အနုပညာသတင်း၊ သတင်းမှတ်တမ်းများ

အိန္ဒိယ-မြန်မာ အိမ်တွင်းမှု အနုပညာပြပွဲ (မန္တလေး) မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင် ငါးရက်တိုင်တိုင် ကျင်းပမည်
နှစ်နိုင်ငံ ဆက်ဆံရေး အဓွန့်ရှည်စေရန် ရည်ရွယ်ပြီး အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံး (မန္တလေး) နှင့် ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနတို့ ပူးပေါင်းမှု ဖြင့် ပြုလုပ်မည့် အိန္ဒိယ-မြန်မာ အိမ်တွင်းမှု အနုပညာပြပွဲ(မန္တလေး) ကို လာမည့် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၄ ရက်နေ့အထိ မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံကြီးတွင် ငါးရက် တိုင်တိုင် [...]

ပြည်သူများ ဝမ်းဝနေမှသာ စာဖတ် နိုင် မည် ဖြစ်ကြောင်း စာရေးဆရာမ ဂျူးပြော
နိုင်ငံတစ်နိုင်ငံတွင် ရသစာပေ ဖွံ့ဖြိုးရန် ဆိုလျှင် ပြည် သူများ ဝမ်းဝရန် လိုအပ်ပြီး ထိုသို့ ပြည်သူများ စားဝတ်နေရေး ပြေလည်နေမှသာ စာဖတ်နိုင် မည်ဖြစ်ကြောင်း စာရေးဆရာမ ဂျူးက ဖေဖော်ဝါရီ ၂ ရက် က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပ ခဲ့သည့် စာအုပ်ဈေးရောင်းပွဲတော် တတိယရက် စာပေဟောပြောပွဲတွင် ပြောကြားသည်။ [...]

ဘာလဲဟဲ့ ၊ ပြန်လည် ချေပချက်များ
နိုင်ငံရေး၊ လူမှုရေးအကြောင်း အရာများဖြစ်သော်လည်း ကျမ်းကြီး ကျမ်းခိုင်များကဲ့သို့ မဟုတ်ဘဲ သာမန် အရပ်သား အတွေးအခေါ်၊ အရပ်သား တုံ့ပြန်ချက်၊ အရပ်သား စကားလုံးများဖြင့်သာ ရေးသားထားသည်။ သာမန်ပြည်သူ တစ်ဦး၏ တွေးဆပုံ၊ ရှုမြင်ပုံ များဖြင့် ပြန်လည်တုံ့ပြန်ရေး သားထားခြင်းဖြစ်သည်။ စာရေးသူ ကိုယ်တိုင် မှာလည်းနိုင်ငံရေး နယ်ပယ် မှမဟုတ်ဘဲ စာရေးသူတစ်ဦးဖြစ် သည့်အတွက် ပြည်သူတို့နှင့်အတူ ဘဝအတွေ့အကြုံအရ မသိမဖြစ်သိ လာရသော ဘဝနိုင်ငံရေးဓာတ်ခံကို သာ အားပြု၍ ရေးသားထားခြင်း [...]


“အခုက အခြားဇာတ်ရုပ် ဘာမှမရွေးချယ်ရသေးပါဘူး။ ဒီလထဲမှာ ဗိုလ်ချုပ်ဇာတ်ညွှန်း ပြီးအောင်ရေးနေ ပါတယ်။ အဲဒီလို ရေးပြီးသွားမှသာ အားလုံးကို အသိပေး ထုတ်ပြန်မယ်။ ရုပ်ရှင် သရုပ်ဆောင် ထဲကရော သရုပ်ဆောင် မဟုတ်တဲ့ သူတွေထဲကရော ဇာတ်ဆောင်နေရာတွေနဲ့ အကိုက်ညီဆုံးတွေကိုသာ ရွေးချယ်သွားပါမယ်” ဟု ဇော်သက်ထွေးက ပြောကြားသည်။ [...]

ရိုးသားရဲရင့်သော ခေါင်းဆောင်တစ်ဦး
ဒုတိယကမ္ဘာစစ် မဖြစ်မီ ၁၉၃၇ ကတည်းက ဘုရင်ခံ၏ အတိုင်ပင်ခံ အမတ်အဖြစ် စတင်တာဝန်ထမ်းဆောင် ခဲ့ပြီး မြန်မာ့လွတ်လပ်ရေး သမိုင်းစဉ်တွင် ဆက်တိုက် ပါဝင် လှုပ်ရှားလာခဲ့သူတစ်ဦး၏ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက် ခဲ့မှုများကို မှတ်တမ်းရှည်ကြီး တစ်ခုသဖွယ်လေ့လာ မိစေသည်။ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ထက်သန်ပြီး ရိုးသားရဲရင့်သော ကရင်အမျိုးသား ခေါင်းဆောင်တစ်ဦး၏ ပုံရိပ်ကိုလည်း မြင်ကွင်းကျယ် နိုင်ငံရေး နောက်ခံကားချပ်ထဲမှ အချက်တစ်ချက်တွင် တောက်ပ ထင်ရှားလာသည်ကိုလည်း တွေ့ရသည်။ [...]

စာဖတ်ခြင်းဖြင့် လူ့ဘောင်လောကကို အကျိုးပြုပုံ အကိုးအကား များဖြင့် ဟောပြော ယှဉ်ပြိုင်၊ စာပေမြှင့်တင် လူ့စွမ်းအင် စာဖတ်၊ စာရေးစွမ်းရည်ပြိုင်ပွဲ နောက်ဆုံးအဆင့် တက်ရောက်
ယခု ဒုတိယအဆင့်ပြိုင်ပွဲ သို့ ပြိုင်ပွဲဝင် ဆန်ခါတင် အဆင့်အယောက် ၂ဝ ပါဝင်ယှဉ်ပြိုင်ကြပြီး စာဖတ်ခြင်း ဖြင့် လူ့လောက အကျိုးပြုပုံ ခေါင်း စဉ်ကို အကိုးအကားများဖြင့် တင် ဆက်ဟောပြော ကြရသည်။ထိုပြိုင်ပွဲဝင် အယောက် ၂ဝ ထဲမှ ရန်ဟိန်းအောင်၊ ဝေယံမောင်မောင် (ကောလိယ မောင်မောင်)၊ မြတ်သီရိမောင် (မောင်-ဆေး-၁)၊ ဖြိုးဖြိုးဝေ(ခ) မြူပါးရ်၊ ဖြူစင်ခိုင်၊ မင်းစိုးသူရတို့ ၆ ဦးသည် နောက်ဆုံးအဆင့်သို့ [...]

ကျွန်တော့် အဖေ(သို့) မိုးကောင်းကင်ကို ဖွင့်ခဲ့သူ
နာမည်ကျော် အနုပညာရှင်တစ်ဦး၏ ပုံရိပ်ကို သွေးသား တစ်ဦးက ပြန်လည်ဖမ်းဆုပ်ခြယ်မှုန်းထားပြီး စာရေး သူ၏ အရေးအသားမှာလည်း ရိုးသားပွင့်လင်း လွတ်လပ်နေခဲ့သည်။ ဖြတ်သန်းမှု ကာလ အပိုင်း အခြားများတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ ကိုလည်း စာရေးသူက အရင်းအတိုင်း ဖွင့်ဆိုထားသည်။ အနုပညာရှင် တစ်ဦး၏ ဖြတ်သန်းမှုတွင် ခေတ်အခြေအနေအရ ကြုံတွေ့ ခဲ့ကြရသော ဆင်ဆာတည်းဖြတ်ခြင်း ဆိုသည့် အရိပ်မည်းအောက်တွင် အမိခံခဲ့ရပုံ များကိုလည်း ပွင့်လင်းစွာ ပင်ရေးပြထားသည်။ [...]

မြန်မာပရိသတ်နှင့် နှစ်ပေါင်း လေးဆယ်နီးပါး ကင်းကွာခဲ့သည့် လားရှိုးသိန်းအောင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပပြီးစီးခဲ့
မြန်မာပြည် ပရိသတ်များနှင့် ဆယ်စုနှစ်လေးခုနီးပါး ကင်းကွာခဲ့သည့် တေးသံရှင် လားရှိုးသိန်းအောင် ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက စတင်ပြီး မင်းဓမ္မလမ်းရှိ (အမ်စီစီ) အဆောက် အဦ ရှေ့ကွင်းပြင်ကြီး အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ သူ၏တေးသီချင်းသံ များနှင့် ဆယ်စုနှစ် ပေါင်းများစွာ ကင်းကွာခဲ့သည့် ပရိသတ် ထောင်ပေါင်း များစွာ တက်ရောက် ခဲ့ကြသည်။ [...]

ပြည်သူတစ်ဦး၏ တွေးဆချက်၊ အာဏာရှင် များရဲ့နိုင်ငံ
မြို့ပြလမ်းမများ၏ ကျပ်သိပ်နေသော မြင်ကွင်း၊ အရိုးစွဲ အသားကျနေသော လာဘ်ပေး လာဘ်ယူမှု ပြဿနာ များ၊ စွမ်းအင်လိုအပ်ချက်၊ ဗဟိုချုပ်ကိုင်မှု အာဏာရှင် စနစ်၏ ဆိုးကျိုးများနှင့် စာရေးသူ ကိုယ်တိုင်မက်မော လှသော တက္ကသိုလ်ရပ်ဝန်းဖြတ် သန်းမှုများကို ဤဆောင်းပါးများမှ တို့ထိ သုံးသပ်ထား ပါသည်။ [...]


စာအုပ်ဈေးပွဲတော်နှင့် စာပေဟောပြောပွဲများကို ရန်ကုန်မြို့ရှိ အမျိုးသား ဇာတ်ရုံနှင့် တော်ဝင်စင်တာ တို့တွင် အချိန်ခွဲခြား၍ ကျင်းပ မည်ဖြစ်ပြီး တော်ဝင် စင်တာတွင် ဇန်နဝါရီ ၂၆၊ ၂၇၊ ၂၈ ရက်နှင့် အမျိုးသားဇာတ် ရုံတွင် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော် ဝါရီ ၃ ရက်ထိ စုစုပေါင်း ၇ ရက် ကျင်းပ သွားမည်ဖြစ်သည်။ [...]