ပညာရေး သတင်း၊ သတင်းမှတ်တမ်းများ

HONEYWELL က မြန်မာနိုင်ငံတွင် ဓာတု အင်ဂျင်နီယာ (CHEMICAL ENGINEERING) ပညာသင်ဆု ချီးမြှင့်
မြန်မာနိုင်ငံ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်သော ဓာတု အင်ဂျင်နီယာ ပညာရပ်တွင် အဆင့်မြင့်ပညာ သင်ယူနိုင်စေရန် အတွက် ပထမဦးဆုံး အနေနှင့် မြန်မာနိုင်ငံမှ ဓာတုအင်ဂျင်နီယာ ကျောင်းသား လေးဦးက ရရှိသွားကြောင်း Honeywell (NYSE:HON) က ထုတ်ပြန်ကြေညာသည်။ အဆိုပါ အစီအစဉ်ကို ရေနံဓာတု သန့်စင်ခြင်း နည်းပညာတွင် ကမ္ဘ္ဘာ့ထိပ်တန်း အဖြစ် လူသိများသော Honeywell UOP က ပံ့ပိုး ကူညီပေးခြင်း ဖြစ်ပြီး [...]

အစိုးရသစ်လက်ထက် ပညာရေး သိသာသော အပြောင်းအလဲမရှိ
၆လတာ ကာလ လွန်မြောက်နေပြီဖြစ်သော အစိုးရသစ်လက်ထက် ပညာရေးကဏ္ဍတွင် သိသာသော အပြောင်းအလဲကို ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း NNER မှ ဒေါက်တာသိန်းလွင်က ပြောကြားသည်။ “ဒီ ၆ လအတွင်းမှာ သိသိသာသာ ပြောင်းလဲလာတာ မတွေ့ရသေးဘူး” ဟု ၎င်းက ဆိုသည်။ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ဦးစားပေးအနေဖြင့် အာရုံစိုက်နေသည်ကို တွေ့ရပြီး ပညာရေးကိုလည်း တပါတည်း လုပ်ဆောင်စေလိုကြောင်း ၎င်းက တိုက်တွန်းသည်။ “အစိုးရတစ်ဖွဲ့လုံး ငြိမ်းချမ်းရေး ကိစ္စလုပ်နေရတာ မဟုတ်ဘူး” [...]

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ သဘောထား ကြေညာချက် ထုတ်ပြန်
ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အဆင့်မြင့်ပညာ ဦးစီးဌာန အောက်မှာရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ သရုပ်ပြ၊ နည်းပြများကို လက်ထောက် ကထိရာထူး တိုးပေးလိုက်တဲ့ အတွက် ရာထူးတက် ဆရာ/ဆရာမများ နဲ့ ရာထူးတက်ခွင့် မရတဲ့ ဆရာ၊ ဆရာမများ ကြားမှာ စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေတဲ့ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ ဆရာမများ အဖွဲ့ချုပ် (MTF) က သဘောထား ကြေညာချက် တစ်ဆောင်ကို သြဂုတ်လ [...]

စစ်ကိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေ တာဝန်ခံက ပညာရေးအတွက် အလှူငွေ သိန်း ၁၀၀ တောင်းခံမှု အပေါ် ဝေဖန်မှုများ ထွက်ပေါ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း၊ ပြန်ကြားရေး တာဝန်ခံ ဦးနေသီဟက သင်တန်းများ ပို့ချနိုင်ရေး အတွက်ဟု ဆိုကာ အလှူငွေ တောင်းခံခဲ့တဲ့ အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ လူငယ်များအတွက် အင်္ဂလိပ် စားကားပြော သင်တန်း၊ ခေါင်းဆောင်မှု ပိုင်းဆိုင်ရာ သင်တန်းတွေကို ပို့ချရန် ငွေကြေး ခက်ခဲမှုရှိနေတဲ့ အတွက်လို့ဆိုကာ NLD စစ်ကိုင်းတိုင်း ပြန်ကြားရေး တာဝန်ခံ ဦးနေသီဟက မြို့ခံ [...]

မြန်မာ့ ပညာရေး စနစ် ပြောင်းလဲရေး အတွက် နိုင်ငံလုံး ဆိုင်ရာကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်နဲ့ အစိုးရ ပူးပေါင်း လုပ်ဆောင်မည်ဟု ဇေယျာလွင်ကဆို
ပညာရေးစနစ် ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်နဲ့ အစိုးတို့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မေလ၂၈ ရက်နေ့က ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိန်းကြီးနဲ့ အဆင့်မြင့် ပညာ ဦးစီးဌာနရုံး အတွင်းတွေ့ဆုံပွဲ အပြီးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ “ဒီကနေ့ ကျွန်တော်တို့ ဆွေးနွေးပွဲဟာ အစဉ်ပြေတယ်လို့ ပြောရမှာပါ။ အချို့ ကိစ္စတွေကတော့ [...]

သဘာဝ ဘေးအန္တရယ် ကျရောက်သည့် နေရာများကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) များကို အသုံးပြုပြီး ကူညီနိုင်ရန် စီစဉ်
မြန်မာနိုင်ငံလေကြောင်း၊ အာကာသ တက္ကသိုလ်နှင့် မောင်းသူ မဲ့လေယာဉ် သုတေသနဌာန၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးလောင်းမှု ဖြစ်စဉ်များတွင် မောင်းသူမဲ့ (ဒရုန်း) လေယာဉ်များကို အသုံးပြုသွားမည် ဖြစ်ကြောင်း မောင်းသူမဲ့ လေယာဉ် သုတေသနဌာနမှ ပါမောက္ခ ဒေါက်တာ သဲမောင်မောင်က ပြော [...]


ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက် နိုင်ငံလုံး ဆိုင်ရာ မြှင့်တင် ရေး အလုပ်ရုံဆွေးနွေးပွဲကို မတ် ၃ဝ ရက်၊ နံနက် ၁ဝ နာရီတွင် မန္တလေး တိုင်းအတွင်း ရှိ ဗြဟ္မစိုရ်နာရေး ကူညီမှု အသင်း တည်ရှိရာ ခန်းမ၌ ပညာရှင် များနှင့် စာတမ်းဖတ် ညှိနှိုင်းဆွေး နွေးခဲ့ကြပြီး ဇွန်လတွင် ပြုလုပ်မည့် လွှတ်တော် အစည်းအဝေး၌ ဥပဒေ ကြမ်း တစ်ခု အနေဖြင့် တင်ပြပေးသွားမည်ဖြစ်ကြောင်း [...]


ပညာသင်ဆုလျှောက်ထားသူ များသည် နယူး ဇီလန် နိုင်ငံတွင် ပညာသင်ကြားနိုင်မည်ဖြစ်ပြီး ကျူရှင်စရိတ်၊ နေထိုင်စား သောက်စရိတ်နှင့် နယူးဇီလန်မှ မိခင်နိုင်ငံသို့ အသွားအပြန် စရိတ်များကို ထောက်ပံ့ပေး မည် ဖြစ်ကြောင်းနှင့် ပညာသင်ကြားချိန်အတွင်း အလုပ်လုပ် ကိုင်နိုင် ရန် ဗီဇာခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းပညာသင်ဆု အစီအစဉ်ကို မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ လည်း ပါဝင်လျှောက် ထားနိုင်ကြောင်းနှင့် [...]

လေယာဉ်မောင်း ပညာရပ် စိတ်ဝင်စားသူများ ထူးဖောင်ဒေးရှင်း ပညာသင်ဆု လျှောက်ထားနိုင်
လေယာဉ်မောင်း အတတ်ပညာရပ်များနှင့် လေကြောင်း ပညာရပ်များကို စိတ်ဝင်စားသော်လည်း သင်တန်း စရိတ် မတတ်နိုင်သည့် မျိုးဆက်သစ် မြန်မာ လူငယ်များ အတွက် ထူးဖောင်ဒေးရှင်းမှ ပညာသင်ဆု ထောက်ပံ့ သွား မည်ဖြစ်ကြောင်း သိရသည်။ [...]

ကျောင်းသင်ခန်းစာများတွင် နိုင်ငံတကာ ဒီမိုကရေစီ ကျင့်စဉ်များနှင့် နိုင်ငံရေး သိပ္ပံတို့ကို သင်ကြားပေးမည်
ကျောင်း သင်ခန်းစာများတွင် နိုင်ငံတကာ ဒီမိုကရေစီ ကျင့်စဉ်များနှင့် နိုင်ငံရေးသိပံ္ပတို့ကို သင်ကြားပေး မည်ဟု မတ် ၂၂ ရက်က နေပြည်တော်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်၌ ပညာရေး ဝန်ကြီးဒေါက်တာမြအေးက ကိုယ်စားလှယ် ဦးမြင့်စိုး၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။ [...]