ခေါင်းကြီးသတင်း၊ သတင်းမှတ်တမ်းများ

ရခိုင်အရေးအတွက် အကြံပေးကော်မရှင် ကြေညာချက် ထုတ်ပြန်
အကြံပေးကော်မရှင်သည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ အတွက် တုံ့နှေးစေသည့် ရခိုင်ပြည်နယ်၏ ရှုပ်ထွေးနက်နဲသော စိန်ခေါ်မှုများအား ဖြေရှင်းနည်းများကို မြန်မာနိုင်ငံတော် အစိုးရအတွက် အကြံပေးအပ်ရန် လုပ်ပိုင်ခွင့် အာဏာ ခံယူထားကြောင်း ကော်မရှင်၏ ကြေညာချက်တွင် ထုတ်ပြန်သည်။ [...]

ကရင်ပြည်နယ်မှာ မကြာမီ အခွင့်အလမ်း သစ်တွေ ခံစားရတောမယ်လို့ သမ္မတ ဦးထင်ကျော်ပြော
ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း သစ်တွေကို ခံစားနေရပြီ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ၆၁-နှစ်မြောက်ကရင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြား လိုက်ပါတယ်။ တစ်ချိန်က တိုက်ပွဲတွေကြောင့် ယမ်းငွေ့တွေ ဝေခဲ့တဲ့ ကရင်ပြည်နယ်ဟာ မကြာခင်ကာလမှာ စက်ရုံ၊ အလုပ်ရုံတွေနဲ့ စည်ပင် လာတော့မှာပါ။ ဒါအပြင် ကရင်ပြည်အတွင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပ ပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိတယ်လို့ သမ္မတက [...]

မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး နှင့် အကြမ်းဖက်မှုကို တိုက်ဖျက်သွားမည်ဟု တရုတ်နိုင်ငံပြော
တရုတ်နိုင်ငံသည် မူးယစ်းဆေးဝါး တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် အရေးကိစ္စရပ်များကို မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင် သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ကော်စိန်ခွမ်း က နိုဝင်ဘာလ ၃ ရက်တွင် ပြောကြားသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေး [...]

တိုင်းရင်းသား ဒေသများ စီးပွားရေး ဂျပန်က ဘီလီယံချီ ကူညီမည်
တိုင်းရင်းသားဒေသများ၏ စီးပွားရေးကို ဂျပန်နိုင်ငံက ယန်းဘီလီယံချီပြီး ကူညီမည်ဖြစ်ပြီး မြန်မာ့ စီးပွားရေးတွင်လည်း ဘီလီယံချီ ရင်းနှီးမြှုပ်နှံရန်အတွက် အဆင်သင့်ရှိနေကြောင်း ဂျပန်နိုင်ငံ အခြေစိုက် သတင်းဌာန တစ်ခုက ဖော်ပြခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုအပြီးတွင် မီဒီယာအချို့ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသားဒေသများ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ယန်းဘီလီယံ ၄၀ ကူညီမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရန် ဘီလီယံ ၈၀၀ အဆင်သင့် ရှိနေကြောင်း [...]

တပ်မတော်ရဲ့ ထိုးစစ်ဆင်နေမှု အာဏာရပါတီ မတားဆီးနိုင်ဟု ကေအိုင်အို ဥက္ကဋ္ဌဆို
အစိုးရတပ်မတော် အနေနဲ့ ကေအိုင်အို ဗဟိုဌာနချုပ် နယ်မြေ အပါအဝင် ကချင်ဒေသ ကေအိုင်အေ တပ်မဟာ ရှစ်ခုကို ထိုးစစ်ဆင်ဖို့ တပ်အင်အားတွေ ပို့ဆောင်နေတယ်လို့ ကေအိုင်အို ဥက္ကဋ္ဌ Lanyaw Zawng Hra က ကေအိုင်အိုအဖွဲ့ ၆၅ နှစ်ပြည့် အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ ညှိနှိုင်းနေချိန်မှာ အစိုးရတပ်က သြဂုတ်လ ၁၆ရက်မှာ ကေအိုင်အို ဌာနချုပ် နယ်မြေကို [...]

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဗီယက်နမ်နိုင်ငံ ခရီးစဉ်စတင်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် (၈) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေး၊ (၇)ကြိမ်မြောက် အက်မက်စ် ထိပ်သီး အစည်းအဝေးနှင့် ကမ္ဘာ့စီးပွားရေး ဖိုရမ် (မဲခေါင်ဒေသ) များသို့ တက်ရောက်ရန်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် အတွက် ယနေ့နံနက် (၀၈း၃၀) နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် [...]

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တို့သည် အဖွဲ့ဝင်များနှင့်အတူ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်နှင့် (၈)ကြိမ်မြောက် CLMV (၇) ကြိမ် မြောက် ACMECS ထိပ်သီး အစည်းအဝေး များနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်- မဲခေါင် ညီလာခံသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသည်။ နိုင်ငံတော် သမ္မတနှင့် ဇနီးနှင့် [...]

ရွှေဘုံသာ စေတီကို ကျိုက်ထီးဆောင်းက သိမ်းဆည်းထားမှုနှင့် ဘုရားပစ္စည်းများ ဆုံးရှုံး ရသဖြင့် ဒေသခံများ ပြန်လည်တောင်းဆို
ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာရှိ ရွှေဘုံသာစေတီတော်ကို စစ်အစိုးရ လက်ထက် ကတည်းက ကျိုက်ထီးဆောင်း သာသနာပြုအဖွဲ့က သိမ်းဆည်းထားပြီး ဒေသခံများ ကိုးကွယ်ခွင့် မရခြင်းကြောင့် ဒေသခံများက အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ပြီး ပြန်လည် တောင်းဆိုလျက် ရှိကြောင်း ဦးဆောင် ဆန္ဒပြသူ ဦးကျော်မင်းက ပြောသည်။ “ကျိုက်ထီးဆောင်း သာသနာပြု အဖွဲ့က သိမ်းပြီး အဲဒီဘုရားပေါ်မှာ ကျွန်တော်တို့ ကျေးရွာရဲ့ ဘာသာရေးပွဲ တွေ လုပ်ခွင့်မရဘူး။ ကျွန်တော်တို့ [...]

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် International Finance Corporation (IFC) ၏ အမှုဆောင် အရာရှိချုပ်နှင့် ကမ္ဘာ့ဘဏ် အုပ်စု၏ ဒုတိယ အမှုဆောင် ဥက္ကဋ္ဌ နှင့် တွေ့ဆုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား International Finance Corporation (IFC) ၏ အမှုဆောင် အရာရှိချုပ်နှင့် ကမ္ဘာ့ဘဏ် အုပ်စု၏ ဒုတိယ အမှုဆောင် ဥက္ကဋ္ဌဖြစ်သူ Mr. Philippe H.Le Houerou နှင့် အဖွဲ့သည် ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လာရောက် [...]

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက်ရှ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ် ရေးထိုးသည်။ ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ထိုင်းနိုင်ငံ သံရုံးသို့ ရောက်ရှိရာ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် သံရုံးမှ တာဝန်ရှိသူများက [...]