တိုင်းရင်းသားသတင်း၊ သတင်းမှတ်တမ်းများ

ပြည်တွင်းစစ် ရပ်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု လုပ်မည်
ပြည်တွင်းစစ်ပွဲများ ရပ်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု ပြုလုပ်မည် ဖြစ်ကြောင်း ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်မှ ဦးမြတ်ကျော်က ပြောသည်။ “ပြည်တွင်းစစ်တွေ ရပ်ကြ အလံဖြူထောင်ကြ” ဟု အမည်ပေးထားသည့် ပြည်တွင်းစစ်များ နှစ်ဦး နှစ်ဖက် ချက်ချင်းရပ်ကြရန် အကြမ်းမဖက် လူထုလှုပ်ရှားမှု တစ်ရပ် ပြုလုပ်ဆောင်ရွက်မည် ဖြစ်ပြီး ယင်းလှုပ်ရှားမှုတွင် အဖြူရောင်အစ (သို့) အလံဖြူကို အိမ်များ၊ ဆိုင်များ၊ ကားများ၊ ဆိုက်ကားများ၊ စက်ဘီးများတွင် ချိတ်ဆွဲ [...]

KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိ
KIA/TNLA/MNDAA လက်နက်ကိုင် အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်း စံလောင်းကျေးရွာ အနီး မိုင်တိုင်အမှတ် (၂၃/၂-၃) ကြားတွင် လူနှင့်ယာဉ် သွားလာမှုအား နှောင့်ယှက်ရန် ရည်ရွယ်၍ မိုင်းဖောက်ခွဲခဲ့ကြောင်း သတင်း ရရှိသည်။ ပေါက်ကွဲမှုကြောင့် အချင်း(၁) ပေ၊ အနက်(၈)လက်မခန့်ရှိ မြေကျင်း ၂ ခု (မြေကျင်းတစ်ခုနှင့် တစ်ခု ၁၅ [...]

မောင်တောမြို့နယ် မီးလင်းရေးအတွက် တစ်ရက်ကို စက်သုံဆီ ၁၇၅ ဂါလံ ပိုမိုသုံးဆွဲနေရ
မောင်တောမြို့နယ် မီးလင်းရေးအတွက် တစ်ရက်ကို စက်သုံဆီ ၁၇၅ ဂါလံ ပိုမိုသုံးစွဲနေရပါတယ်။ မောင်တော အကြမ်းဖက် တိုက်ခိုက်မှုတွေအပြီး လုံခြုံရေးအရ လျှပ်စစ်မီး ပေးချိန်ကို တိုးမြှင့်ပေနေတဲ့အတွက် အခုလို စက်သုံးဆီ သုံးဆွဲမှုနှုန်း မြင့်တက်နေတာပါ။ ယခင်က မောင်တောဒေမှာ တစ်ရက်ကို ၅-နာရီသာ မီးပေးခဲ့ပေမယ့် အောက်တိုဘာလ ၉-ရက်နေ့ကစပြီး ပုံမှန်မီးပေးချိန် ၅-နာရီထက် နောက်ထပ် ၄-နာရီ ထပ်မံတိုးပေးရတဲ့ အတွက် အခုလို စက်သုံးဆီ သုံးဆွဲမှု မြှင့်တက်နေတာဖြစ်ပါတယ်။ လျှပ်စစ်မီး [...]

လက်နက်ကိုင်များ အကြားမှ ပြဿ      နာ ပြည်သူလူထုကို ကြားညပ်
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖြစ်ပွားနေသည့် ပြဿ နာကို ပြည်သူလူထုထံသို့ ပုံမချရန် ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းထွေးက ပြောကြားသည်။ “လက်နက်ကိုင် အဖွဲ့တွေ အားလုံးပေါင်းပြီးတော့ တပ်မတော်နဲ့ လက်နက်ကိုင်တွေရဲ့ မကျေနပ်ချက်တွေ အားလုံးကို သူတို့အချင်းချင်း မဖြေရှင်းဘဲနဲ့ ဒီပြဿ နာတွေကို ပြည်သူတွေ အပေါ်မှာ ပုံချပြီး သက်သက် ဖြေရှင်းနေသလို ဖြစ်နေတယ်လေ၊ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပဲ။ ခုဆို [...]

ယခုနှစ်အတွင်း ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု အတိုးတက်ဆုံးဖြစ်
မြန်မာနိုင်ငံရှိ နယ်စပ် ကုန်သွယ်ရေးစခန်း ၁၅ ခုအနက် ရှမ်းပြည်နယ်ရှိ ချင်းရွှေဟော် နယ်စပ်စခန်းမှာ ကုန်သွယ်မှု ပမာဏ တိုးတက်မှုအများဆုံး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းတွင် ယခုနှစ်၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ အတွင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၇၁ သန်းကျော် အထိ ရောက်ရှိပြီး ယခင်နှစ်ကထက် ၂ [...]

လက်နက်ခဲယမ်းများ ပြန်လည်တွေ့ရှိ သိမ်းဆည်း
နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် နမ့်ပေါ်တံတား လုံခြုံရေး ရဲကင်းသို့ KIA၊ TNLA၊ MNDAA လက်နက်ကိုင် အဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ နမ့်ပေါ်တံတား လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ လုံခြုံရေးပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် တံတားပတ်ဝန်းကျင်၌ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့စဉ် [...]

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ပြစ်ခတ်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရုတ် ကြေညာချက် ထုတ်ပြန်
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ပြစ်ခတ်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်နိုင်ငံနဲ နီးစပ်တဲ့ဒေသတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နှက်ကိုင် အဖွဲ့တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန်လိုက်တာပါ။ အဲ့ဒီလို ပစ်ခတ်တာတွေကြောင့် နယ်စပ်နေသူတွေက တရုတ်နိုင်ငံအတွင်း ဝင်ရောက်ပြီး စစ်ဘေးရှောင်ကြရာမှာ တရုတ်အစိုးရအနေနဲ့ လူသားချင်းစာနာပြီး [...]

တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ တပ်မတော် ရဟတ်ယာဉ်နဲ့ လာရှိုးကို သယ်ဆောင်
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ KIA/ MNDAA/ TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၈ ဦး၊ အကောက်ခွန် ဝန်ထမ်း ၁ ဦးနဲ့ အပြစ်မဲ့ပြည်သူ ၁၅ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီင်္ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို မူဆယ်ဆေးရုံကို ပို့ဆောင် ဆေးဝါးကုသခဲ့ရာ ဒဏ်ရာပြင်းထန်သူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ဦးခေါင်း ဒဏ်ရာရရှိသူ ဒေါ်ရှန်ဆွေ အသက် [...]

မူဆယ်မြို့မှာ ယာဉ်တွေ ပုံမှန်အတိုင်း သွားလာနိုင်ပြီ
KIA / TNLA နဲ့ MNDAA လက်နက်ကိုင်အဖွဲ့က ပိတ်ဆို့ထားတဲ့ နေရာတွေကို တပ်မတော် စစ်ကြောင်းနဲ့ ပြည်သူလူထု ပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၁ နံနက် ၉ နာရီခွဲမှာ ပိတ်ဆို့မှုအား ရှင်းလင်း နိုင်ခဲ့ပြီး ယာဉ်တွေ ပုံမှန်အတိုင်း သွားလာနိုင်ပြီ ဖြစ်ပါတယ်။ KIAနဲ့ TNLA ပူးပေါင်းအဖွဲ့တွေဟာ မူဆယ်မြို့ရဲ့ တောင်ဘက် မိုင် (၂၀) ခန့် အကွာ နမ့်အွန်ကျေးရွာ အဝင် [...]


၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် (၁၀၅)မိုင်၊ မုံးကိုး၊ ပန်ဆိုင်း၊ နမ့်ခမ်းနှင့် ကွတ်ခိုင်ဒေသရှိ မြန်မာ့ တပ်မတော် စခန်းများအား မိမိတို့ ရက္ခိုင့် တပ်မတော် (AA)၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) [...]