ပြည်တွင်းသတင်း၊ သတင်းမှတ်တမ်းများ

တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီအား ဇန်နဝါရီ ၃၀ ရက် မနက်ဖြန် တွင်သင်္ဂြိုဟ်မည်
ရန်ကုန်လေဆိပ် အဆောက်အအုံသစ် Terminal 1 ရှေ့တွင် သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံ ခံခဲ့ရသည့်အတွက် ကွယ်လွန် သွားခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ၏ ရုပ်အလောင်းအား အစ္စလာမ် ဘာသာဝင် ထုံးတမ်း ဓလေ့အတိုင်း ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်းသိရသည်။ ယခုအခါ ရုပ်အလောင်းကို မြောက်ဥက္ကလာပ ဆေးရုံတွင် ထားရှိကြောင်း အဆိုပါ အမှုသည် နိုင်ငံတော်အမှု ဖြစ်သည့် [...]

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥပဒေ အကြံပေး ဦးကိုနီ ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် လုပ်ကြံခံရပြီး ကွယ်လွန်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥပဒေအကြံပေး ဦးကိုနီ သည် ယနေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ခန်းမ Terminal 1 မှ အထွက် ကားပါကင်၌ သေနတ်သမား တစ်ဦး၏ အနီးကပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့နှင့် မာလူကူပြည်နယ် [...]

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် JapanChamber of Commerce and Industry (JCCI) ဥက္ကဋ္ဌနဲ့ အဖွဲ့ကို လက်ခံတွေဆုံ
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ JapanChamber of Commerce and Industry (JCCI) ဥက္ကဋ္ဌ Mr. Akio Mimura ခေါင်းဆောင်တဲ့ အဖွဲ့ဝင် (၄၃) ဦးပါ ကိုယ်စားလှယ် အဖွဲ့ကို ဇန်နဝါရီ ၂၇ ၇က်နေ့ မနက် ၁၀း၀၀ နာရီက နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန ဧရာဝတီခန်းမမှာ လက်ခံ [...]

ဒုတိယသမ္မတ ဦးမြင့်ဆွေ အမေရိကန် အခြေစိုက် အီလက်ထရစ် ကုမ္ပဏီ (General Electric – GE) မှ ဒုတိယ ဥက္ကဋ္ဌနဲ့ အဖွဲ့အားတွေဆုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ အမေရိကန် ပြည်ထောင်စု အခြေစိုက် ဂျန်နရယ် အီလက်ထရစ် ကုမ္ပဏီ (General Electric – GE) မှ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဂျွန်ဂျီရိုက်စ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယနေ့နံနက် (၉) နာရီမှာ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေဆုံစဉ်မှာ စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနဲ့ [...]

ပြည်ပခရီးသွားများ ဝင်ရောက်မှု များလာဖို့ ဝန်ဆောင်မှုတွေ ကောင်းမွန်ဖို့ လိုအပ်တယ်လို့ ခရီးသွား လုပ်ငန်းရှင်များ ပြောကြား
မြန်မာပြည်မှာ ခရီးသွား ပိုမိုဆွဲဆောင်နိုင်ဖို့ အတွက် ပြည်တွင်း ဟိုတယ်နဲ့ တည်းခိုခန်းခတွေ လေယာဉ် လက်မှတ်ဈေးနှန်းတွေ ကြီးမြင့်နေပြီး စားသောက်ဆိုင်နဲ့ သန့်စင်ခန်းတွေ အဆင့်မီ ကောင်းမွန်ဖို့နဲ့ ဝန်ဆောင်မှုတွေ ကောင်းမွန်အောင် စီစဉ်နိုင်ဖို့ လိုတယ်လို့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်တွေက တိုက်တွန်း အကြံပြု နေကြပါတယ်။ ဒါ့အပြင် ဒေသထွက်ကုန် ပစ္စည်းတွေ တန်းဖိုးမြင့် ထုတ်ကုန်အဖြစ် ရောင်းချနိုင်ရန်၊ ရက်ရှည်နေထိုင်ပြီး ငွေကြေး သုံးစွဲတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ ပိုမိုလာရောက် [...]

ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ဒေသက ပြည်သူတွေအတွက် စားနပ်ရိက္ခာ အကူအညီ အမေရကန်ဒေါ်လာ ၅ သန်းဖိုး အမေရိကန် ကူညီမည်
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ အားနည်း ထိခိုက်လွယ်တဲ့ လူမှုအသိုက်အဝန်း တွေကို ကူညီပံ့ပိုးဖို့ အတွက် ကမ္ဘာ့ စားနပ်ရိက္ခာ အစီစဉ်သစ်တွေ တိုးမြှင့်ပေးအပ်မယ်လို့ အမေရိကန် အစိုးရက ဒီကနေ့ကြေညာချက် တစ်ဆောင် ထုတ်ပြန်လိုက်ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ပြည်သူတွေကို ကူညီပံ့ပိုးဖို့ အကူအညီ သစ်တစ်ရပ်အနေနဲ့ ကုလသမဂ္ဂ အစီစဉ်ကို ဒေါ်လာ ငါးသန်းပေးအပ်ဖို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီရဲ့ စားနပ်ရိက္ခာရုံးက သဘောတူညီ [...]

ဂုဏ်သိက္ခာ ညှိုးနွမ်း လုပ်ဆောင်ခဲ့သူတွေကို ဖော်ထုတ်ပြီးမှ တရားစွဲဆိုမည်
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်တန်းခံရတဲ့ အတွက် ရဲစခန်းမှာ နှစ်ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရစေရန် စနစ်တကျ လုပ်ကြံခံခဲ့ရသည်ဟု ယူဆသဖြင့် သူ့ကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့သူများကို စနစ်တကျ အချိန်ယူ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းက ပြောသည်။ အနုပညာရှင်တွေရဲ့ အတင်းအဖျင်းတွေကို ရေးသားနေပြီး Follow ပြုလုပ်ထားသူ ရှစ်သိန်းခန့်ရှိခဲ့သည့် Cele Cele [...]

တောင်ဒဂုံမြို့ နယ် စားသောက်ဆိုင် မီးလောင်မှုတွင် လူ ၅ ဦး မီးခိုးမွှန်သေဆုံး
တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက် အတွင်းရှိ အကွီ စားသောက်ဆိုင်တွင် ဇန်နဝါရီလ ၂၁ ရက် နံနက် ၀၄း၃၅ အချိန် ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးခိုးမွှန်၍ လူ ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။ “စားသောက်ဆိုင် ချက်ပြုတ်ခန်း အတွင်းမှာ ဂက်စ်အိုး ယိုစိမ့်ပြီးတော့ ပြန့်နှံ့နေတာ။ မီးကြွင်းမီးကျန်နဲ့တွေ့ပြီး မီးလောင်သွားတာ ဖြစ်တယ်။ အိပ်နေတဲ့သူ ၅ [...]

ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရန် လူထုလှုပ်ရှားမူ ပြုလုပ်မည်ဟုဆို
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်နိုင်ရန် အတွက် လူထုလှုပ်ရှားမူနှင့် ဟောပြောပွဲများကို ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမူ ဦးဆောင်ကော်မတီမှ ကဗျာဆရာ မောင်ဆောင်းခက ပြောကြား လိုက်သည်။ အစိုးရသစ် လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် တရားစွဲဆိုသော အမူအရေအတွက်မှာ ယခင် အစိုးရ လက်ထပ်က အရေအတွက်ထက် ပိုမို [...]

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ရန်ကုန် ဘတ်စ်အပြောင်းအလဲဟာ မျက်စိစုံလုံးမှိတ် ထောက်ခံမယ့် လော်ဘီတွေသာ မဟုတ်ရင် ဟာကွက်တွေ အများကြီးနဲ့ပါ။ ပြောစရာတွေ တောင်လို ပုံနေပါတယ်။ ယာဉ်လိုင်းတွေ မရောက်တော့တာတွေ၊ ၂ ဆင့် စီးရတာတွေ၊ လမ်းလျှောက်ရတာတွေ။ အင်မတန် အဆင့်မြင့်တဲ့ ကားကြီးတွေ လာမလိုလို ကြွားလုံးထုတ်ခဲ့သမျှ ဒိုင်နာမှ ဝိုင်ဘီအက်စ် တပ်ပြီး ပြေးဆွဲနေတဲ့ မြင်ကွင်းတွေက လိုအပ်ချက်တွေကို အလိုလို ဝန်ခံနေပါတယ်။ ပညာရှင်တွေရဲ့ ဝေဖန်ချက်တွေကို ကောက်ယူရင် [...]