စီးပွားရေးသတင်း၊ သတင်းမှတ်တမ်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း
အထူးကုန်စည်ခွန် ၁၇ မျိုးတွင် ပါဝင်သည့် ကားတင်သွင်းမှုအပေါ် ကား၏ အင်ဂျင်ပါဝါကို မူတည်ပြီး အခွန်နှုန်းထား သတ်မှတ်မှု၊ ရွှေလက်ဝတ်ထည်များ ကုန်သွယ်လုပ်ငန်းခွန် လျှော့ချမှု အပါအဝင်၂၀၁၇ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက် ဥပဒေကြမ်း နှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီက ၎င်း၏ တွေ့ ရှိချက်၊ သဘောထား အစီရင်ခံစာကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို [...]

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် JapanChamber of Commerce and Industry (JCCI) ဥက္ကဋ္ဌနဲ့ အဖွဲ့ကို လက်ခံတွေဆုံ
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ JapanChamber of Commerce and Industry (JCCI) ဥက္ကဋ္ဌ Mr. Akio Mimura ခေါင်းဆောင်တဲ့ အဖွဲ့ဝင် (၄၃) ဦးပါ ကိုယ်စားလှယ် အဖွဲ့ကို ဇန်နဝါရီ ၂၇ ၇က်နေ့ မနက် ၁၀း၀၀ နာရီက နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန ဧရာဝတီခန်းမမှာ လက်ခံ [...]

ပြည်ပခရီးသွားများ ဝင်ရောက်မှု များလာဖို့ ဝန်ဆောင်မှုတွေ ကောင်းမွန်ဖို့ လိုအပ်တယ်လို့ ခရီးသွား လုပ်ငန်းရှင်များ ပြောကြား
မြန်မာပြည်မှာ ခရီးသွား ပိုမိုဆွဲဆောင်နိုင်ဖို့ အတွက် ပြည်တွင်း ဟိုတယ်နဲ့ တည်းခိုခန်းခတွေ လေယာဉ် လက်မှတ်ဈေးနှန်းတွေ ကြီးမြင့်နေပြီး စားသောက်ဆိုင်နဲ့ သန့်စင်ခန်းတွေ အဆင့်မီ ကောင်းမွန်ဖို့နဲ့ ဝန်ဆောင်မှုတွေ ကောင်းမွန်အောင် စီစဉ်နိုင်ဖို့ လိုတယ်လို့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်တွေက တိုက်တွန်း အကြံပြု နေကြပါတယ်။ ဒါ့အပြင် ဒေသထွက်ကုန် ပစ္စည်းတွေ တန်းဖိုးမြင့် ထုတ်ကုန်အဖြစ် ရောင်းချနိုင်ရန်၊ ရက်ရှည်နေထိုင်ပြီး ငွေကြေး သုံးစွဲတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ ပိုမိုလာရောက် [...]

ငွေကြေးဖောင်းပွနှုန်း လျော့ကျသွားရန် မျှော်မှန်း
စံချိန်တင် မြင့်တက်ခဲ့သော ငွေကြေးဖောင်းပွနှုန်းများ လာမည့်နှစ်များတွင် လျော့ကျရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုပ္မဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုပ္မဏီများ ညွှန်ကြားမှု ဦးစီးဌာန DICA၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA၊ မြန်မာသုတေသန အဖွဲ့ MSR တို့မှ သုတေသန ကောက်ယူထားသည့် အစီရင်ခံစာအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ နောက်ဆုံး သက်တမ်း [...]

အထူး စီးပွားရေးဇုန်သစ်များ ထပ်မံဖော်ထုတ်မည်
မြန်မာ နိုင်ငံအနေဖြင့် အထူးစီးပွားရေး ဇုန်ကြီး ၃ ခု ကို ဆောင်ရွက်လျက် ရှိပြီး ရှေ့ဆက်၍ စီးပွားရေးဇုန် သစ်များနှင့် ဗဟိုလုပ်ငန်းအဖွဲ့ တို့ကို ထပ်မံ တိုးချဲ့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ဇန်နဝါရီလ ၁၆ ရက်တွင် [...]

နိုင်ငံတကာ နည်းပညာ ကုန်စည်ပြပွဲ ကျင်းပမည်
နိုင်ငံတကာ နည်းပညာ ကုန်စည်ပြပွဲကို စက်မှုဝန်ကြီးဌာန စက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနနှင့် Myanmar Promotional Services (MPS) Co.,Ltd. တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက် အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း Myanmar Promotional Services (MPS) Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အဆိုပါ ပြပွဲ၌ [...]

မိုးကုတ်မြို့ကို နိုင်ငံခြားသား သွားရောက်ခွင့် ကန့်သတ် သတ်မှတ် လိုက်သောကြောင့် ကျောက်မျက် လုပ်ငန်းများ အရောင်းအဝယ် ရပ်ဆိုင်း
မြန်မာနိုင်ငံ၏ ပတ္ထမြားမြေ အဖြစ် လူသိများသော မိုးကုတ်မြို့ကို နိုင်ငံခြားသား မသွားရ ကန့်သတ်နယ်မြေ အဖြစ် သတ်မှတ် လိုက်သောကြောင့် တွင်းစားကျောက်မျက် လုပ်ငန်းများ အရောင်းအဝယ် ရပ်ဆိုင်းလျက် ရှိကြောင်း မိုးကုတ်မြို့ ကျောက်ကုန်သည်များ ထံမှ သိရသည်။ “နိုင်ငံခြားသား မသွားရ ကန့်သတ်လိုက်တဲ့ အတွက် ဒီအပြင့်မြို့တွေထက် မိုးကုတ်မြို့က ပိုဆိုးသွားတယ်။ ကျွန်တော်တို့ ဆီမှာက တစ်ခြား လုပ်ငန်းမရှိဘူး။ ဒီ ကျောက်အရောင်း အဝယ် လုပ်ငန်း လုပ်ရတော့ [...]

တရားမဝင် ကုန်စည် စီးဆင်းမှု နိုင်ငံတော်က တိတိကျကျ ကိုယ်တွယ် အရေးယူတော့မယ်
တရားမဝင် ကုန်စည် စီးဆင်းမှုတွေကို နိုင်ငံတော် အစိုးရက အလေးအနက်ထား ကိုင်တွယ်ဖြေရှင်း သွားမှာ ဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကော်ျဝင်းက ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ UMFCCI အစည်းဝေး ခန်းမမှာ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။ တရားမဝင် ကုန်ပစ္စည်းတွေကြောင့် လုပ်ငန်းရှင်တွေ အများကြီး ထိခိုက် နစ်နာမှုတွေ [...]

၂၀၁၇ ခုနှစ်အတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့  ကမ်းလွန် လုပ်ကွက် တွင်းသစ် ၃၇ ခု ထပ်တူးမည်ဟုဆို
မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့  လုပ်ငန်းသည် မြန်မာနိုင်ငံ ကမ်းလွန် ရေနံ လုပ်ကွက်များအတွင်း ယခု နှစ်တွင် တွင်းသစ် ၃၇ တွင်း တူးဖော်မည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့  လုပ်ငန်းသည် ပြည်တွင်း လိုအပ်ချက်ကို [...]

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ သမ္မတ ဦးထင်ကျော် ပြောကြား
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတိုင်း နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေး တည်ငြိမ်မှု အတွက် ကြိုးပမ်း ဆောင်ရွက်ရာမှာ ပြည်ထောင်စု အစိုးရအဖွဲ့ အတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော် နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေး ခန်းမမှာ ပြုလုပ်တဲ့ ဘဏ္ဍာရေး ကော်မရှင် [...]