အုတ်တစ်ချပ်သဲတစ်ပွင့်၊ သတင်းမှတ်တမ်းများ


ကျောင်းတွင် တက်ရောက်သည့် ကလေးများကို စာအုပ်စာတမ်းဖိုး အခမဲ့ တာဝန်ယူပြီး အပေါ်အင်္ကျီ အဖြူ ရောင်၊ အောက်ခံပုဆိုး၊ ထဘီ များကို ဝတ်ဆင်စေပြီး အမေ့အရိပ် ပညာဒါနကျောင်း၏ ရင်ထိုးကို တပ်ဆင်စေ သည့် စည်းကမ်း ထားရှိကြောင်း၊ အင်္ဂလိပ် စကားပြော သင်တန်းကို အသက်အပိုင်း အခြားမရွေး မည်သူမဆို တက်ရောက်နိုင်ပြီး သံရုံးမှ ဆရာက လာရောက်သင်ကြားကြောင်း၊ စနေ၊ တနင်္ဂနွေ ညနေ ၅ နာရီတွင် [...]


ဟိုတုန်းက ၁၅ ရာစုနှစ်လောက်တုန်းက သူတို့အဖိုး အဖွားတွေ ပို့နိုင်ခဲ့သလို သူတို့ခေတ် မှာလည်း ပြန် လည် ပို့နိုင်ပြီး ချမ်းသာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အသေးစား လှည့်ပတ် ရန်ပုံငွေ နည်းစနစ်နဲ့ လုပ်ငန်းရှင်တွေ အတွက် ဘဏ်နဲ့ ချိတ်ဆက်ပေးတဲ့ နည်းစနစ်တွေကို တွံတေးမှာ လုပ်လာခဲ့တာ ရှစ်နှစ်လောက် ရှိလာခဲ့တော့ ဒီအတွေ့အကြုံက အိုးလုပ်ငန်းရှင်တွေအတွက် သာမက ဘယ်နေရာက ဘယ်သူ တွေကို မဆို၊ ဘယ်လုပ်ငန်းတွေ ကို မဆို [...]


မျက်စိအမြင် အာရုံ ချို့ယွင်းသူများသည် မွေးစကပင် ချို့ယွင်းသူများ ရှိသကဲ့သို့ တစ်စုံတစ်ခုသော အကြောင်း အရာမျိုးစုံတို့ကြောင့် အမြင်အာရုံ ချို့ယွင်းပျောက် ကွယ်ကြ သူများလည်း ရှိသည်။ ထိုသူတို့ အတွက် ဘဝသည် အရှုံးဟူ၍ မခံ ယူစေရန်၊ သူတစ်ပါးကို မှီခိုရခြင်း မှ ဝေးကွာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်စေရန်၊ မျက်မမြင်များ၏ ကာယရေး၊ ဥာဏရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာပေ ပညာ၊ လက်မှုပညာ စသည့် [...]

သာသနာ့ ဇေယျုံကျောင်းတိုက်
သာသနာ့ဇေယျုံကျောင်းတွင် မိဘမဲ့ပရဟိတဂေဟာကို ၁၉၅၄ ခုနှစ်တွင် ကျောင်းထိုင် ဆရာတော် ဦးရေထာနှင့် အကျိုးဆောင်အဖွဲ့ များမှ ကျောင်းသားဦးရေ ၅၅ ဦး ကိုလက်ခံပြီး စတင်တည်ထောင်ခဲ့ ခြင်းဖြစ်သည်။ [...]


CVT Board (Vacational Education Association) အဖွဲ့သည် ဆွစ်ဇာလန် နိုင်ငံတွင် နိုင်ငံတကာ လူမှု အဖွဲ့အစည်း (Non-Profit Making Organization) အနေဖြင့် မှတ်ပုံတင် ထားရှိပြီး ရန်ကုန်မြို့တွင် အသက် မွေး အတတ်ပညာနှင့် သက်ဆိုင်သော သင်တန်းများကို အခမဲ့ သင်ကြားပေးလျက် ရှိပါသည်။ CVT တွင် စီးပွားရေး ပညာ အထောက်အကူပြု သင်တန်း၊ လျှပ်စစ် ကျွမ်းကျင်မှု ပညာသင်တန်း၊ ပရိဘောဂ [...]


“မြန်မာနိုင်ငံမှာ ရှေ့နေတွေက ကျေးရွာနေ ဒေသခံတွေရဲ့ လှုပ်ရှားမှုမှာ ပါလာဖို့ အရမ်းနည်းတယ်။ နောက် လူတွေ က ဥပဒေကို ချိုးဖောက်တာထက် နားမလည်တာ ပိုများတော့ အကြောက်တရားတွေ ပိုများနေတယ်။ ဒီဥပဒေတွေကို နားလည်လာမယ် ဆိုရင် သူတို့ကိုယ် သူတို့ စုပေါင်းခုခံနိုင်မယ်။ အဲဒီရည်ရွယ်ချက်နဲ့ ဒီသင်တန်း တွေပေးမယ်” ဟု ဦးထွန်းလင်းဦးက ဖြေကြားသည်။ [...]

မြတ်မေတ္တာ ကလေးများ ရိပ်မြုံ
မိဘလုံးဝမရှိသော ခိုကိုးရာမဲ့ ကလေးများ၊ အလွန် ဆင်းရဲပြီး ခက်ခဲသော ဒေသများမှ ပညာရေး ထူးချွန်သော ကလေးများ၊ အမိအဖ တစ်ဦးဦး မရှိတော့၍ ခိုကိုးရာ မဲ့နေသည့် ကလေးများ၊ စွန့်ပစ်ခံရသော ကလေးများကို လက်ခံထားသည်။ ကလေးများသည် ဝမ်းနည်းစရာ နောက်ကြောင်း ရာဇဝင် အမျိုးမျိုး၊ နေရာဒေသ အမျိုးမျိုးမှ မြတ်မေတ္တာ သို့ ရောက်ရှိလာကြသည်။ [...]


“သူတို့ဒေသမှာ ဝမ်းစာ မဖူလုံတာတွေ နှစ်တိုင်း ဖြစ်နေ တာ ကြာလှပြီ။ ဘာကြောင့်လဲလို့ အဖြေရှာကြည့်တော့ စိုက်ပျိုးရေး နည်းစနစ် လိုအပ်နေတာ တွေ့တယ် ။ နောက် စိုက်ခင်းတွေ အားလုံးက မိုးတစ်ခု ကိုပဲ မျှော်နေကြ တယ်။ အခုခေတ်မှာလည်း ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးအချိန် မမှန်တာတွေ ရှိတော့ ငုတ်တုတ်ပဲ နေရတော့တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ရာသီဥတုဒဏ် ပိုခံနိုင်တဲ့ မျိုးစေ့တွေကို မိတ်ဆက်ပေးတယ်။ တောင်သူတွေကို [...]


လူနာများကို ကျွေးမွေး စောင့်ရှောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကျောင်းထိုင် ဆရာတော်က “ဦးဇင်းတို့ဆီမှာ ရန်ပုံငွေ မရှိဘူး။ ရှိတဲ့ လူနာတွေကို ကျွေးထားတာ တစ်ခုပဲ။ ဦးဇင်းတို့က မနက်၊ နေ့လယ်၊ ညနေ ၃ ကြိမ် ကျွေးမွေးတယ်။ ဆေးကတော့ သူတို့မှာ အဖွဲ့အစည်း ပေါင်းစုံရှိတယ်။ အဓိက စားစရိတ်ပဲ၊ ဆွမ်းခံကရတဲ့ ဆွမ်းနဲ့ ဟင်းကိုပါ ခွဲဝေကျွေးမွေး ပါတယ်။ တစ်နေ့ကို ငွေ ၃ [...]

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ကို ၂ဝ၁၁ ခုနှစ်၊ မေ ၈ ရက်တွင် မသန်စွမ်းသူများ ကိုယ်တိုင် ဦးဆောင် တည်ထောင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်၊ သြဂုတ် ၁၄ ရက်တွင် အမှတ် ၁၃၁၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ရုံခန်း စတင်ဖွင့်လှစ်ခဲ့ သည်။ TLMM(The Leprosy Mission Myanmar)၏ ပံ့ပိုး ကူညီမှုဖြင့် ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၂ [...]