တိုင်းရင်းသားသတင်း၊ သတင်းမှတ်တမ်းများ

ကပ်ဆိုက်နေသည့် နာဂဒေသ ပြန်လည် ထူထောင်ရေး ရံပုံငွေ ရှာဖွေမည်
နာဂဒေသတွင်း ကပ်ဘေး အမျိုးမျိုး ကျရောက်နေသဖြင့် ကပ်ဆိုက်နေသည့် နာဂဒေသ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ရံပုံငွေ ရှာဖွေပွဲကို ၂၀၁၇ ဇန်နဝါရီလ ၂၈ ရက်တွင် အမျိုးသား ပြဇာတ်ရုံတွင် ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း သရုပ်ဆောင် မာရီကိုးလ်က ပြောသည်။ အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသည့် အပြင် မည်သည့် NGO/INGO အဖွဲ့အစည်းမှ မရောက်သေး သောနာဂ တောင်တန်းဒေသတွင် ၂၀၁၆ ခုနှစ် မေလနှင့် [...]

ပြည်တွင်းပြည်ပ သတင်းမီဒီတွေ ပါဝင်တဲ့ သတင်းအဖွဲ့ တစ်ဖွဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက် သတင်းယူ
ပြည်တွင်းပြည်ပ သတင်းမီဒီတွေ ပါဝင်တဲ့ သတင်းအဖွဲ့ တစ်ဖွဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက် သတင်းယူကြမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ သွားရောက်မယ့် အဲဒီသတင်းအဖွဲ့မှာ သတင်းဌာန ၁၁ ခုက လိုက်ပါသွားကြတာပါ။ အခုလိုသွားရောက်ကြရာမှာ မောင်တောဒေ သဟာ စစ်ဆင်ရေး နယ်မြေဖြစ်တာကြောင့် သင့်လျော်တဲ့ အရေအတွက်ကို သတ်မှတ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန စီစဉ်ဆောင်ရွက်တာ ဖြစ်ပြီး အဲဒီအဖွဲ့တွေက ရရှိတဲ့ သတင်းနဲ့ [...]

KIA ၏ အမာခံတပ်စခန်းသိမ်း တိုက်ပွဲ၌ နှစ်ဖက် သေဆုံးဒဏ်ရာရမှု များပြားဟု တပ်မတော် သတင်းထုတ်ပြန်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ KIA ၏ အမာခံတပ်စခန်းများ ဖြစ်သော ဂီဒုန်နှင့် လိပ်ပြာကုန်း စခန်းများကို တပ်မတော်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက် သေဆုံး ဒဏ်ရာရရှိမှု များပြားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဘက်က အရာရှိနှင့် စစ်သည်များ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး ကေအိုင်အေ ဘက်ကလည်း သေဆုံး ဒဏ်ရာရရှိမှု များကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက် ဖော်ပြထားသည်။ [...]

မောင်တောနယ် အတွင်း လက်လုပ်မိုင်းတွေ ထပ်မံတွေ့ရှိ
မောင်တောမြို့နယ် မယင်းတောင်နဲ့ မျောတောင်အကြား  မြေကြီးအတွင်း မြှုပ်ထားတဲ့ အသက်သွင်းပြီး ကားပင်စတင်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်မိုင်း ၄ လုံး၊ 3K 70 AHC ဘတ္တရီ ၁ လုံး နဲ့ ဆေးမျိုးစုံ ထည့်ထားတဲ့ ဆာလာအိတ် တစ်ထုတ်ကို ဖေါ်ထုတ် သိမ်းဆည်း ရမိခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်က တပ်မတော်က နယ်မြေ ရှင်းလင်းစဉ်မှာ အခုလို တွေရှိခဲ့တာပါ။ ဒါ့အပြင် မောင်တောမြို့နယ် [...]

KIA / TNLA / MNDAA / AA အကြမ်းဖက်တွေနောက် ထပ်ချပ်မကွာ လိုက်လံ ခြေမှုန်းဖို့ ကာချုပ်ပြော
KIA / TNLA / MNDAA / AA အကြမ်းဖက် သောင်းကျန်းသူတွေ ဆုတ်ခွာသွားတဲ့ နောက်ကို ထပ်ချပ်မကွာ လိုက်လံပြီး အမြစ်ဖြတ် ချေမှုန်းဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ရောက်ရှိစဉ်မှာ အခုလို ပြောကြား လိုက်တာပါ။ ဒါ့အပြင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းကို လုံခြုံမှု အပြည့်အဝရှိအောင် [...]

ပြည်ထောင်စု လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည့် မဟာမိတ် တပ်ပေါင်းစုကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်သည့် အဆိုကို ရှမ်းပြည်နယ် လွှတ်တော် အတည်ပြု
ရှမ်းပြည်နယ် လွှတ်တော်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့အစည်းများကို ပြစ်တင် ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အရေးကြီး အဆိုကို တင်သွင်းကာ မဲခွဲ ဆုံးဖြတ်ခဲ့ပြီး အတည်ပြု သတ်မှတ်လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။ ယင်းအဆိုကို ဒီဇင်ဘာ ၆ ရက်က ကျင်းပသည့် ရှမ်းပြည်နယ် လွှတ်တော် အရေးပေါ် [...]

မူဆယ်မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ်သော်လည်း ကျောင်းတက်သူ နည်းပါး
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် အတွင်း၌ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပိတ်ထားရသော ကျောင်းများ ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်း ထုတ်ပြန်ထားသည်။ သို့သော်လည်း ကျောင်းတက်ရောက်သူ ဦးရေမှာ အချို့ကျောင်းများမှာ ကျောင်းတက်သူ ဦးရေ အလွန်နည်းပါးပြီး ထက်ဝက်ပင် မပြည့်မီသေးကြောင်း စုံစမ်း သိရှိရသည်။ “ဘယ်လိုမှ စိတ်မချနိုင်တဲ့ အနေအထားမှာ ကျွန်တော်တို့ ကျောင်းမလွှတ်နိုင်ဘူး။ သွားခေါ်ဖို့၊ ပြန်လာဖို့ ခက်မှာစိုးလို့” ဟု [...]

တရုတ်ကြားဝင်စီစဉ်သည့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံမည့် အစီအစဉ် ပျက်ပြား
ရှမ်းမြောက်ဒေသရှိ တိုက်ပွဲများကို လျှော့ချနိုင်ရေးအတွက် မြောက်ပိုင်းမဟာ မိတ်ပူးပေါင်းလေးဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြားဝင်ညှိနှိုင်းမှုနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်ဇော်ဦးက မီဒီယာများကို ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ NRPC ရုံးခန်းမတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း [...]

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော် သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ်၊ ၈၉/၂၀၁၆ နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီ အဖွဲ့အစည်းကို နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၂ ဦးနဲ ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ မောင်တောမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု [...]

အထက်ရဲရွာ ရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းရန် တောင်သူ လယ်သမား ထောင်ချီတောင်းဆို
အပြင်းအထန် စစ်ဖြစ်နေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်ရှိ အထက်ရဲရွာ ရေကာတာ ပြုလုပ်ခြင်းကို ပြန်လည်ရုပ်သိမ်းရန် တောင်သူ လယ်သမား အယောက် ၁၅၀၀ ဖြင့် တောင်းဆိုခဲ့ကြောင်း ရှမ်းတောင်သူလယ်သမား ကွန်ရက်မှ စိုင်းထမ်းအိုက်က ပြောသည်။ “မြန်မာနိုင်ငံမှာ သဘာဝအရင်းအမြစ်ကို ထိန်းချုပ်လိုခြင်းမှာ ပဋိပက္ခများ၏ ဇစ်မြစ်ဖြစ်တယ်။ အကယ်၍ အစိုးရဟာ နမ္မတူ မြစ်ပေါ်မှာ ရေကာတာသစ် ထပ်မံဆောက်မည် ဆိုလျင် ဒေသခံ ပြည်သူလူထုများ၏ သဘောထား ဆန္ဒများကို ဆန့်ကျင်ရာ ရောက်တယ်” [...]