လူမှုရေးသတင်း၊ သတင်းမှတ်တမ်းများ

အထည်ချုပ် လုပ်ငန်းများတွင် လူ့အခွင့်အရေးနှင့် အလုပ်သမား အရေးဆိုင်ရာ စံချိန်စံညွှန်းများ နိမ့်ကျနေဆဲဟုဆို
အထည်ချုပ် လုပ်ငန်းများမှ ပေးနိုင်စွမ်းရှိသော အလုပ်အကိုင် အရေအတွက် ပိုမိုများပြား လာသော်လည်း အလုပ်သမား စံနှုန်းများ နိမ့်ကျနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အခြေအနေ အစီရင်ခံစာ အရသိရသည်။ အထည်ချုပ် လုပ်ငန်းတွင် အလုပ်အကိုင် ပေးနိုင်စွမ်းပိုမို များပြားလာသော်လည်း နိုင်ငံတကာမှ အသိအမှတ်ပြု ထားသော လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး စံနှုန်းများထက် ပိုမိုနိမ့်ကျလှသော စံနှုန်းများကိုကျင့် သုံးနေကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။ အနိမ့်ဆုံးကို မြှင့်တင်ပေးခြင်း [...]

ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ ဖဲကြိုးနီ လှုပ်ရှားမှု မြို့ကြီးအချို့နှင့် လွှတ်တော်တွင် ပြုလုပ်
ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ ဖဲကြိုးနီ လှုပ်ရှားမှုကို မြို့ကြီးအချို့နှင့် ပြည်ထောင်စု လွှတ်တော်တို့တွင် ပြုလုပ်ကြောင်း UNAIDS က သတင်းထုတ်ပြန်သည်။ နေပြည်တော် အမျိုးသားလွှတ်တော် အဆောက်အအုံတွင် ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ ဖဲကြိုးနီ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ အမျိုးသား လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ၊ အမျိုးသားလွှတ်တော် ရေးရာကော်မတီ ဥက္ကဌများ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား [...]

အမျိုးသမီးများ နည်းမျိုးစုံနှင့်ခွဲခြားဆက်​ဆံမှု ပ​ပျောက်​​ရေး ဥပ​ဒေအကြမ်း ​ရေးဆွဲပြီး​သော်​လည်း လွှတ်​​တော်​ မတင်​​သေး၍​ မေးခွန်းထုတ်
မြန်​မာနိုင်​ငံတွင်​ အမျိုးသမီးများ နည်းမျိုးစုံနှင့်ခွဲခြားဆက်​ဆံမှု ပ​ပျောက်​​ရေး ဥပ​ဒေတစ်​ခုအား လူမှုဝန်​ထမ်း ကယ်​ဆယ်​​ရေးနှင် ​ပြန်လည်​​နေရာချထား​ရေး ဝန်​ကြီးဌာနမှ​​ ဥပ​ဒေကြမ်းထိ​ ရေးဆွဲပြီး​သော်​လည်း လွှတ်​​တော်​ထဲတွင် ​အတည်​မပြုနိုင်​​သေးသည်​မှာ ​မေးခွန်းထုတ်​စရာ ဖြစ်​​နေ​ကြောင်း ဥပ​ဒေ​ရေးဆွဲ​ရေး ​ကော်​မတီ အကြံ​ပေး တရားလွှတ်​​တော် ​​ရှေ့​နေ ​ဒေါ်လှလှရီက ​ပြောသည်​။ “ဘာ​ကြောင့်​ ခုသက်​ငယ်​မုဒိန်းမှု​တွေ ဖြစ်​​နေတဲ့အချိန်​မှာ အဲ့ဒီဥပ​ဒေကို ဘာ​ကြောင့်​ လွှတ်​​တော်​ထဲမှာ တင်​ပြီး အတည်​မပြု ​သေးဘူး ဆိုတာကို ​​တော်​​တော်​​လေးကို ​မေးခွန်း​မေးစရာ ဖြစ်​ပါတယ်​” [...]

သက်ငယ် မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်၂၀ အပြစ်ပေးနိုင်ကြောင်း အသိပညာပေးရန် ဆုံးဖြတ်
သက်ငယ်မုဒိမ်း ကျူးလွန်သူ ထောင်ဒဏ်နှစ်၂၀ အပြစ်ပေးနိုင်ကြာင်း အသိပညာပေး ရန်ဆုံးဖြတ်ခဲ့ ကြပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွှဲပိုင်းက နေပြည်တော် ဝန်ကြီးရုံး စုပေါင်းခန်းမမှာ ကျင်းပတဲ့ သက်ငယ်မုဒိမ်းမှုများ ဖြေရှင်း ဆောင်ရွက်နိုင်ရေး အစည်းအဝေးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြအေးက အခုလို ပြောကြားလိုက်တာပါ။ သက်ငယ် မုဒိမ်းမှုတွေဟာ ကျေးလက် ဒေသတွေနဲ့ မြို့စွန်နေရာတွေမှာ အများဆုံး [...]

ပြည်တွင်းစစ် ရပ်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု လုပ်မည်
ပြည်တွင်းစစ်ပွဲများ ရပ်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု ပြုလုပ်မည် ဖြစ်ကြောင်း ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်မှ ဦးမြတ်ကျော်က ပြောသည်။ “ပြည်တွင်းစစ်တွေ ရပ်ကြ အလံဖြူထောင်ကြ” ဟု အမည်ပေးထားသည့် ပြည်တွင်းစစ်များ နှစ်ဦး နှစ်ဖက် ချက်ချင်းရပ်ကြရန် အကြမ်းမဖက် လူထုလှုပ်ရှားမှု တစ်ရပ် ပြုလုပ်ဆောင်ရွက်မည် ဖြစ်ပြီး ယင်းလှုပ်ရှားမှုတွင် အဖြူရောင်အစ (သို့) အလံဖြူကို အိမ်များ၊ ဆိုင်များ၊ ကားများ၊ ဆိုက်ကားများ၊ စက်ဘီးများတွင် ချိတ်ဆွဲ [...]

ဆေးရုံ စွမ်းဆောင်ရည် အညွှန်းကိန်းများ သတ်မှတ်ရေးဆွဲမည်
ဆေးရုံ စွမ်းဆောင်ရည် အညွှန်းကိန်းများ သတ်မှတ်ရေးဆွဲရေး အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး လာမည့်နှစ်အတွင်း စတင်နိုင်ဖွယ် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော လူတိုင်း သက်တမ်းစေ့နေနိုင်ရေး၊ လူတိုင်းရောဂါဘယ ကင်းရှင်းရေးနှင့် လူမှုရေးဦးတည်ချက် ဖြစ်သော တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးတို့ကို အကောင်အထည် ဖော်ရာတွင် ဆေးရုံများ၏ စွမ်းဆောင်ရည် အညွှန်းကိန်းများမှာ အလွန်အရေးပါကြောင်း သိရသည်။ လူ့အခွင့်အရေး [...]

သက်ငယ် မုဒိမ်းမှုတွေ မရပ်တန့်နိုင်ဘူးလား
“လိင်အကြမ်းဖက်မှု ပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေး” ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် လာမည့် နိုဝင်ဘာလ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ လိင်အကြမ်းဖက်မှုများ၊ သက်ငယ် မုဒိမ်းမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခြင်းကို မရှု့ဆိတ်သည့် ရန်ကုန်မြို့နေ လူငယ်တစ်စုက စတင်ခဲ့ခြင်းဖြစ်သည်။ “၄ ရက်ကို ၁ မှုလောက် ဖြစ်လာနေတာကို တွေ့ရပါတယ်” ဟု စီစဉ်သူတစ်ဦး ဖြစ်သည့် ကိုတေဇာက ဆိုသည်။ မည်သည့် အဖွဲ့အစည်းကမှ မဟုတ်သလို၊ [...]

စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည် စက်ရုံ အလုပ်သမား သပိတ်​မှ အလုပ်​သမားများ Blacklist ဖြစ်​​နေ
စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည် စက်ရုံ အလုပ်သမား သပိတ်​တွင်​ ပါဝင်​ခဲ့သည့်​ အလုပ်​သမား ၁၇၂ ယောက်​မှာ အလုပ်​ဝင်​၍မရဘဲ နာမည်​မည်းစာရင်း ဖြစ်​​နေ​ကြောင်း အလုပ်​သမား​ခေါင်း​ဆောင်​ ကိုခိုင်​မင်းက ​ပြောသည်​။ “သပိတ်​စစ်​​ကြောင်းထဲမှာ ပါတဲ့ အလုပ်​သမား ၁၇၂ ​ယောက်​ကို အပြင်​ဘက်​မှာ ရပ်​တည်​လို့မရ​အောင်​ လိုက်​ပြီး blacklist စာရင်း​တွေဖြန့်​ထားတယ်​ အလုပ်​သမား​တွေ အလုပ်​ခန့်​ထားရင် ​ဖြုတ်​ပစ်​ဖို့ အလုပ်​လာ​လျှောက်​ရင်​ မခန့်​ဖို့ နောက်​​ဆုံးကန်​ထရိုက်​ လုပ်​ငန်းကအစ မ​ပေးဖို့ ပိတ်​ပင်​တာ​တွေလုပ်​တယ်​” [...]

မြန်မာနိုင်ငံရှိ မျက်စိဝေဒနာရှင် သုံးပုံတစ်ပုံသာ ဆေးကုသနိုင်
မြန်မာနိုင်ငံတွင် ကုသ၍ ရသော မျက်စိ အတွင်းတိမ်ရောဂါ ဝေဒနာ ခံစားရသူမှာ နှစ်စဉ် ၃ သိန်းခွဲခန့် ရှိသော်လည်း ကုသနိုင်မှာ သုံးပုံတစ်ပုံခန့်သာ ကုသနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ထွေးက ပြောသည်။ “မြန်မာနိုင်ငံတွင် ယခုလက်ရှိအားဖြင့် အတွင်းတိမ်ရောဂါ ဖြစ်ပွားနေသူပေါင်းမှာ နှစ်စဉ် ခန့်မှန်းခြေ (၃) သိန်းခွဲခန့်ရှိရာ နှစ်စဉ် ခွဲစိတ်ပေးနိုင်သော အရေအတွက်မှာ (၁) သိန်းကျော်သာ ဖြစ်ရာ ခွဲစိတ် ကုသပေးရန် [...]

ရောဂါထိန်းချုပ်ရေး ဗဟိုဌာန တည်ထောင်ဖို့ စတင်ဆွေးနွေးမှုတွေ ပြုလုပ်
မြန်မာနိုင်ငံမှာ ရောဂါထိန်းချုပ်ရေး ဗဟိုဌာန (Myanmar CDC) တည်ထောင်ပို့ စတင်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြား လိုက်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ အမေရိကန် နိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာန Centers for Disease Control and Prevention (US CDC) [...]