသည့် ဓာတ်ပုံ၊ ကာတွန်း၊ ပိုစတာ ပညာရှင်များ ပါဝင်သည့် ပြပွဲတစ်ခုကို ယခုလ ၂ဝ ရက်မှ ၂၂ ရက်တွင် မနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန် မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြပွဲတွင် [...]


တိုင်းရင်းသား ဘာသာစကား နှင့်စာပေကဏ္ဍတွင် ပါဝင်သောအသံ လွှင့်ချက်များသည်လည်း အရေး တယူ ပြုရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာ စာပေ ချည်း သက်သက် တစ်ဖက်သတ် ဖွံ့ဖြိုးစေခြင်းထက် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု ကိုလည်း ထိန်းသိမ်းနိုင်ရန်၊ ဖွံ့ဖြိုး တိုးတက်စေရန် စာရေးသူက တပ်လှန့်ထားသည်။ လတ်တလော လွှတ်တော်နှစ်ရပ်တွင် နိုင်ငံ့အရေး ဆောင်ရွက်ကြမည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အတွက်လည်း အထောက်အကူ တစ်ရပ်ဖြစ်မည်ဟု ယူဆသည်။ [...]