ပြည်တွင်းသတင်း၊ သတင်းမှတ်တမ်းများ

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တောင်းဆို
လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိနေဆဲဖြစ်သဖြင့် လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း တူးဖေါ်ရေး လုပ်ငန်းကို ချက်ချင်း ရပ်ဆိုင်းရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ဖြစ်သည့် Amnesty International က တောင်းဆိုချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ကြေးနီစီမံကိန်းကြောင့် ဒေသခံ ပြည်သူများ၏ လူနေမှုဘဝများ ထိခိုက်ရခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းများ အတွက် အစိုးရသစ် အနေဖြင့် ပညာရှင်များ ပါဝင်သည့် အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရန်လည်း လိုအပ်နေကြောင်း [...]

မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး ဆွေးနွေး
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသခံ ပြည်သူတွေ အကျိုးဖော်ဆောင်ရေး ဒုတိယအကြိမ် (၂+၂) အဆင့် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ ကျင်းပခဲ့တာပါ။ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင့်နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဦးဆောင်ပြီး တက်ရောက်ခဲ့ကြကာ၊ [...]

ကလောမြို့နယ်တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈,၀၀၀ ပြား ဖမ်းဆီးရမိ
ကလောမြို့နယ်တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈,၀၀၀ ပြား ဖမ်းဆီး ရမိလိုက်ပါတယ်။ ဖေဖေါ်ဝါရီ ၈ ရက်က မူးယစ် တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ကလောမြို့အထွက် သာစည် ပူးပေါင်း စစ်ဆေးရေး စခန်းမှာ အခုလို ဖမ်းဆီး ရမိလိုက်တာပါ။ အဲဒီဆေးပြားတွေကို ကျော်စိုးဝင်း မောင်းနှင်ပြီး ဘိုဘိုဇင် လိုက်ပါလာတဲ့ နမ့်စန်-တောင်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ “စွမ်း Group” ခရီးသည်တင် မော်တော်ယာဉ်ကို [...]

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေတ္တာရပ်ခံချက် ထုတ်ပြန်
ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကပ်ထားတဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း လာရောက် ကြည့်ရှုတဲ့ မဲဆန္ဒရှင် အရေအတွက်ဟာ ၆.၀၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်း ထုတ်ပြန် လိုက်ပါတယ်။ အခြေခံမဲစာရင်းရှင် စာရင်းကို မဲဆန္ဒရှင်တွေ လာရောက် စစ်ဆေးပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်နိုင်အောင် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ [...]

မွန်ပြည်နယ် သထုံမှာ ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွား
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ အခွန်လွတ်ဈေး အနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ဖေဖေါ်ဝါရီလ ၇ ရက်၊ ည ၈ နာရီက ယာဉ် ၅ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ယာဉ်တိုက်မှုဟာ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်ကို ယာဉ်မောင်း သီဟတင်ဌေး ၂၆ နှစ် (ဘ) ဦးခင်မြင့် ကျိုက်ထိုမြို့နယ်နေသူ မောင်းနှင်လာတဲ့ 4M/—- JAC အဖြူရောင် ကွန်ကရစ် သယ်ယာဉ်နဲ့ မော်လမြိုင်ဘက်မှ [...]

နှစ်ဟောင်းကြွေးကျန်တွေကို ရှင်းလင်းဖို့ ဒုသမ္မတ (၂) မှ ဦးစီးဆောင်ရွက်နေ
ဝန်ကြီးဌာနတွေရဲ့ ပြည်တွင်းမှ ရဖို့၊ ပေးဖို့ နှစ်ဟောင်းကြွေးကျန်တွေကို ရှင်းလင်းရာမှာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးရဲ့ ၂၃-၁၀-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၁၇၈၆/၂၅၂-စာရင်း/အဖရ (၂၀၁၃) နဲ့ ဒုတိယသမ္မတ (၂) ဦးစီးတဲ့ ဘဏ္ဍာရေးနှစ် အဆက်ဆက် ကြွေးကျန်များ စာရင်းရှင်းလင်းရေး အဖွဲ့ကို ဖွဲ့စည်း ပေးခဲ့ပြီး အဲဒီအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ယနေ့ထိ ဆက်လက် ဆောင်ရွက်နေတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားလိုက်ပါတယ်။ ဖေဖေါ်ဝါရီလ ၇ [...]

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အစည်းအဝေးကို ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင်း ကျင်းပရန်လျာထား
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယ အစည်းအဝေးကို ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်ကျင်းပနိုင်ရေး အတွက် လျာထားထားပြီး ထပ်မံဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။ “၂၈ ရက်နေ့ကို target date ထားပါတယ်၊ confirm date ကို ပြန်ညှိပါ့မယ်” ဟု ၎င်းက ဆိုသည်။ [...]

မောင်တောမြို့နယ်က ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မောင်တောမြို့နယ်က ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအတွင်း WY စာတမ်းပါ မူးယစ်ဆေးဝါး အပြား သိန်း ၄၀ ကျော်နဲ့ လက်နက်တစ်ချို့ ဖမ်းဆီး ရမိခဲ့ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရွှေဗဟိုကျေးရွာ၊ ရွှေဗဟို ဘုန်းတော်ကြီးကျောင်းကို မေယုစစ်ဆင်ရေး အထူးတပ်ဖွဲ့က ဆက်စပ်သတင်းတွေ အရ ဝင်ရောက် ရှာဖွေခဲ့ရာမှ အခုလို တွေ့ရှိခဲ့တာပါ။ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ညနေ (၅) နာရီက မောင်တောဘက်ကို မောင်းနှင်လာတဲ့ ကားတစီးကို ဗောဓိကုန်း [...]

နှစ် (၇ဝ) မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အေးချမ်း တည်ငြိမ်စွာ ကျင်းပနိုင်ရေး လုံခြုံရေး လုပ်ငန်းစဉ်များ စတင်
နှစ် (၇ဝ) မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အေးချမ်း တည်ငြိမ်စွာ ကျင်းပနိုင်ဖို့ အတွက် သက်ဆိုင်ရာ နေပြည်တော် ရဲတပ်ဖွဲ့မှ လုံခြုံရေး လုပ်ငန်းစဉ်တွေကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်ပြီး ကြိုတင်ဆောင်ရွက် နေပြီဖြစ်ပါတယ်။ အဲဒီလိုလုံခြုံရေး လုပ်ငန်းစဉ်တွေကို နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်ရဲ့ လမ်းညွှန်မှု၊ ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မောင်မောင်ခင်၊ ဇမ္ဗူသီရိ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး [...]

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ခွဲခြားလို့မရကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
ဒီမိုကရေစီ စနစ်ဟာ နိုင်ငံသူ နိုင်ငံသားတွေ ပြည်သူ ပြည်သားတွေရဲ့ ဂုဏ်သိက္ခာကို လေးစားရတဲ့ စနစ် ဖြစ်တာကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ခွဲခြားလို့ မရတဲ့အပြင် လူသားတွေရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားရင် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဟု ပြောလို့မရဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေက၊ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း [...]