ခေတ်သစ်သင်ပုန်းကြီး၊ သတင်းမှတ်တမ်းများ


ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား။
ထိုအတွေးများ ထုတ်ဖော်မှုဖြင့်
အွန်လိုင်းအသုံးပြုသူအား ရှုံ့ချရန် အရေးကြီး အဆိုတင်သွင်း
ကန့်ကွက်မဲများဖြင့် ဗျင်းလိုက်ကြရာ
အွန်လိုင်းကလူများ ရယ်ပွဲဖွဲ့စရာဖြစ်။
ခုံရုံးအလှည့်မှာဖြင့် လူကို နှံလို့ မဝသေး
ဥပဒေမူကြမ်းအရေးမှာလည်း သမ္မတကို ကလန်
လွှတ်တော်က လက်သံပြောင်ပြ
သူ့ထိလေကာမှ မခံရေးချ မခံ
သည်နှယ်ဆက်နှံလျှင်ဖြင့်
နိုင်ငံသားများအတွက် အကြံခက်သည်မှာ
ပြဿနာဖြစ်လာလျှင်
မည်သူကများ အဆုံးအဖြတ် ပေးနိုင်မှာပါလိမ့်။ [...]


ခေတ်တွေ ဘယ်လိုပြောင်းပြောင်း
စနစ်တွေ ဘယ်လိုပြောင်းပြောင်း
နိုင်ငံပိုင် သတင်းမောင်းခတ်ပုံကဖြင့် ဘယ်မပြောင်း
အကောင်းဆို ဖော်ပြ၊ အဆိုးဆို ပယ်ချ
စုံစမ်းရေးကော်မရှင်က တွေ့ရှိချက်တဲ့
ဘယ့်နှယ်မှ မနေ၊ ဘာအသစ်မှ မသိရ
နိုင်ငံသားများအတွက် သိချင်ဖွယ်ရာများအနက်
မလိုအပ်သည်များကို ဖော်ပြကာ
လိုအပ်သည်များကို ချန်လှပ်ထားသော အစီရင်ခံစာ ဖြစ်နေ [...]


၂ဝ၁၃ ဘိုနှစ်သစ်တော့ ရောက်လာလေပြီ။
မြန်မာနှစ်သစ် မဟုတ်၍ သိကြားမင်းတော့ မဆင်း
သိကြားမင်းများ ဆင်းခဲ့လျှင်
မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်
ကိုင်လာမည်လော မပြောတတ်။
ဖထီးများနှင့် ဖက်လှဲတကင်း
ငြိမ်းချမ်းရေးလမ်းခင်းခိုက်မှာ
ဒူဝါ၊ ဒူကဘာများနှင့် စစ်ပွဲသတင်းက
မလွှဲမရှောင်သာ ဖော်ပြနေကြရဆဲပါတကား။
ကြားပွဲစားတွေက ပြောင်းမသွားသည့်တိုင်
ငြိမ်းချမ်းရေးဈေးက တစ်ပြေးညီမရှိချေပါတကား။ [...]


နှစ်သစ်ကူးကြိုဆိုပွဲကလည်း
မီးကျည်မီးပန်းတွေ ပေါက်ကွဲ
သန်းခေါင်ယံစစ်ပွဲပဲ ဖြစ်လာသလား အောက်မေ့ရ
လွတ်လပ်ပြီဆိုကာ
လမ်းမပေါ် ဆေးရိုးလှန်းသူတွေကို သတိရစရာ
ပြည်ပရောက် မနောဖိနပ်တွေက နိုင်ငံတော်အလံကို ချနင်းတော့
မခံမရပ်နိုင်တွေဖြစ်ကြ
မလုပ်သင့်သော လုပ်ရပ်ဆိုသည့်တိုင်
မနောသွေးတွေ ကျည်ခနေချိန်မှာ
အများစု “တို့ဗမာ”က ဘာများ လုပ်ခဲ့ကြပါလိမ့်
အကယ်ဒမီပွဲ၊ ရံပုံငွေပွဲ၊ နှစ်သစ်ကူးပွဲ၊ ပျော်ပွဲရွှင်ပွဲ
ဟိုပွဲသည်ပွဲ ပွဲမဆလာ
ဆင်နွှဲနေခဲ့ကြသည် မဟုတ်ပါလား [...]


၂ဝ၁၂ ကား ကုန်ဆုံးတော့မည်။
ဒေါင်းလုလင်ကြီးများမှာ
အသက်က ကျောင်းအုပ်အရွယ် ရောက်လာ
အလုပ်မှာ ကျောင်းသားလည်း မဟုတ်တော့ရာ
စာရေးဆရာလိုလို စာဟောဆရာလိုလို
ပန်းချီဆရာလိုလို ကဗျာဆရာလိုလို
ဟိုလိုလို သည်လိုလို လုပ်မနေကြပါနှင့်တော့
နောင် ၃ နှစ်ဆိုလျှင်
ဥပဒေပြုရေးထဲပဲ ဝင်မလား၊ အုပ်ချုပ်ရေးပိုင်းပဲ ပြောင်းမလား
ဒေါင်းပျိုများက သိချင်နေကြ၏။ [...]


ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲများမှာလည်း
ကိုယ်စားပြုရွေးချယ်ခံများကား
ခေတ်ဟောင်းက လူဟောင်းများသာ ဖြစ်နေသတဲ့
အောက်ခြေက အပြောင်းအလဲကို မခံစားရသေးဟု ဆိုနေကြရာ
သင့်သူကို မဖိတ်ခေါ်၊ တော်သူက ခေါင်းရှောင်နှင့်
လျော်သူတွေ နေမြဲစားမြဲဖားမြဲ ဖြစ်သွားလေသလား
သို့တည်းမဟုတ်
အောက်ခြေမှာ မပြောင်းချင်စိတ်များ ရှိနေလေသလား
တွေးစရာ မေးစရာ ဖြစ်
မူမသစ်တသစ်ကို လူညစ်လက် ပြန်အပ်ရန်သာ ဆန္ဒရှိကြလေသလား
နိုင်ငံသားများ၏ သဘော
အံ့သြရပါသည်။ [...]


ရခိုင်ပြည်နယ်အရေးမှာလည်း
ပြည်ပမီဒီယာက လူမျိုးတုံးသတ်ဖြတ်ခြင်းဝေါဟာရကို သုံးလာ
မကြာသေးခင်က ရှင်းလင်းပွဲမှာ ကြားရသည်က
အနှစ်နှစ်ဆယ်အတွင်း ထိုလူမျိုးဦးရေကား
ငါးဆ တက်လာသဖြင့် ဉာဏ်ချင့်ချိန်ကြပါရန်တဲ့
မှန်လိုက်သည့် အဖြေ၊ ပြေလိုက်သည့် စကား
စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအား
အမြန်ဖတ်ချင်လှပါဘိ
တိကျသော အဖြေကို အခြေတည်ကာ
လိုအပ်မည့် ချေပမှုကို ပြုနိုင်ပါစေကြောင်း
နိုင်ငံသားအပေါင်းက ဆန္ဒရှိပါ၏။
ပွင့်လင်းမြင်သာ ဘက်မလိုက်ကြပါလေနှင့်။
မှားလျှင် ဆဲရန် ဝန်မလေးသကဲ့သို့
မှန်လျှင်လည်း လက်ခုပ်သံ တသဲသဲဖြစ်ပေလိမ့်။
တာဝန်ကျေကြပါချိမ့်။ [...]


အပြင်မှာ ရုတ်ရုတ်သဲသဲဆို
အွန်လိုင်းတွေ ကွန်နက်ရှင်နှေး
သည်ချိန်သားကဖြင့် အချိန်မရွေး ဟန်ချက်ညီဆဲ
ကမ္ဘာလုံးဆိုင်ရာ အညံ့ဆုံးအင်တာနက်ကွန်ရက်ဟု
ချီးမြှောက်သူတွေပင် ရှိလာ
သုံးစွဲခ အရာမှာလည်း ချိန်တာဖြစ်လိုက်၊ ပမာဏဖြစ်လိုက်နှင့်
သုံးစွဲသူကို သွေးတိုးစမ်း၊ အငိုက်ဖမ်းရေး ကြိုးစား
မိုဘိုင်းဖုန်းများလည်း ဈေးမကျ
နိုင်ငံသားများ ရလိုက်သည်က
ဈေးချိုသော ဝန်ဆောင်မှုများ မဟုတ်ဘဲ
ဝန်ကြီးမင်းအသစ်သာ ဖြစ်တော့၏။
မအံ့သြနိုင်ပါတော့အံ့။ [...]


အိမ်နီးချင်းပေါက် ဖော်၏ ကျေးဇူးတော်ကြောင့်
သူရို့မောင်မင်းကြီးသားများ
စားခဲ့ရသော ထမင်းတစ်လုတ်အတွက်
ကျေးဇူးကြွေး ဖဲ့ဆပ်ရန် လိုသည်ဟူ၍
ဝန်မင်းက လူထုအား မိန့်ဆို
အငိုမှ မတိတ်သေးသော နိုင်ငံသားထုလည်း
မပြုံးဘဲနှင့် မျက်ရည်ယိုရမတတ်
ကျေးဇူးရှိဒကာတော်ရေမြေ့ရှင်ဆိုသည်ကလည်း
အရပ်ရှစ်မျက်နှာ ပြေးမလွတ်သယောင်
ဖွတ် ထွက်သည်ထိ
ခြတောင်ပို့ဟု မရိပ်မိကြသေးသည့်သူများ
သင်ခန်းစာကြီးကြီး ယူကြကုန်လော့။
အံ့သြကုန် နိုင်ရပါပေ့။ [...]


ဒို့သမ္မတကြီးခမျာ အရေးကြီးပုဂ္ဂိုလ်အား ကြိုရန်
ဖနွမ်းပင်မှ အမီပြန်လာခဲ့ရ
တွေ့အပြီး ဖနွမ်းပင်ပြန်ဖို့အရေးမှာလည်း
ကန်သမ္မတက ဘွဲ့နှင်းသဘင်ခန်းမမှသည်
မင်္ဂလာဒုံလေယာဉ်ပြေးလမ်းဆီ တိုက်ရိုက်သွား
တာ့တာများ ပြပြီး ထွက်ခွာ
ဒို့သမ္မတကို လေယာဉ်ကြုံလေးမျှပင် ခေါ်မသွား
အဘကား ခရီးပန်းသော်လည်း
အထုပ်ထမ်းကာ ဖနွမ်းပင်အရောက် ပြေးရပြန်ချေ၏။
[...]