တိုင်းရင်းသားသတင်း၊ သတင်းမှတ်တမ်းများ

တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးကို မမေ့မလျော့ စဉ်စား ဆောင်ရွက် ပေးသွားပါမယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြား
အစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မမေ့ မလျော့ စဉ်စား ဆောင်ရွက် ပေးသွားပါမယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။ ချင်းပြည်နယ်၊ လဟယ်မြို့ရှိ ရွှေပြည်သာ အားကစားကွင်းမှာ ကျင်းပတဲ့ ၂၀၁၇ ခုနှစ်  နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ အဲ့ဒီလို ပြာကြားလိုက်တာပါ။ ဒါအပြင် တိုင်းရင်းသားတွေ အနေနဲ့ ပြည်နယ် ပြည်မ မခွဲခြားဘဲ မျှော်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု [...]

မိုးကုတ်မြို့ကို နိုင်ငံခြားသား သွားရောက်ခွင့် ကန့်သတ် သတ်မှတ် လိုက်သောကြောင့် ကျောက်မျက် လုပ်ငန်းများ အရောင်းအဝယ် ရပ်ဆိုင်း
မြန်မာနိုင်ငံ၏ ပတ္ထမြားမြေ အဖြစ် လူသိများသော မိုးကုတ်မြို့ကို နိုင်ငံခြားသား မသွားရ ကန့်သတ်နယ်မြေ အဖြစ် သတ်မှတ် လိုက်သောကြောင့် တွင်းစားကျောက်မျက် လုပ်ငန်းများ အရောင်းအဝယ် ရပ်ဆိုင်းလျက် ရှိကြောင်း မိုးကုတ်မြို့ ကျောက်ကုန်သည်များ ထံမှ သိရသည်။ “နိုင်ငံခြားသား မသွားရ ကန့်သတ်လိုက်တဲ့ အတွက် ဒီအပြင့်မြို့တွေထက် မိုးကုတ်မြို့က ပိုဆိုးသွားတယ်။ ကျွန်တော်တို့ ဆီမှာက တစ်ခြား လုပ်ငန်းမရှိဘူး။ ဒီ ကျောက်အရောင်း အဝယ် လုပ်ငန်း လုပ်ရတော့ [...]

တပ်မတော် စစ်ကြောင်းနဲ့ TNLA အဖွဲ့ဝင်တွေ ထိတွေ့
တပ်မတော် စစ်ကြောင်းနဲ့ TNLA အဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး TNLA တွေ ထံမှ ခဲယမ်းတွေနဲ့ ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့ပါတယ်။ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းမှ နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၈ နာရီ ၂၅ မိနစ်မှာ ဟိုနောင်ကျေးရွာရဲ့ အရှေ့ဘက် ၁ မိုင်ခန့်အကွာကို အရောက်မှာ TNLA [...]

KKO ခွဲထွက် စောဆန်းအောင် အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၃ ဦး ဥပဒေဘောင် အတွင်း ဝင်ရောက်
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းနှင့် ဆက်သွယ် ဆောင်ရွက်၍ နယ်မြေခံ တပ်မတော်ထံသို့ ယနေ့ နံနက် ၁၀ နာရီတွင် KKO ခွဲထွက် စောဆန်းအောင် အဖွဲ့မှ စိုးစိုး ခေါင်းဆောင်သည့် တပ်ဖွဲ့ဝင် ၂၃ ဦးတို့သည် လက်နက်မျိုးစုံ ၈ လက်၊ ကျည်မျိုးစုံ ၁၄၉ တောင့်၊ ကျည်အိမ် မျိုးစုံ ၈ ခု၊ ဗုံးသီး ၃ [...]

တိုင်းရင်းသားအရေး ယန်ဟီလီ အာရုံစိုက်ရန် ကချင်အရေး လှုပ်ရှားသူများက တောင်းဆို
မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ သည် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး အခြေအနေကို အာရုံစိုက်ပြီး လေ့လာရန် ကချင်အရေး လှုပ်ရှားသူများက တောင်းဆိုလျက်ရှိသည်။ ၁၂ ရက်ကြာ ရောက်ရှိနေထိုင်မည့် မစ္စယန်ဟီလီ၏ ပဉ္စမအကြိမ်မြောက် ခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်အား စစ်တမ်းကောက်ယူကာ ၂၀၁၇ မတ်လတွင် ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ [...]

တာချီလိတ် – ဝမ်ပုံ သွားလမ်းပေါ် ပေါက်ကွဲမှုဖြစ်ပွား
ဝမ်ပုံသွားလမ်းပေါ် မြန်မာ ဧရာမွန်ဂိတ်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဝှေလှေလန် ကျေးရွာ တာချီလိတ် – ဝမ်ပုံ သွား ကားလမ်းပေါ်မှာ ရှိတဲ့ မြန်မာဧရာမွန် လမ်းအသုံးပြုခ ကောက်ခံရေး စခန်းမှာ ဇန်နဝါရီ ၄ ရက်နေ့ ည ၉ နာရီ ဝန်းကျင်က အဲဒီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှု ဖြစ်ရာနေရာကို စစ်ဗျူဟာအဖွဲ့ [...]

ဇိုင်းအောင် စစ်ဘေး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ခေါင်ရှောင်စခန်းသို့ ပြောင်းရွှေ့
လက်နက်ကြီးကျည်များ ကျပြီးနောက် ဇိုင်းအောင် စစ်ဘေး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ခေါင်ရှောင်စခန်းသို့ ပြောင်းရွှေ့ နေကြကြောင်း ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ် KBC မှ စစ်ဘေး ဒုက္ခသည်ဆိုင်ရာ တာဝန်ခံတစ်ဦးက ဆိုသည်။ “လူဦးရေ ၂၆၉၀ ရှိတဲ့ ဇိုင်းအောင် စစ်ဘေးဒုက္ခသည် စခန်းဟာ ခေါင်ရှောင် ဒုက္ခသည်စခန်း (မူလ လူဦးရေ ၁၁၀၀ကျော်) ကို ရွှေ့နေပါတယ်။ တနေ့ည ၇း၀၀ နောက်ပိုင်းမှာ တပ်မတော်ရဲ့ မော်တာကျည် [...]

အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ကာကွယ် တားဆီးရေး စာချုပ်ကို ချုပ်ဆိုနိုင်ရန် တိုက်တွန်း
အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ကာကွယ် တားဆီးရေး စာချုပ်ကို ချုပ်ဆိုနိုင်ရန်အတွက် အစိုးရနှင့် တပ်မတော်တို့ ညှိနှိုင်း ဆောင်ရွက်ရေး မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံး လှုံ့ဆော်ရေး အဖွဲ့မှ သုတေသနမှူး Dr.Yeshua Moser Puangsuwan က ပြောသည်။ “၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် အရပ်သား အစိုးရမှာလည်း သူ့လုပ်ပိုင်ခွင့်၊ တာဝန် ၀တ္တရားရှိသလို၊ တပ်မတော်မှာလည်း လုပ်ပိုင်ခွင့်တွေ တာဝန်၊ ၀တ္တရားတွေ အတူရှိနေပါတယ်။ [...]

နိုင်ငံတကာ အဖွဲ့အစည်းများကို အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး အဖွဲ့တွင် ထည့်သွင်းရန် အစီအစဉ်မရှိ
အပစ်ရပ်ကာလ စောင့်ကြည့်ရေး လုပ်ငန်းစဉ်များတွင် ကြားခံလူအဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများကို ပါဝင်ခွင့်ပေးရန် အစီအစဉ် မရှိကြောင်း JMC-U အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးဝဏအောင်က ပြောသည်။ “နိုင်ငံခြားက ကိုယ်စားလှယ်တွေကို JMC မှာ ထည့်ဖို့ အစီအစဉ် လုံးဝမရှိပါဘူး” ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအချို့က အပစ်ရပ် စောင့်ကြည့်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် ဆန္ဒရှိနေကြသည်။ ပြည်ထောင်စု [...]

ကပ်ဆိုက်နေသည့် နာဂဒေသ ပြန်လည် ထူထောင်ရေး ရံပုံငွေ ရှာဖွေမည်
နာဂဒေသတွင်း ကပ်ဘေး အမျိုးမျိုး ကျရောက်နေသဖြင့် ကပ်ဆိုက်နေသည့် နာဂဒေသ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ရံပုံငွေ ရှာဖွေပွဲကို ၂၀၁၇ ဇန်နဝါရီလ ၂၈ ရက်တွင် အမျိုးသား ပြဇာတ်ရုံတွင် ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း သရုပ်ဆောင် မာရီကိုးလ်က ပြောသည်။ အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသည့် အပြင် မည်သည့် NGO/INGO အဖွဲ့အစည်းမှ မရောက်သေး သောနာဂ တောင်တန်းဒေသတွင် ၂၀၁၆ ခုနှစ် မေလနှင့် [...]