လူမှုရေးသတင်း၊ သတင်းမှတ်တမ်းများ

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်တွင် ပါဝင်လာရန် အတွက် ၁၆ ရက်တာ လက်မှတ်ရေးထိုး လှုပ်ရှားမှုပြုလုပ်
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်လာရန်အတွက် ၁၆ ရက်တာ လက်မှတ်ရေးထိုး လှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက ပြောသည်။ အဆိုပါ စာချုပ်ကို နိုင်ငံပေါင်း ၁၆၈ နိုင်ငံလက်မှတ် ရေးထိုး ထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် ယခုအချိန်အထိ ပါဝင်ရန် နှောင့်နှေးနေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တိုင်းပြည် ဂုဏ်တက်ပါမယ်။ ဖိနှိပ်တဲ့ ဥပတွေ မရှိတဲ့အတွက် ကျွန်တော်တို့ [...]

အရွယ် မရောက်သေးသည့် အိမ်အကူ မိန်းကလေးကို အကြိမ်ကြိမ် ခြိမ်းခြောက် မုဒိမ်းကျင့်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ကူညီပေးရန် မိခင်ပြော
အရွယ် မရောက်သေးသည့် အိမ်အကူ မိန်းကလေးကို ခြိမ်းခြောက် သွေးဆောင်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် မုဒိမ်းကျင့်မှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေး ကူညီပေးပါရန် ဒီဇင်ဘာလ ၁၇ ရက်တွင် ရန်ကုန်မြို့ နာနတ်တောလမ်းရှိ Myanmar NGO Network ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲတွင် မိခင်ဖြစ်သူက ပြောကြားခဲ့သည်။ ဗဟန်းမြို့နယ်ရှိ နေအိမ် တစ်အိမ်တွင် ဇူလိုင်အတွင်းက ဖြစ်ပွားခဲ့သည့် အဆိုပါအမှုမှာ ကြန့်ကြာမှု ရှိနေခြင်း ကြောင့် သတင်းစာ [...]

တပ်မတော်သားဟောင်း အဘိုးအို ကာချုပ်ကို တိုင်တည်ပြီး တကိုယ်တော် ဆန္ဒပြ
သားဖြစ်သူမှာ မုဒိမ်းမှုဖြင့် အမှုဆင်ဖမ်းဆီး ထောင်ချခံရသဖြင့် အသက် ၇၁ နှစ်အရွယ် တပ်မတော်သားဟောင်း အဖိုးအို ဦးအောင်မြင့်က တကိုယ်တော် ဆန္ဒပြမှုကို ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ အာဇာနည်ကုန်း အနီးတွင် ပြုလုပ်ခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်ရင်းမှူး၊ တပ်မမှူးတို့ကို တပ်မတော်သားဟောင်း အဘိုးအိုတစ်ဦး၏ ဒုက္ခကို ကယ်တင်ပေးပါရန် ဦးအောင်မြင့်က ပန်ကြားသည်။ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုကာ သက်သေ အထောက်အထား အခိုင်အလုံ မရှိ၊ [...]

မြို့တော်ခန်းမရှေ့တွင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားအဖွဲ့ MDCF အဖွဲ့ဝင် ဦးတင်မောင်ကြည် က ပြောသည်။ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အဖွဲ့ဝင်ဟောင်းများကို အရေးယူရန်၊ စစ်ဗိုလ်ချုပ်များ၊ ခရိုနီများ၏ လက်ဝါးကြီး အုပ်မှုများကြောင့် ကုန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းသိမ်းရန် ကြွေးကြော်ဆန္ဒ ပြခဲ့ကြသည်။ MDCF [...]

ကူညီပါရစေကို အယုံအကြည်ကို မရှိဘူးလို့ လွှတ်တော် ကိုယ်စားလှယ်ပြော
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ကူညီပါရစေကို အယုံအကြည်ကို မရှိဘူးလို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် အဲဒီလို ပြောဆိုလိုက်တာပါ။ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ ကားနဲ့ ပြန်လာချိန်မှာ တက္ကစီ အနက်ရောင် တစ်စီးနဲ့ လူတစ်စုက ကားပေါ်က ဆင်းခိုင်းပြီး ရိုက်နှက် သတ်ဖြတ်ဖို့ [...]

ပွင့်သောပန်းတို့ လန်းစေဖို့
“အသက် ၆ နှစ် ၇ နှစ်ကနေ ၁၅ နှစ်လောက်ထိ ရောက်တဲ့ အချိန်ထိ ညတိုင်း အိပ်ရာထဲမှာ ငိုရတယ်” ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံအတွင်း နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု အခမ်းအနား၏ ဟောပြောပွဲ စင်မြင့်ထက်တွင် အမျိုးသမီးတစ်ဦး တည်ငြိမ်စွာ ရပ်တည်ရင်း ၎င်း၏ ဘဝအတွေ့အကြုံကို ပြန်ပြောင်း ပြောပြနေခြင်း ဖြစ်သည်။ ရာချီနေသော [...]

လုံခြုံ ပြည့်ဝတဲ့ ပြန်လည် စောင့်ရှောက် ကုသမှုတွေ ပေးဖို့လိုနေပါတယ်
မုဒိမ်းမှုများတွင် သားကောင်ဖြစ်ခံရသည့် အသက်အရွယ် အမျိုးမျိုးသော အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု မကြုံတွေ့လျှင်ပင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အမျိုးမျိုးကို ပြင်းပြင်းထန်ထန် ခံစားရလေ့ရှိသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ တစ်ရက်လျှင် မုဒိမ်းမှု ၂ မှုကျနှုန်း ဖြစ်ပွားလျက်ရှိရာ အဆိုပါမုဒိမ်းမှု၏ သားကောင်များ ဖြစ်ရရှာသူများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကုသပေးမှုများတွင် အားနည်းချက်၊ လစ်ဟာချက်များ၊ မလုံလောက်မှုများကို မြင်တွေ့နေရသည့် အခြေအနေနှင့် ပါတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် အချို့၏ သဘောထား [...]

ရွှေလမင်း အထူးကုဆေးရုံ (လမ်းမတော်) တွင် မနာမကျင်ဘဲ သဘာဝအတိုင်း မွေးဖွားနည်းဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး မိတ်ဆက်
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ရွှေလမင်း အထူးကုဆေးရုံ (လမ်းမတော်) တွင် မနာမကျင်ဘဲ သဘာဝအတိုင်း မွေးဖွားနိုင်မည့် သားဖွားခြင်း ကုထုံးကို စတင် ကုသပေးနိုင်တော့မည် ဖြစ်ကြောင်း ရွှေလမင်း အထူးကုဆေးရုံ၏ လူ့စွမ်းအား အရင်းအမြစ် ဒါရိုက်တာ ဒေါက်တာ တင်ထွန်းအောင်က ပြောကြားသည်။ နိုင်ငံတကာတွင် အသုံးတွင်ကျယ်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မရှိသေးသော နာကျင်မှုကို လုံးဝနီးပါး အထိလျော့ချပေးနိုင်မည့် မွေးဖွားနည်း ကုထုံးကို ဒီဇင်ဘာလ လယ်ပိုင်းမှ စတင်ပြီး ကုသပေးနိုင်တော့မည် [...]

အစိုးရသစ် လက်ထက် ၆ လတာအတွင်း လွပ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့် ကျဆင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် လက်ထက် ၆ လတာအတွင်းတွင် လွပ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့် အခြေအနေ သိသိသာသာ ကျဆင်းလာကြောင်း ထုတ်ပြန်ချက် တစ်စောင်ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် Pen Myanmar နှင့် မိတ်ဖက် အဖွဲ့အစည်း ၆ ခု ပူးပေါင်း ထုတ်ပြန်သည်။ “အခု NLD အစိုးရသစ် လက်ထက် လွပ်လပ်စွာ ပြောဆိုခွင့် လျော့သွားတယ်။ ကျသွားတယ်။ ဒါ အစိုးရကို [...]

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် အိတ်ခ်ျအိုင်ဗွီ ကုဆေး (ART) အတွက် ကန်ဒေါ်လာ ၁၅ သန်း သုံးစွဲမည်
၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် အိတ်ခ်ျအိုင်ဗွီ ကုဆေး ဝယ်ယူရန် အတွက် ယမန်နှစ်ထက် သုံးဆ သုံးစွဲ ရန် စီစဉ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ World AIDS အထိမ်းအမှတ် အခမ်းအနားတွင် ပြောခဲ့သည်။ “အအာတီ ဆေးကုသရေးလုပ်ငန်း အတွက် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူ ဖြည့်တင်းရန် အမေရိကန် ဒေါ်လာ ၁၅ သန်းနဲ [...]