ပြည်တွင်းသတင်း၊ သတင်းမှတ်တမ်းများ

ပြည်ထောင်စု လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည့် မဟာမိတ် တပ်ပေါင်းစုကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်သည့် အဆိုကို ရှမ်းပြည်နယ် လွှတ်တော် အတည်ပြု
ရှမ်းပြည်နယ် လွှတ်တော်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့အစည်းများကို ပြစ်တင် ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အရေးကြီး အဆိုကို တင်သွင်းကာ မဲခွဲ ဆုံးဖြတ်ခဲ့ပြီး အတည်ပြု သတ်မှတ်လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။ ယင်းအဆိုကို ဒီဇင်ဘာ ၆ ရက်က ကျင်းပသည့် ရှမ်းပြည်နယ် လွှတ်တော် အရေးပေါ် [...]

ရွှေလမင်း အထူးကုဆေးရုံ (လမ်းမတော်) တွင် မနာမကျင်ဘဲ သဘာဝအတိုင်း မွေးဖွားနည်းဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး မိတ်ဆက်
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ရွှေလမင်း အထူးကုဆေးရုံ (လမ်းမတော်) တွင် မနာမကျင်ဘဲ သဘာဝအတိုင်း မွေးဖွားနိုင်မည့် သားဖွားခြင်း ကုထုံးကို စတင် ကုသပေးနိုင်တော့မည် ဖြစ်ကြောင်း ရွှေလမင်း အထူးကုဆေးရုံ၏ လူ့စွမ်းအား အရင်းအမြစ် ဒါရိုက်တာ ဒေါက်တာ တင်ထွန်းအောင်က ပြောကြားသည်။ နိုင်ငံတကာတွင် အသုံးတွင်ကျယ်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မရှိသေးသော နာကျင်မှုကို လုံးဝနီးပါး အထိလျော့ချပေးနိုင်မည့် မွေးဖွားနည်း ကုထုံးကို ဒီဇင်ဘာလ လယ်ပိုင်းမှ စတင်ပြီး ကုသပေးနိုင်တော့မည် [...]

မူဆယ်မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ်သော်လည်း ကျောင်းတက်သူ နည်းပါး
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် အတွင်း၌ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပိတ်ထားရသော ကျောင်းများ ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်း ထုတ်ပြန်ထားသည်။ သို့သော်လည်း ကျောင်းတက်ရောက်သူ ဦးရေမှာ အချို့ကျောင်းများမှာ ကျောင်းတက်သူ ဦးရေ အလွန်နည်းပါးပြီး ထက်ဝက်ပင် မပြည့်မီသေးကြောင်း စုံစမ်း သိရှိရသည်။ “ဘယ်လိုမှ စိတ်မချနိုင်တဲ့ အနေအထားမှာ ကျွန်တော်တို့ ကျောင်းမလွှတ်နိုင်ဘူး။ သွားခေါ်ဖို့၊ ပြန်လာဖို့ ခက်မှာစိုးလို့” ဟု [...]

စည်းကမ်းချက်နဲ့ မညီတဲ့ လမ်းဘေးဈေးသည်တွေ အရေးယူရန် ပြင်စင်
သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မညီညွတ်တဲ့ လမ်းဘေး ဈေးသည်တွေကို စတင် အရေးယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ပထမ အဆင့်မှာ မြို့တော် စည်ပင်သာယာ အနေနဲ့ လမ်းဘေး ဈေးသည်တွေကို စည်းကမ်းနဲ့ အညီရောင်းချဖို့ အသိပညာ ပေးမှုတွေ ပြုလုပ်ခဲ့တာပါ။ အခုအခါမှာတော့ ကမ်းနားလမ်းပေါ်မှာ ရှိတဲ့ လမ်းဘေးဈေးဆိုင် အချို့အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး ယာဉ်သွားလမ်းပေါ်တွေ အပေါ်ကိုပါ တက်ပြီး ရောင်းချမှုတွေ ရှိလာတဲ့ အတွက် အရေးယူမှုတွေ [...]

သေနတ်ပစ်ဖောက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေမမိသေး
ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်းမြောက် ရပ်ကွက် ရှမ်းကုန်းလမ်းမှာရှိတဲ နိုင်ငံခြား ငွေလဲကောင်တာမှာ ဒီဇင်ဘာလ ၃ ရက်နေ့ သေနတ်ပစ်ဖောက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို အခုချိန်ထိ ဖမ်းမမိသေးဘူးလို့ စမ်းချောင်းမြို့နယ် ရဲစခန်းက ပြောပါတယ်။ အခုအခါမှာ တရားခံ ဖမ်းမိနိုင်ရေးအ တွက် CCTV ကင်မရာမှာ ပေါ်နေတဲ့ ဓါတ်ပုံတွေကို မြို့နယ်အကုန်လုံးကို ဖြန့်ထားတဲ့အပြင် တိုင်းနဲ့ပြည်နယ် တွေကိုလည်း ဖြန့်ထားတယ်လို့ ဒုရဲအုပ် ဝင်းထွန်းကို သီးခြားဆက်သွယ်မှုမှာ [...]

သမ္မတ ဦးထင်ကျော် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့နဲ့တွေဆုံ
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် Mr. Kofi Annan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေဆုံရာမှာ ရခိုင်ပြည်နယ်ရှိ နှစ်ဖက် အသိုက်အဝန်းအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေရဲ့ အရေးပါမှု၊ မမှန်ကန်တဲ့ ကောလာဟသ သတင်းတွေအပေါ် မှန်ကန်စွာ တုံ့ပြန်ပြီး ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ဖို့ အရေးကြီးပြီး၊ နှစ်ဖက် အသိုက်အဝန်းအကြား အပြန်အလှန် ထိတွေ့ ဆက်ဆံမှုတွေက တစ်ဆင့် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု [...]

တရုတ်ကြားဝင်စီစဉ်သည့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံမည့် အစီအစဉ် ပျက်ပြား
ရှမ်းမြောက်ဒေသရှိ တိုက်ပွဲများကို လျှော့ချနိုင်ရေးအတွက် မြောက်ပိုင်းမဟာ မိတ်ပူးပေါင်းလေးဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြားဝင်ညှိနှိုင်းမှုနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်ဇော်ဦးက မီဒီယာများကို ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ NRPC ရုံးခန်းမတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း [...]

အစိုးရသစ် လက်ထက် ၆ လတာအတွင်း လွပ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့် ကျဆင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် လက်ထက် ၆ လတာအတွင်းတွင် လွပ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့် အခြေအနေ သိသိသာသာ ကျဆင်းလာကြောင်း ထုတ်ပြန်ချက် တစ်စောင်ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် Pen Myanmar နှင့် မိတ်ဖက် အဖွဲ့အစည်း ၆ ခု ပူးပေါင်း ထုတ်ပြန်သည်။ “အခု NLD အစိုးရသစ် လက်ထက် လွပ်လပ်စွာ ပြောဆိုခွင့် လျော့သွားတယ်။ ကျသွားတယ်။ ဒါ အစိုးရကို [...]

ရန်ကုန်မြို့၏ ဒုတိယမြို့လယ်ကောင်တွင် သေနတ်ထောက် လုယက်မှုဖြစ်
ရန်ကုန်မြို့၏ ဒုတိယမြို့လယ်ကောင်ဟု သတ်မှတ်နိုင်သည့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတွင် ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် သေနတ်ထောက် လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ မြေနီကုန်း (မြောက်)ရပ်ကွက်၊ ရှမ်းကုန်းလမ်း၊ မြေညီထပ်ရှိ Money Changer သို့ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က လူငယ် [...]

မြန်မာနိုင်ငံတွင် ကလေးငယ်များနှင့် ပါတ်သက်ပြီး အာရုံစိုက်မှုနည်းပါး
မြန်မာနိုင်ငံတွင် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါတ်သက်ပြီး လူ့အဖွဲ့အစည်းက အာရုံစိုက်မှု နည်းပါးကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ပြောကြားသည်။ “အန်တီတို့ နိုင်ငံမှာ ကလေးတွေနဲ့ ပါတ်သက်ပြီး အာရုံစိုက်မှု နည်းပါတယ်။ ကလေးတွေနဲ့ သူတို့ရဲ့ လူမှုဘဝ ပါတ်ဝန်းကျင်ကို အလေးထားတာ နည်းနေတယ်။” ဟု ၎င်းက ဆိုသည်။ ကလေးငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ သိသိသာသာ မြင့်တက်လာချိန်တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း [...]