ပညာရေး သတင်း၊ သတင်းမှတ်တမ်းများ

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်
Parami Institute of Liberal Arts & Sciences မှ ၄င်း၏ ပထမဆုံး စာသင်ကျောင်းကို ရွှေဂုံပလာဇာတွင် ဇန်နဝါရီလ အတွင်း ဖွင့်လှစ်လှစ်မည် ဖြစ်ကြောင်း Parami Institute of Liberal Arts and Sciences မှ Executive Director ဦးကျော်မိုးထွန်းမှ ပြောကြားခဲ့သည်။ အနုဝိဇ္ဇာသိပ္ပံ ဘာသာရပ်များ ပါဝင်မည့် ဤ ၄ လကြာ အထူးသင်တန်းတွင် ကျောင်းသား [...]

ရန်ကုန် စာအုပ်လမ်း သိမ်ဖြူလမ်းပေါ်၌ စနေ-တနင်္ဂနွေတိုင်း ဖွင့်လှစ်မည်
စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း (Yangon Books Street) အား အနော်ရထာလမ်း နှင့် မဟာဗန္ဓုလ လမ်းကြား သိမ်ဖြူလမ်းပေါ်၌ ယနေ့ ဇန်နဝါရီ ၇ ရက်မှ စတင် ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် စနေ-တနင်္ဂနွေ နေ့တိုင်း ဖွင့်လှစ် ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းထံမှ သိရသည်။ ပြည်သူများ စာပေ အသိပညာ ထွန်းကားပြန့်ပွား တိုးတက်စေရန် ယခုကဲ့သို [...]

Samsung နှင့် သန်လျင် နည်းပညာတက္ကသိုလ် ပူးပေါင်းပြီး Networking သင်တန်းဖွင့်
မြန်မာနိုင်ငံ၏ ပညာရေး အခန်းကဏ္ဍကို ပံ့ပိုးရန်အတွက်ဟု ဆိုကာ Samsung Myanmar က ၄င်း၏ Samsung Tech Institute အစီအစဉ်ခွဲ အနေဖြင့် သန်လျင် နည်းပညာ တက္ကသိုလ်နှင့် ပူးပေါင်း၍ Networking Training တစ်ခုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ကြောင်း Samsung Myanmar မှ PR and Citizenship Manager ကိုစိုးသူရက [...]

ပွင့်သောပန်းတို့ လန်းစေဖို့
“အသက် ၆ နှစ် ၇ နှစ်ကနေ ၁၅ နှစ်လောက်ထိ ရောက်တဲ့ အချိန်ထိ ညတိုင်း အိပ်ရာထဲမှာ ငိုရတယ်” ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံအတွင်း နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု အခမ်းအနား၏ ဟောပြောပွဲ စင်မြင့်ထက်တွင် အမျိုးသမီးတစ်ဦး တည်ငြိမ်စွာ ရပ်တည်ရင်း ၎င်း၏ ဘဝအတွေ့အကြုံကို ပြန်ပြောင်း ပြောပြနေခြင်း ဖြစ်သည်။ ရာချီနေသော [...]

လုံခြုံ ပြည့်ဝတဲ့ ပြန်လည် စောင့်ရှောက် ကုသမှုတွေ ပေးဖို့လိုနေပါတယ်
မုဒိမ်းမှုများတွင် သားကောင်ဖြစ်ခံရသည့် အသက်အရွယ် အမျိုးမျိုးသော အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု မကြုံတွေ့လျှင်ပင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အမျိုးမျိုးကို ပြင်းပြင်းထန်ထန် ခံစားရလေ့ရှိသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ တစ်ရက်လျှင် မုဒိမ်းမှု ၂ မှုကျနှုန်း ဖြစ်ပွားလျက်ရှိရာ အဆိုပါမုဒိမ်းမှု၏ သားကောင်များ ဖြစ်ရရှာသူများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကုသပေးမှုများတွင် အားနည်းချက်၊ လစ်ဟာချက်များ၊ မလုံလောက်မှုများကို မြင်တွေ့နေရသည့် အခြေအနေနှင့် ပါတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် အချို့၏ သဘောထား [...]

သက်ငယ် မုဒိမ်းမှုတွေ မရပ်တန့်နိုင်ဘူးလား
“လိင်အကြမ်းဖက်မှု ပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေး” ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် လာမည့် နိုဝင်ဘာလ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ လိင်အကြမ်းဖက်မှုများ၊ သက်ငယ် မုဒိမ်းမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခြင်းကို မရှု့ဆိတ်သည့် ရန်ကုန်မြို့နေ လူငယ်တစ်စုက စတင်ခဲ့ခြင်းဖြစ်သည်။ “၄ ရက်ကို ၁ မှုလောက် ဖြစ်လာနေတာကို တွေ့ရပါတယ်” ဟု စီစဉ်သူတစ်ဦး ဖြစ်သည့် ကိုတေဇာက ဆိုသည်။ မည်သည့် အဖွဲ့အစည်းကမှ မဟုတ်သလို၊ [...]

ကလေးများစကားသံ နားထောင်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များအား တိုက်တွန်း
NGOs Child Right Working Group (NCRWG) အဖွဲ့သည် နေပြည်တော်တွင် လာမည့် နိုဝင်ဘာလ (၁၈) ရက်မှ (၂၀) ရက်အတွင်း ကျင်းပ ပြုလုပ်မည့် အမျိုးသားအဆင့် ကလေးသူငယ်များ တွေ့ဆုံပွဲ အခမ်းအနားတွင် လွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်း ပါဝင်ရန်နှင့် ကလေးများ၏ စကားသံများကို နားထောင်ပေးရန် အတွက် NCRWG မှ မေတ္တာရပ်ခံ တိုက်တွန်းသည်။ NGO Child Rights Working [...]

ရှမ်းစာပေအတွက် ပထမဦးဆုံး အကြိမ် ထောက်ပံ့ကြေးအား ပညာရေးမှူး အလွဲသုံးစား ပြုလုပ်
နမ့်ခမ်းမြို့နယ်တွင် ရှမ်းတိုင်းရင်းသား စာပေဘာသာ စကားသင်သည့် ဆရာ၊ ဆရာမများ အတွက် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို အလွဲသုံးစား ပြုလုပ်ခဲ့သော ပညာရေးမှူးကို နှုတ်ထွက်ပေးရန် ဒေသခံများမှ တောင်းဆိုထားကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းလှစိုးက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၇ ရက်နေ့ မြို့နယ် ပညာရေးမှူးအား နှုတ်ထွက်ပေးရန် အတွက် ဒေသခံ ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော် [...]

HONEYWELL က မြန်မာနိုင်ငံတွင် ဓာတု အင်ဂျင်နီယာ (CHEMICAL ENGINEERING) ပညာသင်ဆု ချီးမြှင့်
မြန်မာနိုင်ငံ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်သော ဓာတု အင်ဂျင်နီယာ ပညာရပ်တွင် အဆင့်မြင့်ပညာ သင်ယူနိုင်စေရန် အတွက် ပထမဦးဆုံး အနေနှင့် မြန်မာနိုင်ငံမှ ဓာတုအင်ဂျင်နီယာ ကျောင်းသား လေးဦးက ရရှိသွားကြောင်း Honeywell (NYSE:HON) က ထုတ်ပြန်ကြေညာသည်။ အဆိုပါ အစီအစဉ်ကို ရေနံဓာတု သန့်စင်ခြင်း နည်းပညာတွင် ကမ္ဘ္ဘာ့ထိပ်တန်း အဖြစ် လူသိများသော Honeywell UOP က ပံ့ပိုး ကူညီပေးခြင်း ဖြစ်ပြီး [...]

အစိုးရသစ်လက်ထက် ပညာရေး သိသာသော အပြောင်းအလဲမရှိ
၆လတာ ကာလ လွန်မြောက်နေပြီဖြစ်သော အစိုးရသစ်လက်ထက် ပညာရေးကဏ္ဍတွင် သိသာသော အပြောင်းအလဲကို ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း NNER မှ ဒေါက်တာသိန်းလွင်က ပြောကြားသည်။ “ဒီ ၆ လအတွင်းမှာ သိသိသာသာ ပြောင်းလဲလာတာ မတွေ့ရသေးဘူး” ဟု ၎င်းက ဆိုသည်။ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ဦးစားပေးအနေဖြင့် အာရုံစိုက်နေသည်ကို တွေ့ရပြီး ပညာရေးကိုလည်း တပါတည်း လုပ်ဆောင်စေလိုကြောင်း ၎င်းက တိုက်တွန်းသည်။ “အစိုးရတစ်ဖွဲ့လုံး ငြိမ်းချမ်းရေး ကိစ္စလုပ်နေရတာ မဟုတ်ဘူး” [...]