စီးပွားရေးသတင်း၊ သတင်းမှတ်တမ်းများ

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပြီး အာဆီယံဘဏ်များ ထူထောင်မည်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား နှစ်နိုင်ငံ ပူးပေါင်းပြီး အာဆီယံ ဘဏ်များ ထူထောင်ရန် သဘောတူညီမှု ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။ မြန်မာနှင့်ထိုင်းနိုင်ငံ အကြား အရည်အချင်း ပြည့်ဝသော အာဆီယံဘဏ်များ (Qualified ASEAN Banks – QABs) ထူထောင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် ထိုင်းဗဟိုဘဏ် (Bank of Thailand -BoT) မှ ဥက္ကဋ္ဌ ဒေါက်တာ ဗီယာထိုင်း [...]

ကုန်သွယ်ဖက် နိုင်ငံများ၏ ဆိပ်ကမ်းများ၌ ကုန်ပစ္စည်းအရည်အသွေး စစ်ဆေးရေး အဖွဲ့များ ထားရှိမည်
မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို အရည်အသွေး စစ်ဆေးရန် ကုန်သွယ်ဖက် နိုင်ငံများ၏ ဆိပ်ကမ်း များ၌ စစ်ဆေးရေး အဖွဲ့များ (Inspection Team) ကို လာမည့်နှစ်အတွင်း စတင်ထားရှိရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပါမစ်ပါ အချက်အလက်အတိုင်း ကိုက်ညီမှု ရှိ၊ မရှိကို ပြည်ပ ကုန်သွယ်ဖက် နိုင်ငံများမှ စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမည်ဖြစ်ကာ ယာဉ်တင်သွင်းမှု [...]

မော်တော်ယာဉ် မူဝါဒသစ်ကြောင့် ကားတင်သွင်းမှု လျော့ကျပြီး ကားဈေး တက်လာမည်
၂၀၁၇ ခုနှစ်၌ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ်သော ခုနှစ်များကို မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက သတ်မှတ် ထုတ်ပြန်လိုက်ရာ အဆိုပါ မူဝါဒသစ်ကြောင့် အိမ်စီးကား တင်သွင်းမှု လျော့ကျပြီး ကားဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချ သူများ အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက သုံးသပ်သည်။ “အသစ်နီးပါး တင်သွင်းရမယ် ဆိုတော့ အိမ်စီးကားတွေ ဈေးတက်လာမယ်။ ဈေးကွက်ထဲက သိန်း [...]

ဗြိတိန်စီးပွားရေး လုပ်ငန်းရှင်တွေ ပြည်တွင်းကို လာရောက် ရင်းနှီးမြုတ်နှံဖို့ စီစဉ်
ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဝန်ကြီးဌာန ဝန်ကြီး Mr.Mark Garnier က သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု လုပ်ငန်းတွေအတွက် တာဝန်ယူ ဆောင်ရွက်နေရသူ ဖြစ်ပြီး၊ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တတ်စွမ်းသရွေ့ ကူညီဆောင်ရွက် ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်နဲ့ နိုဝင်ဘာလ ၂၈ [...]

ရန်ကုန် စတော့အိတ်ချိန်း အနာဂတ် ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် ဖြစ်လာမည်ဟု OBG ဆို
မြန်မာ့စီးပွားရေး လုပ်ငန်းများ အနေဖြင့် ၎င်းတို့၏ အရင်းနှီးငွေ ဖွံ့ဖြိုးလာစေရန် ထိုက်သင့်သည့် ချေးငွေပမာဏကို အဓိကသော့ချက်အဖြစ် အသုံးပြုခဲ့ရကြောင်း Oxford Busines Group က ထုတ်ပြန်သည်။ ယင်းအခြေအနေတွင် ရန်ကုန် စတော့ခ်အိတ်ချိန်းသည် အနာဂတ် ရင်းနှီးမြှုပ်နှံမှုများ အတွက် အရင်းအမြစ် ဖြစ်လာနိုင်ကြာင်း OBG က ယူဆသည်။ “ပြည်တွင်း ပြည်ပက လုပ်ကိုင်လိုသူတွေ အတွက် ရန်ကုန် စတော့အိတ်ချိန်းက ရန်ပုံငွေပိုင်းဆိုင်ရာ အရေးပါတဲ့ ရွေးချယ်စရာ အရင်းအမြစ် [...]

ယခုနှစ်အတွင်း ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု အတိုးတက်ဆုံးဖြစ်
မြန်မာနိုင်ငံရှိ နယ်စပ် ကုန်သွယ်ရေးစခန်း ၁၅ ခုအနက် ရှမ်းပြည်နယ်ရှိ ချင်းရွှေဟော် နယ်စပ်စခန်းမှာ ကုန်သွယ်မှု ပမာဏ တိုးတက်မှုအများဆုံး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းတွင် ယခုနှစ်၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ အတွင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၇၁ သန်းကျော် အထိ ရောက်ရှိပြီး ယခင်နှစ်ကထက် ၂ [...]

Water Taxi စနစ် အကောင်အထည် ဖော်ဖို့အတွက် တင်ဒါစတင်ခေါ်
ရန်ကုန်မြို့ မြစ်ကြောင်းတစ်လျောက် ပြေးဆွဲမယ့် Water Taxi စနစ် အကောင်အထည် ဖော်ဖို့အတွက် တင်ဒါ စတင်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီတင်ဒါကို စိတ်ဝင်တဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်လာလ ၂၆ ရက်နေ့ အထိ လျောက်ထားမှုတွေကို ပြုလုပ်နိုင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွတ်ကဲမှု အာဏာပိုင် အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်တာပါ။ ရေကြောင်း သယ်ယူပို့ဆောင်ရေး စနစ်ကို လှိုင်မြစ်နဲ့ [...]

ရန်ကုန်မြို့ ကမ်းနားလမ်း ညဈေး နိုဝင်ဘာ ၂၁ ရက်မှာ ဖွင့်လှစ်မည်
ရန်ကုန်မြို့ရဲ့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလ လမ်းနဲ့ ကုန်သည်လမ်းတွေက လမ်းဘေး ဈေးသည်တွေကို ကမ်းနားလမ်းကို ပြောင်းရွှေကာ ညဈေးတန်းအဖြစ် မကြာမီ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။ လက်ရှိ စာရင်းအရ ဆိုင်ခန်းပေါင်း ၅ဝဝဝ ကျော်ရှိပြီးအဲဒီ ဆိုင်ခန်းအားလုံးကို စည်းကမ်းတကျ ရောင်းချခွင့် ပေးသွားမှာပါ။ စာရင်းကောက်ယူထားတဲ့ ဆိုင်တွေကို ဆိုင်ခန်းတွေ နေရာချထားရာမှာ [...]

ပြည်ပသို့ ဆန်စပါးတန်ချိန် ၃ သိန်း တင်ပို့မည်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် အသင်းဝင်ကုပ္မဏီများ ပူးပေါင်းပြီး ဆန်တန်ချိန် ၃ သိန်းကို နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၁၇ ဇန်နဝါရီလ ၃ လတာ အတွင်း ပြည်ပသို့ တင်ပို့နိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတင်း ထုတ်ပြန်ထားသည်။ ယင်းသို့ တင်ပို့ခြင်းဖြင့် အမေရိကန်ဒေါ်လာ သန်း ၉၀ ဖိုး ပြည်ပဝင်ငွေ ရရှိမည်ဖြစ်ပြီး ဆန်စပါးဈေးကွက် တစ်ခုလုံး လည်ပတ်နိုင်စေရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ [...]

အိမ်ခြံမြေဈေးကွက် အနည်းငယ် ပြန်လည်လှုပ်ရှား
လက်ရှိအိမ်ခြံမြေ ဈေးကွက်အတွင်း အဝယ်နှင့် အငှားနှစ်မျိုးစလုံး ပြန်လည် လှုပ်ရှားလာနေပြီး အထူးသဖြင့် ရန်ကုန်မြို့တွင်း အိမ်ရာရုံးခန်းများ ငှားရမ်းမှုက ဝယ်ယူမှုထက် ပိုမိုအားကောင်းလာကြောင်း Peace land real estate company မှ ဒါရိုက်တာ ဦးအောင်ဇော်မှ ပြောကြားသည်။ “သီတင်းကျွတ်အပြီး အရောင်းအဝယ်ကတော့ မြေကွက်အဝယ် မေးမြန်းစုံစမ်းတာ ရှိတယ်။ သိန်းငါးထောင်အောက်ပေါ့ မရမ်းကုန်း၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံ မေးတာများတယ်။ အရောင်းအဝယ် ဖြစ်တာက တောင်ဥက္ကလာမှာ တစ်ထောင်ဝန်းကျင်နဲ့ [...]