ခေါင်းကြီးသတင်း၊ သတင်းမှတ်တမ်းများ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီင်္း ကမ္ဘောဒီယား နိုင်ငံမှ ပြန်လည်ရောက်ရှိ
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ်ဆမ်ဒက် ပရယ်ဘိုရိုနစ် နိုရိုဒွန်သီဟာ မိုနီရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးတို့ဟာ ဖေဖေါ်ဝါရီလ ၆ ရက် (ဒီကနေ့) မွန်းလွဲပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒေသစံတော်ချိန် ၁၂း၂၅ နာရီမှာ အထူးလေယာဉ်နဲ့ ထွက်ခွာလာရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာစံတော်ချိန် ၁၃း၃၅ နာရီမှာ ပြန်လည် ရောက်ရှိခဲ့တာပါ။ နိုင်ငံတော်သမ္မတ [...]

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ
“ဂုဏ်ယူပါတယ် ကိုနေဝင်း။ ဂုဏ်ယူပါတယ် ကိုနေဝင်း” အဆိုပါ စကားတစ်ခွန်းကို ထပ်ခါ ထပ်ခါ အကြိမ်ပေါင်း ရာနှင့်ချီ၍ ကြွေးကြော်နေသည့် လူအုပ်ကြီးသည် ရေဝေးသုဿ န်အတွင်း လှည့်လည်လာသည်။ ပန်းခွေပေါင်းများစွာကို ကိုင်ဆောင်လာသော လူအုပ်များနောက်တွင် စည်ပင်သာရေး ကော်မတီ၏ လူသေ အလောင်းတင်ယာဉ် တစ်စီးက တစ်ဘီးချင်းလိမ့်၍ လာနေသည်။ ထို့နောက်တွင်မှ ကြွေးကြော်အော်ဟစ်နေသည့် ရာပေါင်း၊ ထောင်ပေါင်းများစွာသော လူအုပ်ကြီးက လိုက်လာခြင်းဖြစ်သည်။ ရေဝေးသုဿ န် နာရေးခန်းမ ၃(က)မှ ဂူသွင်းသင်္ဂြိုဟ်ရာ [...]

ဒုတိယမြောက် လုပ်ကြံခံရခြင်း
ရေဝေးသုဿ န်အတွင်း လူထောင်ပေါင်း၊ သောင်းပေါင်းများစွာ တစ်ရွေ့ရွေ့ ဝင်ရောက်နေပြီး မွတ်ဆလင်မ် သင်္ချိုင်းအတွင်းရှိ ဗလီဘေးတွင် တိုးဝှေ့နေသော ရာနှင့်ချီသော လူအုပ်ကြီးမှာ ကျပ်ညပ်နေသည်။ အချို့အသက်ရှူမဝ၍ ခေါင်းကို မော့ပြီး ရှူရသည်။ အချို့အခြားသူ၏ ကျောကုန်းကို တွန်းကန်ထားရသည်။ ကိုယ်စီကိုယ်စီ ချွေဒီးဒီးကျနေပြီး ဖိနပ်ကတစ်ဖက် ဖုန်းကို လက်နှင့် မြှောက်ထားပြီး တိုးဝှေ့နေသည်။ အမျိုးသမီး၊ အမျိုးသား အားလုံးကိုယ်စီသည် ကိုယ့်ရှေ့ဆီမှ ချွေးဒီးဒီးကျနေသော ကျောပြင်နှင့် မကွာတမ်း တိုးဝှေ့နေရခြင်းကြောင့် မွန်းကျပ်နေသော်လည်း [...]

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥပဒေ အကြံပေး ဦးကိုနီ ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် လုပ်ကြံခံရပြီး ကွယ်လွန်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥပဒေအကြံပေး ဦးကိုနီ သည် ယနေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ခန်းမ Terminal 1 မှ အထွက် ကားပါကင်၌ သေနတ်သမား တစ်ဦး၏ အနီးကပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့နှင့် မာလူကူပြည်နယ် [...]

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ သမ္မတ ဦးထင်ကျော် ပြောကြား
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတိုင်း နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေး တည်ငြိမ်မှု အတွက် ကြိုးပမ်း ဆောင်ရွက်ရာမှာ ပြည်ထောင်စု အစိုးရအဖွဲ့ အတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော် နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေး ခန်းမမှာ ပြုလုပ်တဲ့ ဘဏ္ဍာရေး ကော်မရှင် [...]

ရခိုင်ပြည်နယ် တစ်ခုလုံးအရေး ကိစ္စကို ဆက်လက် ဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြော
ရခိုင်ဒေသတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေကို လေ့လာကြည့်တဲ့ အခါမှာ တည်ငြိမ်အေးချမ်းစ ပြုလာပြီဆိုရင် နောက်ထပ် ပြဿ နာအသစ် တစ်ခု ထပ်ပြီး ဖြစ်ပေါ်လာလေ့ ရှိတာကို သတိရှိရှိ ဆောင်ရွက်ကြဖို့ လိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ ဇန်နဝါရီ ၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင် အထည်ဖော် ရေးဗဟိုကော်မတီ [...]

KIA / TNLA / MNDAA / AA အကြမ်းဖက်တွေနောက် ထပ်ချပ်မကွာ လိုက်လံ ခြေမှုန်းဖို့ ကာချုပ်ပြော
KIA / TNLA / MNDAA / AA အကြမ်းဖက် သောင်းကျန်းသူတွေ ဆုတ်ခွာသွားတဲ့ နောက်ကို ထပ်ချပ်မကွာ လိုက်လံပြီး အမြစ်ဖြတ် ချေမှုန်းဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ရောက်ရှိစဉ်မှာ အခုလို ပြောကြား လိုက်တာပါ။ ဒါ့အပြင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းကို လုံခြုံမှု အပြည့်အဝရှိအောင် [...]

သမ္မတ ဦးထင်ကျော် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့နဲ့တွေဆုံ
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် Mr. Kofi Annan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေဆုံရာမှာ ရခိုင်ပြည်နယ်ရှိ နှစ်ဖက် အသိုက်အဝန်းအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေရဲ့ အရေးပါမှု၊ မမှန်ကန်တဲ့ ကောလာဟသ သတင်းတွေအပေါ် မှန်ကန်စွာ တုံ့ပြန်ပြီး ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ဖို့ အရေးကြီးပြီး၊ နှစ်ဖက် အသိုက်အဝန်းအကြား အပြန်အလှန် ထိတွေ့ ဆက်ဆံမှုတွေက တစ်ဆင့် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု [...]

တပ်မတော်ဟာ တစ်ခုတည်း ရှိတယ်လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပြောကြား
လက်နက်ကိုင် လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ဖို့ လမ်းခင်း ပေးထားတာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၈) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က [...]

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံ ခရီးစဉ်မှ ဒီကနေ့ ညနေပိုင်းမှာ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်ဟာ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့တာပါ။ ၃ရက်ကြာခဲ့တဲ့ အဲဒီခရီးစဉ်မှာ စင်ကာပူ-မြန်မာ သက်မွေးပညာကျောင်း ကိစ္စ၊ နှစ်နိုင်ငံ ရင်းနှီးမြုတ်နှံမှု ကိစ္စ၊ နှစ်နိုင်ငံအကြား ၁၉၉၉ ခုနှစ် လက်မှတ်ရေးထိုးခဲ့တဲ့ အခွန်နှစ်ထပ် ပေးဆောင်မှု ရှောင်ရှားရေး ကိစ္စ၊ စင်ကာပူ လေကြောင်းလိုင်း ပျံသန်းရေး [...]