အနုပညာသတင်း၊ သတင်းမှတ်တမ်းများ


စာပေမြှင့်တင် လူ့စွမ်းအင်(စာဖတ်၊ စာရေးပြိုင်ပွဲတွင်) စာပေ ဟောပြောပွဲ၊ အဖြူရောင် သက်တန့် အနုပညာ အဖွဲ့ဝင်များ၏ ကဗျာရွတ်ဆိုမှု၊ ကဗျာအနုပညာ တင်ဆက်မှု များနှင့် စာရေးဆရာကြီးများ၏ လက်ရေးမူ ပြပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေမည့် အဖြူရောင် သက်တံ့ အနုပညာ အဖွဲ့ဝင်များက တယောဖိုးစံ၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်း နှင့် စောဝေတို့ ဖြစ်ပါသည်။ စာပေဟောပြောပွဲတွင် ပါဝင်ဟောပြောမည့် စာရေးဆရာများမှာ ရုပ်ရှင်ဂီတ အနုပညာရှင်များ ဖြစ်သည်ဟု [...]

ပိတ်ကားနောက်ကွယ်မှ သမိုင်းအစအနများ
စာအုပ်တွင် ရန်ကုန်ကို မည်သူ သိမ်းသနည်း။ နယ်ချဲ့အချင်းချင်း စစ်ပွဲဟာ ကျွန်နိုင်ငံတွေ အတွက် မီးတင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်း၏မူ၊ စစ်အေးတိုက်ပွဲ၊ ပွဲကြီးပွဲကောင်း၊ ကတိကိုမတည် အကြံရိုင်းတဲ့၊ ရင်တမမ နေရသော ဘိလပ်ဆွေးနွေးပွဲ၊ မှတ်တမ်းတင်အပ်သော သူရဲကောင်းများ စသည့် ဆောင်းပါး ၂၄ ပုဒ်တွင် ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်း လာရသူ တစ်ဦး၏ အမှတ်ရချက်များ၊ သုံးသပ်ချက်များကို ရဲရဲဝံ့ဝံ့ တင်ပြထားသည်ကို တွေ့ရသည်။ [...]

၁၁ နှစ်ပြည့် စီးတီးအက်(ဖ)အမ် က တေးသံရှင် ကြီး ဒေါ်မာမာအေး အား ဆုချီးမြှင့်ခဲ့
၂ဝ၁၂ ခုနှစ်အတွင်း ရောင်းအား အကောင်းဆုံး မြန်မာ သံတေးစီးရီး သီဆိုသူ(အမျိုးသမီး) တေးသံရှင်ဆု ချီးမြှင့်ခံရသည့် မာမာအေးက မြန်မာ တစ်ပြည်လုံး ရှိရှိသမျှ သောတရှင်များကို ကျေးဇူးအထူးတင်ကြောင်း၊ မိမိ၏ပရိသတ်နှင့်မတွေ့သည်မှာ ကာလ ကြာပြီဖြစ်ကြောင်း၊ ယခုစီးရီး ထုတ်မည်ကို မသိခဲ့ကြောင်း၊ မိမိ၏ စီးရီးအဟောင်းကို မိမိမရှိခိုက်မှာ ပြန်ပြီး စီဒီအဖြစ် ထုတ်လုပ်ခဲ့သည်ဟု သိရကြောင်း၊ အားလုံးကို ကျေးဇူး တင်ကြောင်း၊ မာမာအေး ပြန်လာပြီဖြစ်ကြောင်းများ ပရိသတ်သို့ ပြော ကြားခဲ့သည်။ [...]

စာဖတ်စွမ်းရည် မြှင့်တင်ရေးပြိုင်ပွဲသည် ဝင်ရောက် ယှဉ်ပြိုင်သူများ ကိုသာမက လာရောက် ကြည့်ရှုသော ပရိသတ်များကိုလည်း အသိပညာ ပေးနိုင်ခဲ့
“အခုလိုပွဲ တက်ခြင်းအားဖြင့် ကိုယ်လေးစားတဲ့ စာရေး ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံနိုင်တယ်။ သီးသန့် စာဖတ်ဖို့ အချိန်ယူစရာမလိုဘဲ ရသစာပေကို ရှုထောင့် အမျိုးမျိုးက သုံးသပ်တာတွေ နားထောင်နိုင်တယ် ။ နောက်ပြီး သုတ-ရသ စာပေအပေါ် လူငယ်တွေရဲ့ အမြင်ကို သိရှိရတယ်။ သမိုင်းလူသား တစ်ဦးဖြစ်တဲ့ ဦးချစ်မောင်ရဲ့ လေးစားအားကျ အတုယူဖွယ်စိတ်ထား၊ ခေတ်နောက် ခံအကြောင်းတရား၊ ရှေးခေတ် ဝါရင့် စာရေးသူတွေရဲ့ ရေးဟန်ကိုပါ လေ့ လာနိုင်တယ်”ဟု ယင်းက [...]

ဧရာဝတီ စာပေပွဲတော် ဖေဖော်ဝါရီတွင် ပထမဆုံးအကြိမ် စာပေပွဲတော်အဖြစ် ကျင်းပမည်
ပွဲတော်တွင် နိုင်ငံတကာမှ စာရေးဆရာများနှင့် ပြည်တွင်းမှ စာရေးဆရာများသည် အကြောင်းအရာ များကို အင်္ဂလိပ်ဘာသာစကားဖြင့် လည်းကောင်း၊ မြန်မာဘာသာ စကား ဖြင့်လည်းကောင်း ဆွေးနွေးကြမည် ဖြစ်သည်။ ထို့အပြင် ပထမဦးဆုံး အနေဖြင့် ကျင်းပသည့် စာပေပွဲ တော်ဖြစ်သောကြောင့် အနည်းငယ် စိုးရွံ့နေကြကြောင်း သိရသည်။ [...]

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့တွင် ပြသသွားမည်ဟု သိရ
မြန်မာနိုင်ငံ၌ ရှိသော ပြည်သူလူထုကို လူ့အခွင့် အရေးနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိမြင်လာစေ ရန်နှင့် ထိုအခွင့်အရေးများကို မိမိတို့ ကိုယ်တိုင် တောင်းဆိုတတ်လာရန် အတွက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှ စီစဉ်ကာ နိုင်ငံတော် အတွက် အကျိုးပြုစေမည့် လူ့အခွင့်အရေး လူ့ ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန် ၁၉ ရက်တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း [...]

စာအုပ်သုံးသပ်ချက်
မြန်မာ့ပန်းချီ အနုပညာသမိုင်း ကိုပြုစုလျှင် ပေါ်ဦးသက် ဆိုသောအမည်ကို ချန်ရစ်ထား၍ ရနိုင်မည် မဟုတ်ပါ ။ မြန်မာ့မော်ဒန် ပန်းချီ ခေတ်ဦးကာလ တစ်ခုကို လည်း ပေါ် ဦးသက်၏ ဖန်တီးမှုများနှင့် တည် ဆောက်နိုင်ခဲ့ခြင်း ဖြစ်သကဲ့သို့ ဆရာ ပေါ်ဦးသက်၏ မြန်မာ့ရနံ့ခေတ်ပေါ် ပန်းချီဟန်များနှင့် ကမ္ဘာ့အနုပညာ ရပ်ဝန်းတွင် ဂုဏ်တင့်ခဲ့ခြင်းလည်း ဖြစ်သည်။ [...]

ထူးခြား ဆန်းပြားသည့် ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ရန်ကုန်မြို့တွင် ကျင်းပပြီးစီး
အကယ်ဒမီ ထူးချွန်ဆုများကို ထာဝရ အလင်းတန်းများ ဇာတ်ကားက အများဆုံးရရှိခဲ့ရာ ရုပ်ရှင်တည်း ဖြတ်ဆု အဖြစ် အကယ်ဒမီ ဟိန်းထက် (လယ်ဝေး)၊ ရုပ်ရှင်တေးဂီတဆု အဖြစ် အကယ်ဒမီဇော်မျိုးထွဋ်၊ အမျိုးသား ဇာတ်ပို့ဆု အဖြစ် အကယ်ဒမီ မော့စ်၊ ရုပ်ရှင် ဇာတ်ညွှန်းဆု အဖြစ် အကယ်ဒမီ စိုးကျော်ဆန်းနှင့် အကယ်ဒမီ မြင့်ဆောင်၊ အမျိုးသား ဇာတ်ဆောင်ဆုအဖြစ် အကယ်ဒမီ နောင်နောင်၊ အမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် အကယ်ဒမီ မယ်လိုဒီ၊ အကောင်းဆုံး [...]

နိုင်ငံတော်အား ချစ်မြတ်နိုးခြင်း၊ ညှို့ငင်တောင်
မြန်မာနိုင်ငံ၏ သယံဇာတနှင့် ဂေဟဗေဒ အရင်း အမြစ်ကြွယ် ဝပြီး သမိုင်းဝင် နယ်နိမိတ် အရေးတို့ကြောင့် တန်ဖိုးထား ထိန်းသိမ်းသင့်သော် လည်း သတိမမူ လျစ်လျူရှု ထားခြင်း ခံရပြီး စစ်မီး မငြိမ်းသေးသည့် နေရာတစ်ခု အတွက် စာရေးသူက တပ်လှန့်ထားခြင်း ဟုလည်းဆိုနိုင်သည်။ ညှို့ငင်တောင်တွင် ဒဏ္ဍာရီမဟုတ် သော အီမောဘွမ်နှင့် တွေ့ ဆုံခြင်း နှင့် တောင်ဆီသို့ လမ်းဟူ၍ အပိုင်း နှစ်ပိုင်းခွဲခြားတင်ပြထားသည်။ အပိုင်း ၁၊ [...]

စောင့်ကြည့်နေသော အစ်ကိုကြီး အကြောင်း
မူရင်းစာအုပ်ကို မူရင်း စာရေးသူ George Orwell မကွယ်လွန်မီ တစ်နှစ် ၁၉၄၉ တွင် စတင်ထုတ်ဝေ ခဲ့သော် လည်း ဇာတ်လမ်းအခြေ တည်ရာမှာ နောင် ၁၅ နှစ် ၁၉၈၄ ခုနှစ် ကာလ ကမ္ဘာ့မြင်ကွင်းကို ကြိုတင်မြင်ယောင် ရေးဖွဲ့ထားသည်။ ဝတ္ထုတွင် အပိုင်း ၃ ပိုင်းခွဲခြားထား ပြီး ပထမပိုင်းတွင် အဓိက ဇာတ်ကောင် ဝင်စတန်စမစ်၏ စရိုက်၊ သဘာဝနှင့် ဝင်စတန်တို့ နေထိုင်ရာ [...]