ပြည်တွင်းသတင်း၊ သတင်းမှတ်တမ်းများ

ငွေကျပ်သိန်း ၂၄၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်ဖြူတွေကို သိမ်းဆည်းရမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့ အဝင်အနီးမှာ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်း ၂၄၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားနဲ့ ဘိန်ဖြူတွေကို သိမ်းဆည်း ရမိခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးမှုဟာ ဖေဖ်ါဝါရီလ ၅ ရက်နေ့ မနက်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်း အဖွဲ့က ရှောင်တခင် စစ်ဆေးတာတွေ ဆောင်ရွက်နေစဉ်မှာ အခုလို [...]

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီင်္း ကမ္ဘောဒီယား နိုင်ငံမှ ပြန်လည်ရောက်ရှိ
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ်ဆမ်ဒက် ပရယ်ဘိုရိုနစ် နိုရိုဒွန်သီဟာ မိုနီရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးတို့ဟာ ဖေဖေါ်ဝါရီလ ၆ ရက် (ဒီကနေ့) မွန်းလွဲပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒေသစံတော်ချိန် ၁၂း၂၅ နာရီမှာ အထူးလေယာဉ်နဲ့ ထွက်ခွာလာရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာစံတော်ချိန် ၁၃း၃၅ နာရီမှာ ပြန်လည် ရောက်ရှိခဲ့တာပါ။ နိုင်ငံတော်သမ္မတ [...]

ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရခြင်း အပေါ် အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၀၀ ကျော်မှ သဘောထား ထုတ်ပြန်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး ဖြစ်သူ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရခြင်း အပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်း (၂၁၈) ဖွဲ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သဘောထား ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ သဘောထားများနှင့် တောင်ဆိုချက် ၆ ချက်ပါဝင်သည်။ ဦးကိုနီအား လုပ်ကြံမှုကို ဆောင်ရွက်ခဲ့သူ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကိုမဆို မိမိတို့အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တောင်းဆိုချက် [...]

ရန်ကုန်မြို့ MIP ဆိပ်ကမ်းရှိ ကုန်သေတ္တာအတွင်းမှ ကျွန်းသစ်ခွဲသားများ သိမ်းဆည်းရမိ
ရန်ကုန်မြို့ MIP ဆိပ်ကမ်းရှိ ကုန်သေတ္တာနှစ်လုံး အတွင်းမှ ကျွန်းသစ်ခွဲသား ၃၃ တန်ကျော်ကို ဇန်နဝါရီ ၂၄ ရက်က သိမ်းဆည်း ရမိခဲ့ရာက အစပြုပြီး သတင်းကွင်း ဆက်တွေအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားမဝင် သစ်တွေကို သစ်တောဦးစီးဌာနက ဆက်တိုက် သိမ်းဆည်း နိုင်ခဲ့ပါတယ်။ အဲဒီလို သိမ်းဆည်းရာမှာ ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ကိုးရက်တာ အတွင်း ကျွန်း ၃၅ [...]

ကိုနေဝင်းကြောင့် နိုင်ငံအန္တရာယ်ကို တားဆီးနိုင်ခဲ့ဟု ဦးမင်းကိုနိုင် ဆို
အသက်စွန့်လွှတ် သွားခဲ့သည့် ကိုနေဝင်းကြောင့် နိုင်ငံအန္တရာယ်ကို တားဆီးနိုင်ခဲ့ကြောင်း ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။ “တကယ်လို့သာ အဲဒီနေ့က သူအသက်နဲ့ ရင်းပြီး မစွန့်စားခဲ့ဘူးဆိုရင် ဒီကနေ့အခြေအနေဟာ တစ်မျိုးတစ်ဖုံ ဖြစ်နေနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ တရားခံကို လက်ရ ဖမ်းဆီးမိခြင်း မရှိပါက ယုံကြည်မှု တည်ဆောက်နေသော လူ့အဖွဲ့အစည်း အကြား သံသယများကြောင့် ပြဿ နာရပ်များ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။ [...]

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ
“ဂုဏ်ယူပါတယ် ကိုနေဝင်း။ ဂုဏ်ယူပါတယ် ကိုနေဝင်း” အဆိုပါ စကားတစ်ခွန်းကို ထပ်ခါ ထပ်ခါ အကြိမ်ပေါင်း ရာနှင့်ချီ၍ ကြွေးကြော်နေသည့် လူအုပ်ကြီးသည် ရေဝေးသုဿ န်အတွင်း လှည့်လည်လာသည်။ ပန်းခွေပေါင်းများစွာကို ကိုင်ဆောင်လာသော လူအုပ်များနောက်တွင် စည်ပင်သာရေး ကော်မတီ၏ လူသေ အလောင်းတင်ယာဉ် တစ်စီးက တစ်ဘီးချင်းလိမ့်၍ လာနေသည်။ ထို့နောက်တွင်မှ ကြွေးကြော်အော်ဟစ်နေသည့် ရာပေါင်း၊ ထောင်ပေါင်းများစွာသော လူအုပ်ကြီးက လိုက်လာခြင်းဖြစ်သည်။ ရေဝေးသုဿ န် နာရေးခန်းမ ၃(က)မှ ဂူသွင်းသင်္ဂြိုဟ်ရာ [...]

ဒုတိယမြောက် လုပ်ကြံခံရခြင်း
ရေဝေးသုဿ န်အတွင်း လူထောင်ပေါင်း၊ သောင်းပေါင်းများစွာ တစ်ရွေ့ရွေ့ ဝင်ရောက်နေပြီး မွတ်ဆလင်မ် သင်္ချိုင်းအတွင်းရှိ ဗလီဘေးတွင် တိုးဝှေ့နေသော ရာနှင့်ချီသော လူအုပ်ကြီးမှာ ကျပ်ညပ်နေသည်။ အချို့အသက်ရှူမဝ၍ ခေါင်းကို မော့ပြီး ရှူရသည်။ အချို့အခြားသူ၏ ကျောကုန်းကို တွန်းကန်ထားရသည်။ ကိုယ်စီကိုယ်စီ ချွေဒီးဒီးကျနေပြီး ဖိနပ်ကတစ်ဖက် ဖုန်းကို လက်နှင့် မြှောက်ထားပြီး တိုးဝှေ့နေသည်။ အမျိုးသမီး၊ အမျိုးသား အားလုံးကိုယ်စီသည် ကိုယ့်ရှေ့ဆီမှ ချွေးဒီးဒီးကျနေသော ကျောပြင်နှင့် မကွာတမ်း တိုးဝှေ့နေရခြင်းကြောင့် မွန်းကျပ်နေသော်လည်း [...]

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရမှုကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တောင်းဆို
လက်ရှိ အာဏာရပါတီ NLD ရဲ့ ဥပဒေဆိုင်ရာ အကြံပေးဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတာနဲ့ ပတ်သက်ပြီး၊ နိုင်ငံရေး လုပ်ကြံမှုဆိုတာ ပေါ်လွင်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ပြောကြားလိုက်ပြီး၊ လွတ်စွာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတာဟာ မြန်မာနိုင်ငံတွင်းမှာရော၊ ပြည်ပက လူ့အခွင့်အရေး အသိုင်းအဝန်းတွေမှာပါ ဂယက်ရိုက် တုန်လှုပ် သွားကြောင်း၊ [...]

ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံ ပါဝင်မည်
အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးရေး ဌာန (ICIMOD) နှင့်ပူးပေါင်း၍ မဲခေါင်၊ ယန်စီနှင့် သံလွင်မြစ် တို့ မြစ်ဖျားခံရာ ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံ ပါဝင်မည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်နှင့် ဘူတန်နိုင်ငံ တို့ ပူးပေါင်းဆောင်ရွက်နေသော ဟိမဝန္တာ တောင်တန်းဒေသ ထိန်းသိမ်းရေး လုပ်ငန်းများတွင် [...]

မဲစာရင်းကြည့်ရှုရန် မဲဆန္ဒရှင် ပြည်သူများသို့ မေတ္တာရပ်ခံ
မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင် များမှ မဲစာရင်းလာရောက် ကြည့်ရှုမှသာ ပြည့်စုံ မှန်ကန်သော မဲစာရင်း ရရှိနိုင်မည် ဖြစ်သဖြင့် မဲစာရင်းများ လာရောက် စစ်ဆေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့သည်။ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံး ၁ ဦး (မပျက်မကွက်) လာရောက် ကြည့်ရှုခြင်းဖြင့် ဝိုင်းဝန်း ကူညီကြပါရန် မေတ္တာရပ်ခံ အပ်ထားသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ [...]