ပြည်တွင်းသတင်း၊ သတင်းမှတ်တမ်းများ

Johns Hopkins တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ သင်တန်း မြန်မာ သင်တန်းသားများ စေလွှတ်ရေး ဆွေးနွေး
Johns Hopkins တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေကို မြန်မာနိုင်ငံမှ သင်တန်းသား/သူ တွေ ပိုမိုစေလွှတ်နိုင်ရေး ကိစ္စကို ဒီကနေ့ မနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ်၊ School of Advanced International Studies (SAIS) အရှေ့တောင် အာရှ လေ့လာရေး ဂုဏ်ထူးဆောင် ပါမောက္ခနဲ့ အဖွဲ့ဝင်တွေ [...]

ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ အဖွဲ့မောင်တောဒေသကို တတိယအကြိမ် မြေပြင်ကွင်းဆင်း စစ်ဆေး
ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ အဖွဲ့ဝင်တွေဟာ မောင်တောဒေသကို တတိယ အကြိမ် မြေပြင်ကွင်းဆင်း စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ မောင်တောမြို့ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ အဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး အဖွဲ့ရဲ့ အစီရင်ခံစာပါ အချက် [...]

စတုတ္ထ အကြိမ်မြောက် မြန်မာ-ဂျပန် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်
စတုတ္ထ အကြိမ်မြောက် မြန်မာ-ဂျပန် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျနဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ သံအမတ်ကြီး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကိုအိချိမိဇုရှိမ တို့က ပူးတွဲ သဘာပတိတွေ အဖြစ် ဆောင်ရွက်ခဲ့ကြတာပါ။ အဲဒီအခမ်းအနားမှာ [...]

ကျောက်စိမ်း အရိုင်းတုံး တန် ၂၀ ခန့်ကို ရှာဖွေ တွေ့ရှိ ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အတူ ကျောက်စိမ်း တူးဖော်ရေး ဌာနခွဲ (မိုးညှင်း)မှ တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မော်တော် ယာဉ်တွေကို သတင်းအရ ရှာဖွေရာမှာ တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းတုံးတွေကို ဖမ်းဆီး ရမိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက် ည ၈ နာရီက ဖားကန့်ဒေသမှ နန့်ယား-မိုးကောင်း-မိုးညှင်း လမ်းကြောင်း အတိုင်း မန္တလေးဘက်ကို ယာဉ်မောင်း ရှစ်ဦး၊ ယာဉ်နောက်လိုက် ၁၇ [...]

တရားမဝင် ပိတောက် သစ်ခွဲသားတွေ ဖမ်းဆီးရမိ
တရားမဝင် ပိတောက် သစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၆ နာရီ ခွဲက စစ်ကိုင်းတိုင်း ဒေသကြီး၊ ကနီမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေ ချောင်းမ ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က အခုလို ဖမ်းဆီး ရမိလိုက်တာပါ။ အဲဒီအဖွဲ့ဟာ သတင်းအရ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း၊ မိုင်တိုင် အမှတ် [...]

ဦးကိုနီကို လုပ်ကြံသတ်မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ ငွေပေး ခိုင်းစေခဲ့သူဟာ တပ်မတော်မှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဦးကိုနီ လုပ်ကြံခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒုတိယမြောက် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာပါ။ လက်ရှိမှာ ဦးကိုနီကို လုပ်ကြံသတ်ဖြတ် [...]

မောင်တော အမှတ်(၁) ဝင်/ထွက် စခန်း (POE) ပြန်လည်ဖွင့်လှစ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ရှိ မောင်တော အမှတ်(၁) ဝင်/ထွက် စခန်း (POE) ကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီစခန်းဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် က ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက် ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက်  အမှတ်(၁) ဝင်/ထွက် စခန်း (POE) မှ ဝင်ထွက်မှုတွေကို ခေတ္တ ရပ်ဆိုင်းခဲ့ရတာပါ။ [...]

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကာကွယ်ရေး ဆိုင်ရာ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်း စီမံရေးရာဌာနရဲ့ အင်ဂျင်နီယာချုပ်နဲ့ တွေဆုံ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကာကွယ်ရေး ဆိုင်ရာ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်း စီမံရေးရာဌာနရဲ့ အင်ဂျင်နီယာချုပ် Mr. Long Hong Shan ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ဒီကနေ့မနက် ၉ နာရီခွဲက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေဆုံရာမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် လေ့လာ သုတေသနပြု လုပ်ငန်းတွေရဲ့ အရေးပါမှု အခြေအနေတွေ [...]

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း
အထူးကုန်စည်ခွန် ၁၇ မျိုးတွင် ပါဝင်သည့် ကားတင်သွင်းမှုအပေါ် ကား၏ အင်ဂျင်ပါဝါကို မူတည်ပြီး အခွန်နှုန်းထား သတ်မှတ်မှု၊ ရွှေလက်ဝတ်ထည်များ ကုန်သွယ်လုပ်ငန်းခွန် လျှော့ချမှု အပါအဝင်၂၀၁၇ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက် ဥပဒေကြမ်း နှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီက ၎င်း၏ တွေ့ ရှိချက်၊ သဘောထား အစီရင်ခံစာကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို [...]

အစိုးရသစ်လက်ထက် လူ့အခွင့်ရေး ချိုးဖောက်မှု ၂ ဆမြင့်တက်
မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှုန်းသည် ယခင်နှစ်ထက် ၂ ဆနီးပါး မြင့်တက်သွားကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ (ND-Burma)၏ အစီရင်ခံစာတွင် ဖော်ပြထားထားသည်။ လူမှုရေးနှင့် မူးယစ်ဆေးဝါးပြဿနာများ တိုင်းရင်းသားဒေသရှိ တိုက်ပွဲများကြောင့်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုတိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် မှတ်တမ်းအရ လူ့အခွင့်အရေးချိုးဖောက်မှု ၈၄ မှုရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ်အတွင်း တိုင်းနှင့် ပြည်နယ် ဆယ်ခုအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁၅၄ မှုအထိရှိလာကြောင်း လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက်-မြန်မာနိုင်ငံ၏ [...]