လွတ်လပ်သော အသံ၊ သတင်းမှတ်တမ်းများ

ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရန် လူထုလှုပ်ရှားမူ ပြုလုပ်မည်ဟုဆို
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်နိုင်ရန် အတွက် လူထုလှုပ်ရှားမူနှင့် ဟောပြောပွဲများကို ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမူ ဦးဆောင်ကော်မတီမှ ကဗျာဆရာ မောင်ဆောင်းခက ပြောကြား လိုက်သည်။ အစိုးရသစ် လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် တရားစွဲဆိုသော အမူအရေအတွက်မှာ ယခင် အစိုးရ လက်ထပ်က အရေအတွက်ထက် ပိုမို [...]

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ရန်ကုန် ဘတ်စ်အပြောင်းအလဲဟာ မျက်စိစုံလုံးမှိတ် ထောက်ခံမယ့် လော်ဘီတွေသာ မဟုတ်ရင် ဟာကွက်တွေ အများကြီးနဲ့ပါ။ ပြောစရာတွေ တောင်လို ပုံနေပါတယ်။ ယာဉ်လိုင်းတွေ မရောက်တော့တာတွေ၊ ၂ ဆင့် စီးရတာတွေ၊ လမ်းလျှောက်ရတာတွေ။ အင်မတန် အဆင့်မြင့်တဲ့ ကားကြီးတွေ လာမလိုလို ကြွားလုံးထုတ်ခဲ့သမျှ ဒိုင်နာမှ ဝိုင်ဘီအက်စ် တပ်ပြီး ပြေးဆွဲနေတဲ့ မြင်ကွင်းတွေက လိုအပ်ချက်တွေကို အလိုလို ဝန်ခံနေပါတယ်။ ပညာရှင်တွေရဲ့ ဝေဖန်ချက်တွေကို ကောက်ယူရင် [...]

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်တွင် ပါဝင်လာရန် အတွက် ၁၆ ရက်တာ လက်မှတ်ရေးထိုး လှုပ်ရှားမှုပြုလုပ်
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်လာရန်အတွက် ၁၆ ရက်တာ လက်မှတ်ရေးထိုး လှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက ပြောသည်။ အဆိုပါ စာချုပ်ကို နိုင်ငံပေါင်း ၁၆၈ နိုင်ငံလက်မှတ် ရေးထိုး ထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် ယခုအချိန်အထိ ပါဝင်ရန် နှောင့်နှေးနေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တိုင်းပြည် ဂုဏ်တက်ပါမယ်။ ဖိနှိပ်တဲ့ ဥပတွေ မရှိတဲ့အတွက် ကျွန်တော်တို့ [...]

တပ်မတော်သားဟောင်း အဘိုးအို ကာချုပ်ကို တိုင်တည်ပြီး တကိုယ်တော် ဆန္ဒပြ
သားဖြစ်သူမှာ မုဒိမ်းမှုဖြင့် အမှုဆင်ဖမ်းဆီး ထောင်ချခံရသဖြင့် အသက် ၇၁ နှစ်အရွယ် တပ်မတော်သားဟောင်း အဖိုးအို ဦးအောင်မြင့်က တကိုယ်တော် ဆန္ဒပြမှုကို ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ အာဇာနည်ကုန်း အနီးတွင် ပြုလုပ်ခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်ရင်းမှူး၊ တပ်မမှူးတို့ကို တပ်မတော်သားဟောင်း အဘိုးအိုတစ်ဦး၏ ဒုက္ခကို ကယ်တင်ပေးပါရန် ဦးအောင်မြင့်က ပန်ကြားသည်။ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုကာ သက်သေ အထောက်အထား အခိုင်အလုံ မရှိ၊ [...]

မြို့တော်ခန်းမရှေ့တွင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားအဖွဲ့ MDCF အဖွဲ့ဝင် ဦးတင်မောင်ကြည် က ပြောသည်။ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အဖွဲ့ဝင်ဟောင်းများကို အရေးယူရန်၊ စစ်ဗိုလ်ချုပ်များ၊ ခရိုနီများ၏ လက်ဝါးကြီး အုပ်မှုများကြောင့် ကုန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းသိမ်းရန် ကြွေးကြော်ဆန္ဒ ပြခဲ့ကြသည်။ MDCF [...]

ကူညီပါရစေကို အယုံအကြည်ကို မရှိဘူးလို့ လွှတ်တော် ကိုယ်စားလှယ်ပြော
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ကူညီပါရစေကို အယုံအကြည်ကို မရှိဘူးလို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် အဲဒီလို ပြောဆိုလိုက်တာပါ။ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ ကားနဲ့ ပြန်လာချိန်မှာ တက္ကစီ အနက်ရောင် တစ်စီးနဲ့ လူတစ်စုက ကားပေါ်က ဆင်းခိုင်းပြီး ရိုက်နှက် သတ်ဖြတ်ဖို့ [...]

အစိုးရသစ် လက်ထက် ၆ လတာအတွင်း လွပ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့် ကျဆင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် လက်ထက် ၆ လတာအတွင်းတွင် လွပ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့် အခြေအနေ သိသိသာသာ ကျဆင်းလာကြောင်း ထုတ်ပြန်ချက် တစ်စောင်ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် Pen Myanmar နှင့် မိတ်ဖက် အဖွဲ့အစည်း ၆ ခု ပူးပေါင်း ထုတ်ပြန်သည်။ “အခု NLD အစိုးရသစ် လက်ထက် လွပ်လပ်စွာ ပြောဆိုခွင့် လျော့သွားတယ်။ ကျသွားတယ်။ ဒါ အစိုးရကို [...]

အထည်ချုပ် လုပ်ငန်းများတွင် လူ့အခွင့်အရေးနှင့် အလုပ်သမား အရေးဆိုင်ရာ စံချိန်စံညွှန်းများ နိမ့်ကျနေဆဲဟုဆို
အထည်ချုပ် လုပ်ငန်းများမှ ပေးနိုင်စွမ်းရှိသော အလုပ်အကိုင် အရေအတွက် ပိုမိုများပြား လာသော်လည်း အလုပ်သမား စံနှုန်းများ နိမ့်ကျနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အခြေအနေ အစီရင်ခံစာ အရသိရသည်။ အထည်ချုပ် လုပ်ငန်းတွင် အလုပ်အကိုင် ပေးနိုင်စွမ်းပိုမို များပြားလာသော်လည်း နိုင်ငံတကာမှ အသိအမှတ်ပြု ထားသော လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး စံနှုန်းများထက် ပိုမိုနိမ့်ကျလှသော စံနှုန်းများကိုကျင့် သုံးနေကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။ အနိမ့်ဆုံးကို မြှင့်တင်ပေးခြင်း [...]

ပြည်တွင်းစစ် ရပ်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု လုပ်မည်
ပြည်တွင်းစစ်ပွဲများ ရပ်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု ပြုလုပ်မည် ဖြစ်ကြောင်း ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်မှ ဦးမြတ်ကျော်က ပြောသည်။ “ပြည်တွင်းစစ်တွေ ရပ်ကြ အလံဖြူထောင်ကြ” ဟု အမည်ပေးထားသည့် ပြည်တွင်းစစ်များ နှစ်ဦး နှစ်ဖက် ချက်ချင်းရပ်ကြရန် အကြမ်းမဖက် လူထုလှုပ်ရှားမှု တစ်ရပ် ပြုလုပ်ဆောင်ရွက်မည် ဖြစ်ပြီး ယင်းလှုပ်ရှားမှုတွင် အဖြူရောင်အစ (သို့) အလံဖြူကို အိမ်များ၊ ဆိုင်များ၊ ကားများ၊ ဆိုက်ကားများ၊ စက်ဘီးများတွင် ချိတ်ဆွဲ [...]

သက်ငယ် မုဒိမ်းမှုတွေ မရပ်တန့်နိုင်ဘူးလား
“လိင်အကြမ်းဖက်မှု ပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေး” ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် လာမည့် နိုဝင်ဘာလ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ လိင်အကြမ်းဖက်မှုများ၊ သက်ငယ် မုဒိမ်းမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခြင်းကို မရှု့ဆိတ်သည့် ရန်ကုန်မြို့နေ လူငယ်တစ်စုက စတင်ခဲ့ခြင်းဖြစ်သည်။ “၄ ရက်ကို ၁ မှုလောက် ဖြစ်လာနေတာကို တွေ့ရပါတယ်” ဟု စီစဉ်သူတစ်ဦး ဖြစ်သည့် ကိုတေဇာက ဆိုသည်။ မည်သည့် အဖွဲ့အစည်းကမှ မဟုတ်သလို၊ [...]