ခေါင်းကြီးသတင်း၊ သတင်းမှတ်တမ်းများ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အိန္ဒိယသမ္မတနှင့် တွေဆုံ
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ်မူခါဂျီးတို့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် အိန္ဒိယနိုင်ငံ သမ္မတ အိမ်တော်ဝင်း Rashtrapati Bhavan ၊ Morning Room ၌ တွေ့ဆုံကြသည်။ တွေ့ဆုံစဉ် အိန္ဒိယသမ္မတနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံ ထူထောင် ခဲ့သည့် အတွေ့အကြုံများနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထူထောင်လျှက်ရှိ သည့် အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် [...]

ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ပြန်ကြားရေး ဝန်ကြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
 ရခိုင်ပြည်နယ် ခရီးစဉ်ကို သွားရောက်ခဲ့တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် နဲ့ ဦးသိန်းဆွေတို့ ဦးဆောင်တဲ့ အဖွဲ့က ဒီကနေ့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းပွဲမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေနဲ့ ဖမ်းဆီးရမိတဲ့ အကြမ်းဖက် သမားတွေရဲ့ မှတ်တမ်း ဓါတ်ပုံတွေ၊ နိုင်တော် အစိုးရရဲ့ ဆောင်ရွက်ချက်တွေ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို ပြသထားပါတယ်။ ဒါ့အပြင် [...]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ သမ္မတနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိ
BIMSTEC Retreat အစည်းအဝေးနှင့် BRICS and BIMSTEC Leader´s Outreach Summit အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် နယူးဒေလီမြို့သို့ ရောက်ရှိသည်။ ထို့နောက် နိုင်ငံတော်၏ [...]

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေး တက်ရောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံ တော်ချိန် ညနေ ၄ နာရီတွင် Hotel Leela ၌ ကျင်းပသည့် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေး (BIMSTEC Retreat) သို့ တက်ရောက်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ အကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီက [...]

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ ရောက်ရှိ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင် ခရီးသွားရောက်ရန်နှင့် အိန္ဒိယနိုင်ငံ ဂိုအာမြို့၌ ကျင်းပမည့် BIMSTEC Retreat အစည်းအဝေးနှင့် BRICS and BIMSTEC Leader´s Outreach Summit အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အိန္ဒိယနိုင်ငံ ဂိုအာမြို့ [...]

BIMSTEC Retreat အစည်းအဝေးနှင့် BRICS-BIMSTEC Leaders’ Outreach Summit သို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ထွက်ခွာ
အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်ရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ [...]

လက်နက်ကိုင် လမ်းစဉ်သည် ဒီမိုကရေစီစနစ်၏ ဆန့်ကျင်ဘက်ဟု ကာချုပ်ဆို
လက်နက်ကိုင် လမ်းစဉ်သည် ဒီမိုကရေစီစနစ်၏ ဆန့်ကျင်ဘက် ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ နေပြည်တော်၊ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ [...]

နိုင်ငံတော်အတွင်း လက်ရှိ ဖြစ်ပေါ်နေသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အထူး အစည်းအဝေး ကျင်းပ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း လက်ရှိဖြစ်ပေါ်နေသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အထူး အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်တွင် ကျင်းပသည်။ အစည်းအဝေးတွင်- ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အခြေအနေ၊ အကြမ်းဖက် သမားများ၏ ဆောင်ရွက်ချက်နှင့် [...]

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နော်ဝေနိုင်ငံနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီး တို့အား သီးခြားစီ လက်ခံတွေ့ဆုံ
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စ တူနယ်တီးနပ်(စ်)အား ယနေ့နံနက် ၁၀ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗစ်ခရမ်မစ် ဆရီအား နံနက် ၁၁ နာရီတွင် လည်းကောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး [...]

နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကျော်ဇေယျ ဘင်္ဂလားဒေ့ရှ် သံအမတ်နှင့် တွေဆုံ
အကြမ်းဖက် ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ရေးတို့ အတွက် မြန်မာနိုင်ငံမှ ကြိုးပမ်းမှုများတွင် လိုအပ်သည့် ပူးပေါင်း ကူညီပံ့ပိုးမှုများ ပြုလုပ်ရေး ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား တွေ့ဆုံ ပြောကြား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျသည် ယနေ့ ၁၂း၃၀ နာရီတွင် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ချင်းတွင်း ခန်းမ၌ [...]